လေဖြန်းရောဂါဖြင့် အိပ်ယာထက်လဲှနေသည့် ဇနီးအား ခင်ပွန်းဖြစ်သူက အိမ်အပြင်မှ ပြန်လာချိန်… See more
လေဖြန်းရောဂါဖြင့် အိပ်ယာထက်လဲှနေသည့် ဇနီးအား ခင်ပွန်းဖြစ်သူက အိမ်အပြင်မှ ပြန်လာချိန်… See more
Zawgyi
လေဖြန်းရောဂါဖြင့် အိပ်ယာထက်လှဲနေသည့် ဇနီးအား ခင်ပွန်းဖြစ်သူက အိမ်အပြင်မှ ပြန်လာချိန်… See more
Unicode
လေဖြန်းရောဂါဖြင့် အိပ်ယာထက်လဲှနေသည့် ဇနီးအား ခင်ပွန်းဖြစ်သူက အိမ်အပြင်မှ ပြန်လာချိန်… See more
ခင်ပွန်းဖြစ်သူ က ဇနီးအားရဲဒင်းဖြင့်ခုတ်သတ်ခြင်းကို ၎င်းတို့၏သားဖြစ်သူကအမှုဖွင့်တိုင်တန်းမှု နတ်တလင်းမြို့နယ်၌ ဖြစ်ပွားကြောင်း သ တ င်းရရှိသည်။ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကျောက်ဆွယ်ကျေးရွာ၌
ယမန်နေ့ ည ၆ နာရီခွဲတွင် ကိုမောင်ဇော်သည် မင်္ဂ လာဆောင်ပွဲ၌ရှိနေစဉ် ၎င်း၏ ၉ နှစ်အရွယ်သားဖြစ်သူရောက်ရှိလာပြီး “အမေကြီးအိမ်ပေါ်ကနေလိမ့်ကျလို့သေပြီဆိုပြီးအဖေကြီးကပြောခိုင်းလိုက်တယ်” ဟုပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကိုမောင်ဇော်သည် မိဘများနေအိမ်သို့လိုက်သွားခဲ့ရာ အခင်းဖြစ်နေအိမ်သို့မရောက်မီ ကျေးရွာလမ်းပေါ်၌ ဖခင်ဦးတင်လှ၊ (၆၇)နှစ်မှာအရက်မူးကာပက်လက်လှန်၍ငိုနေသည်ကိုတွေ့သဖြင့် ချော့မော့တွဲခေါ်ကာနေအိမ်ပေါ်သို့ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် နေအိမ်သို့ရောက်ရှိရာ မိခင်ဖြစ်သူ ဒေါ်ကောက်တေး(၆၇)နှစ်မှာ အိပ်ယာကုတင်(၁)ပေခွဲ အမြင့်ထက်မှဇောက်ထိုးတွဲလောင်းကျနေသည်ကိုတွေ့ရှိသဖြင့် သွားရောက်ပွေ့ချီပြီးအိပ်ယာထက်သို့ တင်ပေးခဲ့သည်။
သို့ရာတွင် မိခင်ဒေါ်ကောက်တေး၌ဦးခေါင်းနော က်စေ့ပေါက်ပြဲဒဏ်ရာ ၃ ချက်တို့ဖြင့် စက ားမပြောနိုင်တော့ဘဲ ခဏအကြာတွင် သားဖြစ်သူ(တရားလို)ကိုမောင်ဇော်၏လက်ပေါ်၌ သေဆုံးသွားခဲ့သည်။
“ပြစ်မှုကျူးလွန်သူဦးတင်လှဆိုသူကတော့ အရင်တုန်းကတည်းကလူသတ်မှုတွေနဲ့ ပြစ်ချက်ဟေ ာင်းရှိခဲ့ဖူးသူလည်း ဖြစ်တယ်ဗျ။လက်ရှိသေဆုံးသူဇနီးကလည်းနာတာရှည်ရောဂါကြောင့်အ စစအရာရာသူပဲလုပ်ကိုင်ပေးရတာပေါ့။
အဲဒါကိုအရက်မူးလာတဲ့အခါတိုင်း ညည်းနေပြီးအခင်းဖြစ်တဲ့နေ့မှာတော့ ရဲဒင်းနဲ့ခုတ်သတ်လိုက်တာပေါ့။ သူ့သားကိုယ်တိုင်ပဲ တရားလိုပြုလုပ်အမှုဖွင့်တယ်။သားသမီးတွေလည်းရှိတယ်၊ အိ မ်ထောင်ကွဲသွားကြပြီ။မြေးတွေလည်းရှိတယ်” ဟု တောညိုရဲကင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှုနှင့်ပတ်သက်၍ တင်လှ(၆၇)နှစ်ကိုနတ်တ လင်းမြို့နယ်၊ တောင်ညိုရဲကင်းစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
Crd
Leave a Reply
Your email address will not be published.