လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ အတြဲ အေၾကာင္းကို စပ္စုလိုက္ေသာအခါ….

လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ အတြဲ အေၾကာင္းကို စပ္စု လိုက္တာ အဖြဲ႕ေတြ မွ အမ်ိဳးမ်ိဳး ကြဲ ေန ၾက တာသတိထားမိတယ္ ။

၁။ ဒီအရြယ္ေရာက္တာေတာင္ လင္စိတ္သားစိတ္ မကုန္ေသးဘူးလားဆိုတ႔ဲအဖြဲ႕ရယ္ ။

၂။ ငါတို့မ်ားေတာ့ ရွိတဲ့ဟာေတာင္ ျပန္အမ္းခ်င္ေနတာ ဆိုတဲ့ လင္ စိတ္ သားစိတ္ ကုန္ခမ္းေနသူေတြက တစ္ဖြဲ႕ရယ္ ။

၃။ ဒီအရြယ္ကို ဟယ္ ဘုရား တရားနဲ႔ ေနရမွာ ဆိုတ႔ဲ ဘုရားဒကာတစ္ဖြဲ႕ရယ္ ။

၄။ အဖြားႀကီးက ခ်မ္းသာလို့ အပိုင္ႀကံတာ တစ္ေန႔ ဒုကၡ နဲ႔ လွလွေတြ႕ေတာ့မွာပဲ ဆိုၿပီး အနာဂါတ္ အၾကားျမင္ ဆရာျကီးေတြက တစ္ဖြဲ႕ရယ္။

၅။ ေၾသာ္ ဖူးစာ ဆိုတာ ဆန္းၾကယ္ပါလားေနာ္ •••ကံေကာင္းပါေစလို့ပဲ ဆုေတာင္းေပးပါတယ္ ဆိုတဲ့ ကံ ယုံၿပီး ဆုေတာင္း တတ္ၾကသူေတြက တစ္ဖြဲ႕ ။

၆။ ဟဲ့ သူ႔လယ္ကြက္ နဲ႔ သူ ယူတာ နင္တို့ လယ္ကြက္ ငွားၿပီး ယူမိလို့လားအျပစ္တင္ေနၾကတာလား ဆိုတဲ့ ေျမစာရင္း ႒ာနက တစ္ဖြဲ႕ ။

၇။ ဒီအရြယ္ နဲ႔ မသင့္ မေတာ္ အကုန္အက်ခံၿပီး ေထာက္ပံ့ လင္ယူရမဲ့ အစား ဘိုးဘြားရိပ္သာတို့ ပရဟိတတို့ ဓမၼရိပ္သာတို့ လွူတန္း ေပးကမ္းရင္း ေနသြားပါလား ဆိုတဲ့ ဝိသာခါအဖြဲ႕က တစ္ဖြဲ႕ ။

၈။ ဟာ!!!! နံနံေရးက မေကာင္းတဲ့ၾကား ဒီအဖြားႀကီး ဂယက္ ထေနတာ စိတ္ကုန္ပါ့ ဆိုတဲ့ မ်ိဳးခ်စ္ အဖြဲ႕က တစ္ဖြဲ႕ ။

၉။ ဘယ္သူ ဘာေျပာေျပာ အရြယ္နဲ႔မလိုက္ ႏုဖတ္ေနတာပဲ ေရွ႕သြား ေနာက္လိုက္ ညီတယ္ ေျပာတာေတြ ဂ႐ုမစိုက္နဲ႔ ဆိုတဲ့ အေျမႇာက္အပင့္ ေကာင္းတဲ့ မိုးပ်ံ ပူေဖာင္းအဖြဲ႕က တစ္ဖြဲ႕ ။

၁၀။ လူေတြမ်ား ခက္တယ္ေနာ္ သူမ်ား လင္ငယ္ငယ္ေလးရတာကို မုဒိတာ မပြားနိုင္ပဲ အားအား ယားယား မနာလိုၿပီး ဝိုင္း အာေနလိုက္ၾကတာေနာ္ ဆိုတဲ့ ျဖဴစင္ေမတၱာ အဖြဲ႕က တစ္ဖြဲ႕ ။

၁၁။ ဟဲ့ ဟဲ့ ကြန္ဒိုတစ္လုံး အိမ္ၿခံေျမ ( ၅ )လုံး အစုရွယ္ယာ ထည့္ထားတဲ့ ကုမၸဏီေတြကလဲ အမ်ားႀကီး တြက္ၾကည့္ရင္ •••အမယ္ေလး ငါေတာင္ရရင္ လိုခ်င္ေသး ဆိုတဲ့ စာရင္းစစ္ အဖြဲ႕က တစ္ဖြဲ႕ ။

၁၂။ ဒီေလာက္ ခ်မ္းသာတာ လင္ငယ္ငယ္ေလး ယူၿပီး ဟိုက မၿငိမ္ေတာ့မွ ကိုယ့္အဆံနဲ႔ ကိုယ္ ဒူး နဲ႔ မ်က္ရည္သုတ္ အသက္ တိုမယ္ ဆိုတဲ့ လဝက အဖြဲ႕က တစ္ဖြဲ႕ ။

၁၃။ ေျပာမရဘူး အဖြားႀကီးက ခ်မ္းသာေတာ့ ရွိတာေတြ အကုန္ သမ ခ်သြားမွ ဒုကၡ ဆိုတဲ့ စ ၃ လုံး အဖြဲ႕က တစ္ဖြဲ႕ ။

၁၄။ ယူတာက ယူပါ မေျပာပါဘူး ခုက တစ္ေတာ့ ေဆာ့ၿပီး တင္ တင္ေနတာ ေသာက္လုံးေတြလဲ ေနာက္လွပါၿပီဟယ္ ဆိုတဲ့ ေသာက္လုံး ေနာက္တဲ့ ၾကားက သြား သြား ၾကည့္ၿပီး မန္႔ေနတဲ့ ေသာက္လုံးေနာက္ အဖြဲ႕က တစ္ဖြဲ႕ ။

၁၅။ အို ••• ဘာျဖစ္ျဖစ္ သူေတာင္ ၇၀ နဲ႔ ၂၇ ကို ရေသးတာ ဘဝမွာ ပိုက္ဆံရွိရင္ ဘာမဆို အကုန္ရတယ္ ေငြရွာဖို့က အဓိက ဆိုတဲ့ အီေကာေနာမစ္ ေဂၚမစြံေတြက တစ္ဖြဲ႕ ။

၁၆။ တို့က ခုမွ ၅၀ ေက်ာ္ ၆၀ ေက်ာ္ပဲ ရွိေသး တာ သူငယ္ေလး တစ္ေယာက္ေတာ့ အသာေလး ေကာက္ယူ ျပနိုင္ေသးတယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္ အႀကီးႀကီးနဲ႔ စိတ္ကူးယဥ္တဲ့ အဖြဲ႕က တစ္ဖြဲ႕ ။

၁၇။ သူမ်ားေတြမ်ား ၇၀ ေက်ာ္ကို ကားတင္ ခိုးေျပး ခံရတယ္တဲ့ ငါတို့မ်ား မွာေတာ့ လာခိုးမဲ့ ကား ဆိုလို့ အမွိုက္ကား နဲ႔ ဆိုက္ကား ေတာင္ မရွိပါလား ဆိုၿပီး depression ေတြ အရမ္း ဝင္ေနတာက တစ္ဖြဲ႕ ။

၁၈။ ဒီၾကားထဲ ဘယ္သူ ဘာေျပာေျပာ ရိုးသား ႀကိဳးစား ဧရာဝတီတိုင္းသား တို့ဖြားဖြား ဆိုၿပီး အတင္း ဂုဏ္ဆာျပေနတဲ့အဖြဲက တစ္ဖြဲ႕။နင္ကလည္း ဘယ္အဖြဲ႕ကလည္း ❓လာ မေမးနဲ႔ေနာ္ •••

၁၉ ။ သူမ်ားေတြ ေရးတာ ေျပာတာ ဗဟုသုတ အျဖစ္ လိုက္ဖတ္ လိုက္မွတ္ၿပီး စုစည္း တင္ျပတဲ့ ဗဟုသုတ ရွာမွီးတဲ့ အဖြဲ႕ထဲကပါ ။ 😊 😊 😊 😊 😊

မယဥ္ယဥ္ ( ဝါးခယ္မ)

unicode

လိုင်းပေါ်မှာ လူပြောများနေတဲ့ အတွဲ အကြောင်းကို စပ်စု လိုက်တာ အဖွဲ့တွေ မှ အမျိုးမျိုး ကွဲ နေ ကြ တာသတိထားမိတယ် ။

၁။ ဒီအရွယ်ရောက်တာတောင် လင်စိတ်သားစိတ် မကုန်သေးဘူးလားဆိုတဲ့အဖွဲ့ရယ် ။

၂။ ငါတို့များတော့ ရှိတဲ့ဟာတောင် ပြန်အမ်းချင်နေတာ ဆိုတဲ့ လင် စိတ် သားစိတ် ကုန်ခမ်းနေသူတွေက တစ်ဖွဲ့ရယ် ။

၃။ ဒီအရွယ်ကို ဟယ် ဘုရား တရားနဲ့ နေရမှာ ဆိုတဲ့ ဘုရားဒကာတစ်ဖွဲ့ရယ် ။

၄။ အဖွားကြီးက ချမ်းသာလို့ အပိုင်ကြံတာ တစ်နေ့ ဒုက္ခ နဲ့ လှလှတွေ့တော့မှာပဲ ဆိုပြီး အနာဂါတ် အကြားမြင် ဆရာကြီးတွေက တစ်ဖွဲ့ရယ်။

၅။ သြော် ဖူးစာ ဆိုတာ ဆန်းကြယ်ပါလားနော် •••ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ် ဆိုတဲ့
ကံ ယုံပြီး ဆုတောင်း တတ်ကြသူတွေက တစ်ဖွဲ့ ။

၆။ ဟဲ့ သူ့လယ်ကွက် နဲ့ သူ ယူတာ နင်တို့ လယ်ကွက် ငှားပြီး ယူမိလို့လားအပြစ်တင်နေကြတာလား ဆိုတဲ့ မြေစာရင်း ဋ္ဌာနက တစ်ဖွဲ့ ။

၇။ ဒီအရွယ် နဲ့ မသင့် မတော် အကုန်အကျခံပြီး ထောက်ပံ့ လင်ယူရမဲ့ အစား ဘိုးဘွားရိပ်သာတို့ ပရဟိတတို့ ဓမ္မရိပ်သာတို့ လှူတန်း ပေးကမ်းရင်း နေသွားပါလား ဆိုတဲ့ ဝိသာခါအဖွဲ့က တစ်ဖွဲ့ ။

၈။ ဟာ!!!! နံနံရေးက မကောင်းတဲ့ကြား ဒီအဖွားကြီး ဂယက် ထနေတာ စိတ်ကုန်ပါ့ ဆိုတဲ့ မျိုးချစ် အဖွဲ့က တစ်ဖွဲ့ ။

၉။ ဘယ်သူ ဘာပြောပြော အရွယ်နဲ့မလိုက် နုဖတ်နေတာပဲ ရှေ့သွား နောက်လိုက် ညီတယ် ပြောတာတွေ ဂရုမစိုက်နဲ့ ဆိုတဲ့ အမြှောက်အပင့် ကောင်းတဲ့ မိုးပျံ ပူဖောင်းအဖွဲ့က တစ်ဖွဲ့ ။

၁၀။ လူတွေများ ခက်တယ်နော် သူများ လင်ငယ်ငယ်လေးရတာကို မုဒိတာ မပွားနိုင်ပဲ အားအား ယားယား မနာလိုပြီး ဝိုင်း အာနေလိုက်ကြတာနော် ဆိုတဲ့ ဖြူစင်မေတ္တာ အဖွဲ့က တစ်ဖွဲ့ ။

၁၁။ ဟဲ့ ဟဲ့ ကွန်ဒိုတစ်လုံး အိမ်ခြံမြေ ( ၅ )လုံး အစုရှယ်ယာ ထည့်ထားတဲ့ ကုမ္ပဏီတွေကလဲ အများကြီး တွက်ကြည့်ရင် •••အမယ်လေး ငါတောင်ရရင် လိုချင်သေး ဆိုတဲ့ စာရင်းစစ် အဖွဲ့က တစ်ဖွဲ့ ။

၁၂။ ဒီလောက် ချမ်းသာတာ လင်ငယ်ငယ်လေး ယူပြီး ဟိုက မငြိမ်တော့မှ ကိုယ့်အဆံနဲ့ ကိုယ် ဒူး နဲ့ မျက်ရည်သုတ် အသက် တိုမယ် ဆိုတဲ့ လဝက အဖွဲ့က တစ်ဖွဲ့ ။

၁၃။ ပြောမရဘူး အဖွားကြီးက ချမ်းသာတော့ ရှိတာတွေ အကုန် သမ ချသွားမှ ဒုက္ခ ဆိုတဲ့ စ ၃ လုံး အဖွဲ့က တစ်ဖွဲ့ ။

၁၄။ ယူတာက ယူပါ မပြောပါဘူး ခုက တစ်တော့ ဆော့ပြီး တင် တင်နေတာ သောက်လုံးတွေလဲ နောက်လှပါပြီဟယ် ဆိုတဲ့ သောက်လုံး နောက်တဲ့ ကြားက သွား သွား ကြည့်ပြီး မန့်နေတဲ့ သောက်လုံးနောက် အဖွဲ့က တစ်ဖွဲ့ ။

၁၅။ အို ••• ဘာဖြစ်ဖြစ် သူတောင် ၇၀ နဲ့ ၂၇ ကို ရသေးတာ ဘဝမှာ ပိုက်ဆံရှိရင် ဘာမဆို အကုန်ရတယ် ငွေရှာဖို့က အဓိက ဆိုတဲ့ အီကောနောမစ် ဂေါ်မစွံတွေက တစ်ဖွဲ့ ။

၁၆။ တို့က ခုမှ ၅၀ ကျော် ၆၀ ကျော်ပဲ ရှိသေး တာ သူငယ်လေး တစ်ယောက်တော့ အသာလေး ကောက်ယူ ပြနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် အကြီးကြီးနဲ့ စိတ်ကူးယဉ်တဲ့ အဖွဲ့က တစ်ဖွဲ့ ။

၁၇။ သူများတွေများ ၇၀ ကျော်ကို ကားတင် ခိုးပြေး ခံရတယ်တဲ့ ငါတို့များ မှာတော့ လာခိုးမဲ့ ကား ဆိုလို့ အမှိုက်ကား နဲ့ ဆိုက်ကား တောင် မရှိပါလား ဆိုပြီး depression တွေ အရမ်း ဝင်နေတာက တစ်ဖွဲ့ ။

၁၈။ ဒီကြားထဲ ဘယ်သူ ဘာပြောပြော ရိုးသား ကြိုးစား ဧရာဝတီတိုင်းသား တို့ဖွားဖွား ဆိုပြီး အတင်း ဂုဏ်ဆာပြနေတဲ့အဖွဲက တစ်ဖွဲ့။နင်ကလည်း ဘယ်အဖွဲ့ကလည်း ❓လာ မမေးနဲ့နော် •••

၁၉ ။ သူများတွေ ရေးတာ ပြောတာ ဗဟုသုတ အဖြစ် လိုက်ဖတ် လိုက်မှတ်ပြီး စုစည်း တင်ပြတဲ့ ဗဟုသုတ ရှာမှီးတဲ့ အဖွဲ့ထဲကပါ ။ 😊 😊 😊 😊 😊

မယဉ်ယဉ် ( ဝါးခယ်မ)

Leave a Reply

Your email address will not be published.