မြန်မာနိုင်ငံအတွက် အရေးပေါ် ငလျင်သတိပေးချက်…

မြန်မာနိုင်ငံအတွက် အရေးပေါ် ငလျင်သတိပေးချက်

အသိပေးချက် 5.7.2022

မြန်မာနိုင်ငံတောင်ဘက်ပိုင်းက Burma micro plate ပြတ်ရွေ့ဟာ ယခုအချိန်မှာ ending active ဖြစ်နေချိန်ဟု ယူဆရသောကြောင့် မြန်မာနိုင်ငံအတွင်း

အထူးသဖြင့်မြန်မာနိုင်ငံတောင်ပိုင်း မိဘပြည်သူအများနောက်ထပ် ၂၄ နာရီအချိန်အ‌တောအတွင်း သတိရှိကြရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

ဒါက ဒီနေ့ရန်ကုန်မှာ လှုပ်ခတ်သွားတဲ့ ငလျင် သတင်းပါ

ရန်ကုန် လှိုင်မြို့နယ်ကို ဗဟိုပြုပြီး အင်အားရစ်ချက်တာစကေး ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၇ နာရီ ၃၇ မိနစ်အချိန်တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုမှာအင်အားရစ်ချက်တာစကေး ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

ငလျင်တော်တော်လှုပ်သွားတယ်။ တိုက်တွေ အိမ်တွေများ ပြိုကျမတတ် လှုပ်ခတ်သွားပါတယ်။ အိမ်မှာရှိတဲ့သူတွေ တချို့ဆို ခေါင်းမူးနောက်တဲ့အထိဖြစ်သွားခဲ့ပါတယ်ဆိုပြီး ရန်ကုန်မြို့ခံအများစု ငလျင်ကို သိသိသာသာခံစားရကြောင်းပြောဆိုထားပါတယ်။

မိုးဇလထုတ်ပြန်ချက်အရ ယနေ့ ဇူလိုင်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၇ နာရီ၊ ၃၉ မိနစ်၊ ၀၃ စက္ကန့်အချိန်တွင်ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၂ မိုင်ခန့်ကွာဝေးသော ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် ၁ မိုင် ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းထုတ်ပြန်ထားသည်။

ငလျင်လှုပ်မှုကိုသိသိသာသာခံစားခဲ့ရသော မြို့နယ်တွေကတော့ မြောက်ဥက္ကလာ၊မင်္ဂလာဒုံ၊ အင်းစိန်၊တာမွေ၊တောင်ဥက္ကလာ၊ စမ်းချောင်း၊မရမ်းကုန်း၊လှိုင်မြို့နယ်၊သင်္ဃန်းကျွန်း၊မင်္ဂလာတောင်ညွှန့် ၊ မြောက်ဒဂုံ၊တောင်ဒဂုံ အစရှိတဲ့နေရာအများစုက ခံစားသိရှိရတယ်လို့သိရပါတယ်။

Credit

Leave a Reply

Your email address will not be published.