NUG နှင့် AA ဆွေးနွေး

NUG နှင့် AA ဆွေးနွေး

မေလ ၁၆ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ရက္ခိုင်တပ်တော် AA တို့ မေ ၁၆ ရက်က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သည်ဟု NUG ကသတင်းထုတ်ပြန်သည်။

နှစ်နာရီကြာ တွေ့ဆုံမှုတွင် NUG ဘက်မှမဟာမိတ်ဆက်ဆံရေးကော်မတီ၏ တာဝန်ရှိသူများဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကိုမင်းကိုနိုင်နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့တက်ရောက်ခဲ့သည်။

ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ထိုအတူ အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြသည်ဟု NUG က သတင်းထုတ်ပြန်သည်။

credit#

Unicode

မလေ ၁၆ ရကျ





credit#


Leave a Reply

Your email address will not be published.