ကက္ဥေတာင္မေၾကာ္တက္ဘူးဂုဏ္ယူၿပီးေျပာေနတဲ့ မိန္းမဖ်င္းေတြအတြက္

ကက္ဥေတာင္မေၾကာ္တက္ဘူးဂုဏ္ယူၿပီးေျပာေနတဲ့ မိန္းမဖ်င္းေတြအတြက္

လူထုေဒၚအမာ ၏ … သေဘာက်ေသာ အမွာစကားမိန္းမဆိုတာထမင္းဟင္း ခ်က္တတ္ရမယ္။

ဒါဟာ အမ်ိဳးသမီးျဖစ္လို႔ မဟုတ္ဘူး။ေယာက်ၤားနဲ႔ ကေလးေတြကိုခ်က္ေကြၽးဖို႔ မဟုတ္ဘူး။

လူတစ္ေယာက္အေနနဲ႔ ေလာကမွာအသက္ရွင္ ေနထိုင္ဖို႔ တစ္ေယာက္တည္း ေနလည္း လုပ္ကို လုပ္တတ္ရမယ့္ အရာျဖစ္လို႔ပါ…

မိန္းမဆိုတာ …ကိုယ့္ကိုယ္ ကိုယ္ တန္ဖိုးထား တတ္ရမယ္။လင္ေကာင္းသားေကာင္းရဖို႔ မဟုတ္ဘူး။

ကိုယ့္ဘဝ၊ ကိုယ့္ ခံယူခ်က္နဲ႔ကိုယ့္ ယုံၾကည္ခ်က္ ရွိရွိဂုဏ္ယူစြာ ရပ္တည္ႏိုင္ဖို႔ပါ…

မိန္းမဆိုတာ …အသက္ေမြးဝမ္းေၾကာင္း ပညာတစ္ခုခု တတ္ကို တတ္ထားရမယ္လင္ေယာက်ၤားကို ရွာေကြၽးဖို႔ မဟုတ္ဘူး။

မည္သူ တစ္ဦးတစ္ေယာက္ကို မွ ဘဝတစ္ခုလုံး ပုံအပ္ၿပီး ေလာက အလယ္မွာ အားငယ္စြာ မေနထိုင္ရ ဖို႔ပါ…

မိန္းမဆိုတာ …အိမ္မႈ႕ကိစၥ ေကာင္းစြာစီစဥ္ ကိုင္တြယ္ ႏိုင္ရမယ္။ေယာကၡမနဲ႔ ေယာက်ၤားခိုင္းတာလုပ္ႏိုင္ဖို႔ မဟုတ္ဘူး။

ကိုယ္ေနထိုင္တဲ့ အိမ္ကိုေတာင္ အစီစဥ္တက် သန္႔ရွင္း သပ္ရပ္စြာမထားႏိုင္ဘဲနဲ႔ မိမိ ပတ္ဝန္းက်င္၊မိမိအလုပ္၊

မိမိ လူမ်ိဳး တိုးတက္ ေျပာင္းလဲ ဖို႔ေကာင္းစြာ အစီစဥ္ တက် လုပ္ႏိုင္စြမ္း ရွိမွာ မဟုတ္ လို႔ပါ…

မိန္းမဆိုတာ …လွပစြာ ျပင္ဆင္ ဝတ္စား တတ္ရမယ္။ကိုယ္ဟာ လွပစြာ တည္ရွိ ေနတယ္ ဆိုတဲ့ စိတ္ဟာ ကိုယ့္ကို ယုံၾကည္ခ်က္အမ်ားႀကီး ေပးႏိုင္ လို႔ပါ…

မိန္းမဆိုတာ …မနက္ေစာေစာ ထရမယ္။ကိုယ့္ ရည္မွန္းခ်က္ ေတြဆီျမန္ျမန္ေရာက္ ႏိုင္ေအာင္အလုပ္ေတြ ပိုမို ၿပီးေျမာက္ေအာင္ရထားတဲ့ အခ်ိန္ကေလး ကို လုံေလာက္စြာ အသုံးခ် ႏိုင္ဖို႔ပါ…

မိန္းမဆိုတာ …အလႉအတန္း ရက္ေရာရမယ္။ေယာက်ၤားလႉ သမွ်ကိုပါရမီ လိုက္ျဖည့္ေနဖို႔ မဟုတ္ဘူး

ဘာကိုမွ ေမွ်ာ္လင့္ခ်က္ မရွိဘဲ လြတ္လပ္စြာ လႉတန္းရျခင္းဟာႀကီးမားတဲ့ မြန္ျမတ္ျခင္း တစ္ခုျဖစ္ေနလို႔ပါ…

ဒါေတြ အားလုံးကိုေယာက်ၤား တစ္ေယာက္ကလည္းေကာင္းမြန္စြာ တတ္ေျမာက္ထားရ ပါမယ္။ေယာက်ၤားမို႔ ၊ မိန္းမမို႔ မဟုတ္ဘူး…လူတစ္ေယာက္ ျဖစ္ေန လို႔ပါ။

ေန႔ စဥ္ လုပ္ေနတဲ့ အရာ ေတြကအေၾကာင္းအရာျခင္း တူရင္ေတာင္ရည္႐ြယ္ခ်က္ နဲ႔ ခံယူခ်က္ မတူရင္ ဘဝ တန္ဖိုးကလည္း တူမွာ မဟုတ္ဘူး…

တစ္ဖက္ ေစာင္းနင္းတဲ့ အေတြးအေခၚ မ်ိဳးကလူ႔ ပတ္ဝန္းက်င္ကို အက်ိဳးမျပဳ ေစဘူး။

ကိုယ့္ကို ေလာင္ၿမိဳက္ေနတဲ့ အရာ တစ္ခုကို သူမ်ားလည္း ေလာင္ၿမိဳက္ ပါေစ ဆိုၿပီး ျဖန္႔ေဝ ေနျခင္းက ႀကီးစြာေသာအကုသိုလ္ ျဖစ္ေစ ပါတယ္…

“လူ”ဆိုတာ …တဏွာတစ္ခုတည္းအတြက္ရွင္သန္ေနတာမဟုတ္ဘူး…ကိုယ္ ရွင္သန္ ေနတဲ့ ဘဝရဲ႕ တန္ဖိုးနဲ႔ ရပ္တည္ ခ်က္ေတြကိုေကာင္းေကာင္း နားလည္ ေစခ်င္ မိတယ္…

#လူထုေဒၚအမာ ႀကိဳက္ႏွစ္သက္၍ ကူးယူေဖၚျပပါသည္။

မူရင္းေရးသားသူကို credit ေပးပါသည္။

unicode

ကြက်ဥတောင်မကြော်တက်ဘူးဂုဏ်ယူပြီးပြောနေတဲ့ မိန်းမဖျင်းတွေအတွက်

လူထုဒေါ်အမာ ၏ … သဘောကျသော အမှာစကားမိန်းမဆိုတာထမင်းဟင်း ချက်တတ်ရမယ်

ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး။ယောင်္ကျားနဲ့ ကလေးတွေကိုချက်ကျွေးဖို့ မဟုတ်ဘူး။

လူတစ်ယောက်အနေနဲ့ လောကမှာအသက်ရှင် နေထိုင်ဖို့ တစ်ယောက်တည်း နေလည်း လုပ်ကို လုပ်တတ်ရမယ့် အရာဖြစ်လို့ပါ…

မိန်းမဆိုတာ …ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထား တတ်ရမယ်။လင်ကောင်းသားကောင်းရဖို့ မဟုတ်ဘူး။

ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့ကိုယ့် ယုံကြည်ချက် ရှိရှိဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ…

မိန်းမဆိုတာ …အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခု တတ်ကို တတ်ထားရမယ်လင်ယောင်္ကျားကို ရှာကျွေးဖို့ မဟုတ်ဘူး။

မည်သူ တစ်ဦးတစ်ယောက်ကို မှ ဘဝတစ်ခုလုံး ပုံအပ်ပြီး လောက အလယ်မှာ အားငယ်စွာ မနေထိုင်ရ ဖို့ပါ…

မိန်းမဆိုတာ …အိမ်မှု့ကိစ္စ ကောင်းစွာစီစဉ် ကိုင်တွယ် နိုင်ရမယ်။ယောက္ခမနဲ့ ယောင်္ကျားခိုင်းတာလုပ်နိုင်ဖို့ မဟုတ်ဘူး။

ကိုယ်နေထိုင်တဲ့ အိမ်ကိုတောင် အစီစဉ်တကျ သန့်ရှင်း သပ်ရပ်စွာမထားနိုင်ဘဲနဲ့ မိမိ ပတ်ဝန်းကျင်၊မိမိအလုပ်၊

မိ လူမျိုး တိုးတက် ပြောင်းလဲ ဖို့ကောင်းစွာ အစီစဉ် တကျ လုပ်နိုင်စွမ်း ရှိမှာ မဟုတ် လို့ပါ…

မိန်းမဆိုတာ …လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။ကိုယ်ဟာ လှပစွာ တည်ရှိ နေတယ် ဆိုတဲ့ စိတ်ဟာ ကိုယ့်ကို ယုံကြည်ချက်အများကြီး ပေးနိုင် လို့ပါ…

မိန်းမဆိုတာ …မနက်စောစော ထရမယ်။ကိုယ့် ရည်မှန်းချက် တွေဆီမြန်မြန်ရောက် နိုင်အောင်အလုပ်တွေ ပိုမို ပြီးမြောက်အောင်ရထားတဲ့ အချိန်ကလေး ကို လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ…

မိန်းမဆိုတာ …အလှူအတန်း ရက်ရောရမယ်။ယောင်္ကျားလှူ သမျှကိုပါရမီ လိုက်ဖြည့်နေဖို့ မဟုတ်ဘူး။

ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ လွတ်လပ်စွာ လှူတန်းရခြင်းဟာကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခုဖြစ်နေလို့ပါ…

ဒါတွေ အားလုံးကိုယောင်္ကျား တစ်ယောက်ကလည်းကောင်းမွန်စွာ တတ်မြောက်ထားရ ပါမယ်။ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး…လူတစ်ယောက် ဖြစ်နေ လို့ပါ။

နေ့ စဉ် လုပ်နေတဲ့ အရာ တွေကအကြောင်းအရာခြင်း တူရင်တောင်ရည်ရွယ်ချက် နဲ့ ခံယူချက် မတူရင် ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး…

တစ်ဖက် စောင်းနင်းတဲ့ အတွေးအခေါ် မျိုးကလူ့ ပတ်ဝန်းကျင်ကို အကျိုးမပြု စေဘူး။

ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို သူများလည်း လောင်မြိုက် ပါစေ ဆိုပြီး ဖြန့်ဝေ နေခြင်းက ကြီးစွာသောအကုသိုလ် ဖြစ်စေ ပါတယ်…

“လူ”ဆိုတာ …တဏှာတစ်ခုတည်းအတွက်ရှင်သန်နေတာမဟုတ်ဘူး…ကိုယ် ရှင်သန် နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့ ရပ်တည် ချက်တွေကိုကောင်းကောင်း နားလည် စေချင် မိတယ်…

#လူထုဒေါ်အမာ ကြိုက်နှစ်သက်၍ ကူးယူဖေါ်ပြပါသည်။

မူရင်းရေးသားသူကို credit ပေးပါသည်။

Leave a Reply

Your email address will not be published.