အပြင်မှာ ဈေးတက် ဝယ်ရခက်နေသည့် စက်သုံးဆီ ဇော်မင်းထွန်းထံတွင် လုံလောက် ပိုလျှံနေ

အပြင်မှာ ဈေးတက် ဝယ်ရခက်နေသည့် စက်သုံးဆီ ဇော်မင်းထွန်းထံတွင် လုံလောက် ပိုလျှံနေ

အပြင်မှာ ဈေးတက် ဝယ်ရခက်နေသည့် စက်သုံးဆီ ဇော်မင်းထွန်းထံတွင် လုံလောက် ပိုလျှံနေ

ByD3timesMyanmar

အပြင်မှာ ဈေးတက် ဝယ်ရခက်နေသည့် စက်သုံးဆီ ဇော်မင်းထွန်းထံတွင် လုံလောက် ပိုလျှံနေ

နိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းတွေ အရင်နှစ်တွေကထက် ပိုမြင့်တက်လာခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြည်တွင်းသုံးစွဲဖို့ လုံလောက်တဲ့အပြင် အရန်စက်သုံးဆီတွေကိုပါ သိုလှောင်ထားနိုင်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်း စက်သုံးဆီဈေးတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး 92 တလီတာကို ၂,၃၀၀ ကျပ်ကျော်နဲ့ 95/ပရီမီယံဒီဇယ် စတာတွေက တလီတာကို ၂,၅၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စက်သုံးဆီ ပြည်တွင်းသုံးစွဲဖို့ ဖူလုံတဲ့အခြေအနေကို ရောက်နေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“ပြည်တွင်းကို စက်သုံးဆီတင်သွင်းမှုတွေ စနစ်တကျ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး စက်သုံးဆီဖြန့်ဖြူးမှု ကွင်းဆက်တခုလုံး ဟန်ချက်ညီ ထိန်းချုပ်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ ယာယီအားဖြင့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတာ ဖြစ်နိုင်ပေမဲ့ ဒီလိုအခက်အခဲတွေ လျော့ပါးဖို့အတွက် ကုမ္ပဏီတွေနဲ့ လက်လီဆိုင်တွေကြားမှာ အခက်အခဲ‌‌တွေ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်နေတာဟာ အဓိကအားဖြင့် ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်နေတာကြောင့်သာ ဖြစ်တယ်လို့ ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေမှာလည်း စက်သုံးဆီဈေးတွေ အလားတူ မြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးတွေကတော့ လတ်တလော အနည်းငယ်ပြန်ကျလာခဲ့ပြီး 92 တလီတာကို ၂,၂၀၀ ကျော်၊ 95 နဲ့ ပရီမီယံဒီဇယ် တလီတာ ၂,၅၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။

စက်သုံးဆီတွေလုံလောက်ပိုလျှံနေတယ်လို့ စစ်ကောင်စီကပြောနေပေမဲ့ မန္တလေးမှာတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေက လက်လီအရောင်းဆိုင်တွေကို အလျင်မှီအောင် ပြန်လည်ရောင်းချပေးနိုင်မှုမရှိလို့ ဆိုင်တွေ ပိတ်ရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့ မန္တလေးအခြေစိုက် အသေးစားနဲ့ အလတ်စား စက်သုံးဆီ ပန့်အရောင်းဆိုင်တွေက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မန္တလေး စက်သုံးဆီ ပန့်အရောင်းဆိုင်တွေမှာ ဓာတ်ဆီ ၉၅ အမျိုးအစားက ရောင်းစရာ မရှိတော့သလို ဓာတ်ဆီ ၉၂ နဲ့ ဒီဇယ်လည်း ပြတ်သလောက် ရှိနေပြီလို့ စက်သုံးဆီပန့် အရောင်းဆိုင် အရောင်းဆိုင်တွေထံက သိရပါတယ်။source-DVB

အျပင္မွာ ေဈးတက္ ဝယ္ရခက္ေနသည့္ စက္သုံးဆီ ေဇာ္မင္းထြန္းထံတြင္ လုံေလာက္ ပိုလွ်ံေန

ByD3timesMyanmar

အျပင္မွာ ေဈးတက္ ဝယ္ရခက္ေနသည့္ စက္သုံးဆီ ေဇာ္မင္းထြန္းထံတြင္ လုံေလာက္ ပိုလွ်ံေန

ႏိုင္ငံအတြင္း စက္သုံးဆီေဈးႏႈန္းေတြ အရင္ႏွစ္ေတြကထက္ ပိုျမင့္တက္လာခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ျပည္တြင္းသုံးစြဲဖို႔ လုံေလာက္တဲ့အျပင္ အရန္စက္သုံးဆီေတြကိုပါ သိုေလွာင္ထားႏိုင္တယ္လို႔ စစ္ေကာင္စီ ျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ဇြန္လအတြင္း စက္သုံးဆီေဈးေတြ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး 92 တလီတာကို ၂,၃၀၀ က်ပ္ေက်ာ္နဲ႔ 95/ပရီမီယံဒီဇယ္ စတာေတြက တလီတာကို ၂,၅၀၀ က်ပ္ေက်ာ္အထိ ျမင့္တက္ခဲ့တာပါ။

ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ စက္သုံးဆီ ျပည္တြင္းသုံးစြဲဖို႔ ဖူလုံတဲ့အေျခအေနကို ေရာက္ေနၿပီလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဇူလိုင္ ၁ ရက္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာပါတယ္။

“ျပည္တြင္းကို စက္သုံးဆီတင္သြင္းမႈေတြ စနစ္တက် စိစစ္ခြင့္ျပဳေပးလ်က္ရွိၿပီး စက္သုံးဆီျဖန႔္ျဖဴးမႈ ကြင္းဆက္တခုလုံး ဟန္ခ်က္ညီ ထိန္းခ်ဳပ္ေဆာင္႐ြက္ေနတာ ျဖစ္တဲ့အတြက္ တခ်ိဳ႕ေနရာေတြမွာ ယာယီအားျဖင့္ ဝယ္လိုအားနဲ႔ ေရာင္းလိုအား မမွ်တတာ ျဖစ္ႏိုင္ေပမဲ့ ဒီလိုအခက္အခဲေတြ ေလ်ာ့ပါးဖို႔အတြက္ ကုမၸဏီေတြနဲ႔ လက္လီဆိုင္ေတြၾကားမွာ အခက္အခဲ‌‌ေတြ ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အခ်ိန္နဲ႔တေျပးညီ ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္”လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ျပည္တြင္းစက္သုံးဆီေဈး ျမင့္တက္ေနတာဟာ အဓိကအားျဖင့္ ကမာၻ႔စက္သုံးဆီေဈး ျမင့္တက္ေနတာေၾကာင့္သာ ျဖစ္တယ္လို႔ ဆိုၿပီး အိမ္နီးခ်င္းႏိုင္ငံေတြမွာလည္း စက္သုံးဆီေဈးေတြ အလားတူ ျမင့္တက္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

ျပည္တြင္းစက္သုံးဆီေဈးေတြကေတာ့ လတ္တေလာ အနည္းငယ္ျပန္က်လာခဲ့ၿပီး 92 တလီတာကို ၂,၂၀၀ ေက်ာ္၊ 95 နဲ႔ ပရီမီယံဒီဇယ္ တလီတာ ၂,၅၀၀ ဝန္းက်င္အထိ ရွိေနတယ္လို႔ သိရပါတယ္။

စက္သုံးဆီေတြလုံေလာက္ပိုလွ်ံေနတယ္လို႔ စစ္ေကာင္စီကေျပာေနေပမဲ့ မႏၲေလးမွာေတာ့ စက္သုံးဆီတင္သြင္းတဲ့ ကုမၸဏီႀကီးေတြက လက္လီအေရာင္းဆိုင္ေတြကို အလ်င္မွီေအာင္ ျပန္လည္ေရာင္းခ်ေပးႏိုင္မႈမရွိလို႔ ဆိုင္ေတြ ပိတ္ရေတာ့မယ့္ အေျခအေန ျဖစ္ေနၿပီလို႔ မႏၲေလးအေျခစိုက္ အေသးစားနဲ႔ အလတ္စား စက္သုံးဆီ ပန႔္အေရာင္းဆိုင္ေတြက ဒီဗြီဘီကို ေျပာပါတယ္။

လက္ရွိ မႏၲေလး စက္သုံးဆီ ပန႔္အေရာင္းဆိုင္ေတြမွာ ဓာတ္ဆီ ၉၅ အမ်ိဳးအစားက ေရာင္းစရာ မရွိေတာ့သလို ဓာတ္ဆီ ၉၂ နဲ႔ ဒီဇယ္လည္း ျပတ္သေလာက္ ရွိေနၿပီလို႔ စက္သုံးဆီပန႔္ အေရာင္းဆိုင္ အေရာင္းဆိုင္ေတြထံက သိရပါတယ္။source-DVB

SHARE


Leave a Reply

Your email address will not be published.