
Zawgyi







ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ နဖူးပေါက်ပြဲဒဏ်ရာ နှတ်ခမ်းထက် ပေါက်ပြဲဒဏ်ရာ ယာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ ဦးခေါင်းနောက် ပေါက်ပြဲ ဒဏ်ရာ ၄ ချက်တိုနှင့် ပက်လက်အနေထား သေဆုံးသည်ကိုတွေ့ရှိပြီး ၄င်းဘေး သွေးစွန်းနေသော ဆိုင်ကယ် စတီးရှော့ဘား နှစ်ချောင်းအားတွေရှိခဲ့ပြီး ဒဏ်ရာများရရှိပြီးသေဆုံးအောင်ပြုလုပ်သူ မပန်းအိဖြူအား



 

Unicode

ငွေကျပ်တစ်သိန်းတန် နားကွင်းတစ်ရံ ရလိုမူကြောင့် (၉)နှစ်အရွယ်သမီးငယ် တတိယတန်းကျောင်းသူလေးကို… See more

ပဲခူးတိုင်းဒေသကြီးရွှေကျင်မြိုနယ်ပဒဲကောကျေးရွာအုပ်စု ငဖယ်အင်း ကျေးရွာနေ ဒေါ်ညွန့်ကြည် (ဘ)ဦးအေး သည် တအိမ်တည်အတူနေ မြေးဖြစ်သူ (ဘ)ဦးမီးခဲ ၏ သမီးဖြစ်သူ မနော်အေးသန်း(၉)နှစ် နှင့် အတူ မောင်ဇော်သန်းထွေး (၃)နှစ် တို့အား ကွမ်းရွက်နှင့်

မုန့်ဝယ်စားရန်အတွက် ရွာထဲရှိဈေးဆိုင်သို့စေလွတ်ခဲ့ပြီး ညနေ 5: 30 အချိန် မောင်ဇော်ထွေးတဦးတည်းမုန့် ကွမ်းရွက် မနော်အေးသန်း၏ ဖိနပ်တို့အား လက်တွင်ကိုင်လျှက် ငိုယိုကာ ပြန်လည်ရောက်ရှိလာသဖြင့် မေးမြန်းခဲ့ရာ မနော်အေးသန်းအား

တရွာတည်းနေ( ဘ)ဦးမောင်တင်ဝင်း၏သမီး မပန်းအိဖြူ အသက်(၂၈)နှစ် မှ၎င်းအိမ်ပေါ်သိုဆွဲခေါ်သွားကြောင်းပြောပြသိရသဖြင့် ဒေါ်ညွန့်ကြည့် မှ မပန်းအိဖြူ အား သွာရောက်တွေဆုံမေးမြန်းခဲရာ မနော်အေးသန်းအား ခေါ်ဆောင်ထားခြင်းမရှိကြောင်း ငြင်းဆိုသဖြင့်

မောင်ဇော်သန်းအား ဒေါ်ညွန့်ကြည် မှ ထပ်မံမေးမြန်းခဲရာ မပန်အိဖြူ ဆွဲခေါ်သွားကြောင်း ထပ်မံပြောဆိုသဖြင့် ဒေါ်ညွန့်ကြည်မှ ကျေးရွာ အုပ်ချုပ်ရေးမူး ရာအိမ် မူး ဦးကျော်မွှေးထဲသို့သွားရောက် တိုင်တန်းခဲ့ပြီ ဦးကျော်မွှေး နှင့်အတူ

ရွာသားလေးဦးခန့် တိုသည် ၁၈:၀၀ နာရီအချိန် မပန်းအိဖြူ ၏ နေအိမ် သွတ်မိုး ထရံကာ ပျဉ်ခင်း ၃+၃ ပတ်လည် တထပ် သို့သွားရောက်၍ အိမ်ရှင်အားခွင့်တောင်းပြီး နေအိမ်ပေါ်သို တက်ရောက်ရှာဖွေခဲ့ရာ အိမ်နောက်ဖေးခန်းတွင် မနော်အေးသန်း အား

ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ နဖူးပေါက်ပြဲဒဏ်ရာ နှတ်ခမ်းထက် ပေါက်ပြဲဒဏ်ရာ ယာဘက်ဂျိူစောင်း ပေါက်ပြဲဒဏ်ရာ ဦးခေါင်းနောက် ပေါက်ပြဲ ဒဏ်ရာ ၄ ချက်တိုနှင့် ပက်လက်အနေထား သေဆုံးသည်ကိုတွေ့ရှိပြီး ၎င်းဘေး သွေးစွန်းနေသော ဆိုင်ကယ် စတီးရှော့ဘား နှစ်ချောင်းအားတွေရှိခဲ့ပြီး ဒဏ်ရာများရရှိပြီးသေဆုံးအောင်ပြုလုပ်သူ မပန်းအိဖြူအား

ဥပဒေ အရ အရေးယူပေးပါရန် ဒေါ်ညွန့်ကြည်မှ တရားပြုလုပ်၍ တိုင်တန်းမူ့အားဘောကထာ နယ်မြေ ရဲစခန်း မှ အမှုဖွင့်စစ်ဆေးလျှက်ရှိနေကြောင်းသိရပြီးသေဆုံးသူ မနော်အေးသန်း ဝတ်ဆင်ထားသည့်၁၅ ပဲရည်ရွှေအလေးချိန်မမှတ်မိ ကာလတန်ဘိုး ကျပ်တစ်သိန်း ခန့် ရွှေနားကွင်းအား ရလိုမူ့ဖြင့် ကိုယ်ထိလက်ရောက်လွန်ခဲ့ ခြင်းဖြစ်သည်ဟု ပထမစစ်ဆေးချက်အရသိရှိရပါသည် ။

ကျော်မိုး(ရွှေကျင်)+လတ်မင်းထွန်း(ဒုံဇရစ်)

Crd

Leave a Reply

Your email address will not be published.