ကိုယ်ဝန် ၄ လ လွယ်ထားတဲ့ အမျိုးသမီးသူမရဲ့ချစ်သူက တာဝန်မယူဘဲ ကိုယ်ဝန် ဖျက်ချခိုင်းတာကြောင့်

ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စုထဲမှ ကိုယ်ဝန် ၄ လ လွယ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်သူက တာဝန်မယူဘဲ ကိုယ်ဝန် ဖျက်ချခိုင်းတာကြောင့် ကိုယ့်ကို အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။

သူမရဲ့ချစ်သူ မိုင်းနေဝင်းဆိုသူကို ကိုယ်ဝန်ရှိနေကြောင်း ပြောပြခဲ့ပြီး မေလ ၁၉ ရက်မှာ ၎င်းအမျိုးသမီးဟာ မိုင်းနေဝင်းရဲ့ နေအိမ်မှာ

သွားရောက်နေထိုင်ခဲ့ပြီးနောက် အဲဒီညမှာပဲ သူမကို မယူနိုင်ကြောင်းနဲ့ ဓားကိုင်ပြီး ရွာထိပ်ကနေ ဘယ်သူ့ကိုမှမကြောက်ကြောင်း ပြောဆိုခဲ့တာပါ။

ဒါ့အပြင် မိုင်းနေဝင်းဟာ အခြားအမျိုးသမီးတစ်ဦးကို တင်တောင်းထားပြီး ၎င်းရဲ့ မိခင်ကလည်း သူမ (ကြိုးဆွဲချ သေဆုံးသူ)ကို နင့်ကြောင့်မို့လို့ ငါ့သား အခုလိုဖြစ်နေတာဆိုပြီး ပြစ်တင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်မှာ အမျိုးသမီးရဲ့ မိခင်က သူမကို ပြန်လာခေါ်ပြီး နေအိမ်ထဲ နားစေကာ ဈေးဆိုင်သွားပြီးတော့ ပြန်လာစဉ် မနက် ၁၁ နာရီမှာ ကြိုးဆွဲချ သေဆုံးသွားတာပဲ ဖြစ်ပါတယ်။

မိုင်းနေဝင်းကိုတော့ တအာင်းတပ်မတော် (TNLA)က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Credit…

Leave a Reply

Your email address will not be published.