ဒီႏွစ္အတြက္ ေတာင္ကိုရီးယားက ခ်ီးျမႇင့္တဲ့ ၁၈ႀကိမ္ေျမာက္ Park Jong-cheol လူ႔အခြင့္အေရးဆု ေဒါက္တာေတဇာဆန္း ရရွိ

ဂုဏ္ယူပါတယ္ ေတာင္ကိုရီးယားႏိုင္ငံက ခ်ီးျမႇင့္တဲ့ လူထုစည္းလုံးညီၫြတ္မႈ Park Jong Cheol လူ႔အခြင့္အေရးအထူးဆုကို ေဒါက္တာေတဇာဆန္းရရွိခဲ့

ဒီႏွစ္အတြက္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ၁၈ႀကိမ္ေျမာက္ Park Jong-cheol လူ႔အခြင့္အေရးဆုအတြက္ စစ္အာဏာသိမ္းၿပီးေနာက္

ျမန္မာ့ဒီမိုကေရစီအေရးအတြက္ ဦးေဆာင္လႈပ္ရွားေနတဲ့ မႏၲေလးက ေဒါက္တာေတဇာဆန္းကို အထူးဆုခ်ီးျမႇင့္တယ္လို႔ သတင္းထုတ္ျပန္ပါတယ္

ဒီႏွစ္ Park Jong -cheol လူ႔အခြင့္အေရးဆုဟာ စည္းလုံးညီၫြတ္မႈအတြက္ ေပးအပ္တဲ့ ဆုျဖစ္ၿပီး ျပင္းထန္တဲ့ ေတာ္လွန္ေရးကို ဆင္ႏႊဲရင္း ရင္ဆိုင္ေနရတဲ့ ဒုကၡဆိုးေတြနဲ႔ ခါးသီးတဲ့အေျခအေနေတြကေန

လြတ္ေျမာက္ႏိုင္ဖို႔အတြက္ ေတာင္ကိုရီးယားႏိုင္ငံအေနနဲ႔ အခ်င္းခ်င္း အားအင္ေဝမွ်ရင္း ကူညီသြားမယ္ဆိုၿပီး ကတိျပဳတဲ့အဓိပၸာယ္ကို ကိုယ္စားျပဳတယ္လို႔လည္း ဆိုပါတယ္

လာမယ့္ဇြန္ ၂၉ရက္မွာ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားျပဳလုပ္မွာျဖစ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဆိုးလ္အမ်ိဳးသားတကၠသိုလ္မွာ ျပဳလုပ္မယ္လို႔ သိရပါတယ္

ၿပီးခဲ့တဲ့ႏွစ္ Park Jong -cheol လူ႔အခြင့္အေရးဆုကိုလည္း ဒီမိုကေရစီအတြက္ စစ္ေကာင္စီတပ္နဲ႔ ရင္ဆိုင္တိုက္ပြဲဝင္ေနၾကရတဲ့ ျမန္မာျပည္သားအားလုံးကို ေပးအပ္ခဲ့ပါတယ္

ဒီဆုဟာ ၂၀၀၃ခုႏွစ္ကစၿပီး ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးျမႇင့္တင္ဖို႔ ႀကိဳးစားလုပ္ေဆာင္ခဲ့ၾကတဲ့ လူပုဂၢိဳလ္ေတြနဲ႔ အဖြဲ႕အစည္းေတြကို ႏွစ္စဥ္ဆုေပးအပ္ေနတာျဖစ္ပါတယ္

Park Jong -cheol ဆိုတာဟာ ဆိုးလ္အမ်ိဳးသားတကၠသိုလ္က ေက်ာင္းသားတစ္ဦးျဖစ္ၿပီး ဒီမိုကေရစီအေရးလႈပ္ရွားမႈလုပ္ခဲ့တာေၾကာင့္

ရဲေတြရဲ႕ စစ္ေဆးေမးျမန္းမႈအတြင္း ၁၉၈၇ခုႏွစ္၊ အသက္ ၂၁ႏွစ္အ႐ြယ္မွာ ေသဆုံးခဲ့တာလို႔ ေတာင္ကိုရီးယားသတင္းေတြမွာေဖာ္ျပထားပါတယ္ Crd- ဘီဘီစီ ဘားမီးစ္

ဂုဏ်ယူပါတယ် တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ လူထုစည်းလုံးညီညွတ်မှု Park Jong Cheol လူ့အခွင့်အရေးအထူးဆုကို ဒေါက်တာတေဇာဆန်းရရှိခဲ့

ဒီနှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ၁၈ကြိမ်မြောက် Park Jong-cheol လူ့အခွင့်အရေးဆုအတွက် စစ်အာဏာသိမ်းပြီးနောက်

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့ မန္တလေးက ဒေါက်တာတေဇာဆန်းကို အထူးဆုချီးမြှင့်တယ်လို့ သတင်းထုတ်ပြန်ပါတယ်

ဒီနှစ် Park Jong -cheol လူ့အခွင့်အရေးဆုဟာ စည်းလုံးညီညွတ်မှုအတွက် ပေးအပ်တဲ့ ဆုဖြစ်ပြီး ပြင်းထန်တဲ့ တော်လှန်ရေးကို ဆင်နွှဲရင်း ရင်ဆိုင်နေရတဲ့ ဒုက္ခဆိုးတွေနဲ့ ခါးသီးတဲ့အခြေအနေတွေကနေ

လွတ်မြောက်နိုင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံအနေနဲ့ အချင်းချင်း အားအင်ဝေမျှရင်း ကူညီသွားမယ်ဆိုပြီး ကတိပြုတဲ့အဓိပ္ပာယ်ကို ကိုယ်စားပြုတယ်လို့လည်း ဆိုပါတယ်

လာမယ့်ဇွန် ၂၉ရက်မှာ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်မှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်

ပြီးခဲ့တဲ့နှစ် Park Jong -cheol လူ့အခွင့်အရေးဆုကိုလည်း ဒီမိုကရေစီအတွက် စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေကြရတဲ့ မြန်မာပြည်သားအားလုံးကို ပေးအပ်ခဲ့ပါတယ်

ဒီဆုဟာ ၂၀၀၃ခုနှစ်ကစပြီး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးမြှင့်တင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ်ဆုပေးအပ်နေတာဖြစ်ပါတယ်

Park Jong -cheol ဆိုတာဟာ ဆိုးလ်အမျိုးသားတက္ကသိုလ်က ကျောင်းသားတစ်ဦးဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုလုပ်ခဲ့တာကြောင့်

ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုအတွင်း ၁၉၈၇ခုနှစ်၊ အသက် ၂၁နှစ်အရွယ်မှာ သေဆုံးခဲ့တာလို့ တောင်ကိုရီးယားသတင်းတွေမှာဖော်ပြထားပါတယ် Crd- ဘီဘီစီ ဘားမီးစ်

Leave a Reply

Your email address will not be published.