ယနေ့မှာ အသက် ၅၂ နှစ်ပြည့်မြောက်ခဲ့တဲ့ ပရိသတ် အချစ်တော် သရုပ်ဆောင် နှင့် ဒါရိုက်တာ လူမင်း

ယနေ့မှာ အသက် ၅၂ နှစ်ပြည့်မြောက်ခဲ့တဲ့ ပရိသတ် အချစ်တော် သရုပ်ဆောင် နှင့် ဒါရိုက်တာ လူမင်း

ပရိသတ်ကြီးရေ အန်ကယ်လေးလို့အများခေါ်ကြတဲ့ သရုပ်ဆောင်နဲ့ဒါရိုက်တာ လူမင်းကတော့ ကျရာဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသားတစ်ဦးပါနော်။

ဒါ့အပြင် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီးရိုက်ကူးခဲ့တဲ့ ဇာတ်ကားများမှာလည်းအောင်မြင်မှု ရရှိခဲ့ပြီး အကယ်ဒမီရွှေစင်ရုပ်ထုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

လူမင်းကတော့ (၁၉၉၅) ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ဝင်ရောက်လာကာ (၂၀၀၂) ခုနှစ်တွင် “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။လက်ရှိတွင် လူမင်းဟာ “အမျိုးသား ဇာတ်ဆောင်ဆု” (၂) ဆု၊ အမျိုးသား ဇာတ်ပို့ဆု (၂) ဆုနဲ့ “ရုပ်ရှင်ဇာတ်ကားဆု”(၁)ဆုကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။

(၂၀၀၂)ခုနှစ်တွင် ရိုက်ကူးခဲ့သော “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း၊ (၂၀၀၅) ခုနှစ်တွင် ကိုယ်တိုင်ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော“ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း “အမျိုးသား ဇာတ်ဆောင်ဆု” ကိုရရှိခဲ့ပါတယ်။

“အမျိုးသား ဇာတ်ပို့ဆု” ကိုတော့(၂၀၁၆) ခုနှစ်တွင် ရိုက်ကူးခဲ့သော“ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာ တာတေ”၊(၂၀၁၉) ခုနှစ်တွင် ရိုက်ကူးခဲ့သော“ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားများဖြင့် ဆွတ်ခူးရရှိခဲ့ပါတယ်။

လူမင်းကတော့ လက်ရှိဖြစ်ပွားနေတေဲ့နိုင်ငံ့အရေးမှာ ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း မကြာမီက မှ လွတ်ငြိမ်းနှင့်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။လက်ရှိမှာတော့ ချစ်ရတဲ့ သူတွေနဲ့ ပြန်လည်ဆုံစည်းခဲ့ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းနေထိုင်နေတာ တွေ့ရပါတယ်။

ဒီကနေ့ မေလ ၇ ရက်နေ့မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီ လူမင်းရဲ့ အသက် ၅၂ နှစ်ပြည့် မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပျော်ရွှင်စရာ မွေးနေ့လေးမှာတော့ အနုပညာရှင်မောင်နှမတွေအပြင် ချစ်ရတဲ့ မိတ်ဆွေ၊သူငယ်ချင်း၊ ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးထားတာ တွေ့ရပါတယ်။

ပရိသတ်ကြီးကလည်း သရုပ်ဆောင် ဒါရိုက်တာလူမင်းရဲ့မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်

Credit

Zawgyi

ပရိသတ္ႀကီးေရ အန္ကယ္ေလးလို႔အမ်ားေခၚၾကတဲ့ သ႐ုပ္ေဆာင္နဲ႔ဒါ႐ိုက္တာ လူမင္းကေတာ့ က်ရာဇာတ္႐ုပ္ကိုအပီျပင္ဆုံးသ႐ုပ္ေဆာင္ႏိုင္တဲ့ ဝါရင့္မင္းသားတစ္ဦးပါေနာ္။

ဒါ့အျပင္ ကိုယ္တိုင္ ဒါ႐ိုက္တာ လုပ္ၿပီး႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားမ်ားမွာလည္းေအာင္ျမင္မႈ ရ႐ွိခဲ့ၿပီး အကယ္ဒမီေ႐ႊစင္႐ုပ္ထုကို ပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။

လူမင္းကေတာ့ (၁၉၉၅) ခုႏွစ္မွ စတင္ကာ အႏုပညာေလာကထဲသို႔ ဝင္ေရာက္လာကာ (၂၀၀၂) ခုႏွစ္တြင္ “ေ႐ႊမႈန္ႀကဲတဲ့ မိုးေကာင္းကင္” ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရ႐ွိခဲ့သည္။လက္႐ွိတြင္ လူမင္းဟာ “အမ်ိဳးသား ဇာတ္ေဆာင္ဆု” (၂) ဆု၊ အမ်ိဳးသား ဇာတ္ပို႔ဆု (၂) ဆုနဲ႔ “႐ုပ္႐ွင္ဇာတ္ကားဆု”(၁)ဆုကို ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္သည္။

(၂၀၀၂)ခုႏွစ္တြင္ ႐ိုက္ကူးခဲ့ေသာ “ေ႐ႊမႈန္ႀကဲတဲ့ မိုးေကာင္းကင္” ႐ုပ္႐ွင္ဇာတ္ကားျဖင့္လည္းေကာင္း၊ (၂၀၀၅) ခုႏွစ္တြင္ ကိုယ္တိုင္ဒါ႐ိုက္တာလုပ္၍ ႐ိုက္ကူးခဲ့ေသာ“က်န္စစ္မင္း” ႐ုပ္႐ွင္ဇာတ္ကားျဖင့္လည္းေကာင္း “အမ်ိဳးသား ဇာတ္ေဆာင္ဆု” ကိုရ႐ွိခဲ့ပါတယ္။

“အမ်ိဳးသား ဇာတ္ပို႔ဆု” ကိုေတာ့(၂၀၁၆) ခုႏွစ္တြင္ ႐ိုက္ကူးခဲ့ေသာ“ပေရာ္ဖက္ဆာ ေဒါက္တာဆိတ္ဖြားႏွင့္ ၿမိဳင္ရာဇာ တာေတ”၊(၂၀၁၉) ခုႏွစ္တြင္ ႐ိုက္ကူးခဲ့ေသာ“ငယ္ကြၽန္” ႐ုပ္႐ွင္ဇာတ္ကားမ်ားျဖင့္ ဆြတ္ခူးရ႐ွိခဲ့ပါတယ္။

လူမင္းကေတာ့ လက္႐ွိျဖစ္ပြားေနေတဲ့ႏိုင္ငံ့အေရးမွာ ျပည္သူေတြနဲ႔အတူရပ္တည္ခဲ့တာေၾကာင့္ ဖမ္းဆီးခံခဲ့ရၿပီး ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရေသာ္လည္း မၾကာမီက မွ လြတ္ၿငိမ္းႏွင့္ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။လက္႐ွိမွာေတာ့ ခ်စ္ရတဲ့ သူေတြနဲ႔ ျပန္လည္ဆုံစည္းခဲ့ၿပီး ဘဝကို ေအးခ်မ္းစြာျဖတ္သန္းေနထိုင္ေနတာ ေတြ႕ရပါတယ္။

ဒီကေန႔ ေမလ ၇ ရက္ေန႔မွာေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ အကယ္ဒမီ လူမင္းရဲ႕ အသက္ ၅၂ ႏွစ္ျပည့္ ေမြးေန႔ရက္ျမတ္ေလးကို က်ေရာက္ခဲ့ၿပီျဖစ္ပါတယ္။ သူ႕ရဲ႕ ေပ်ာ္႐ႊင္စရာ ေမြးေန႔ေလးမွာေတာ့ အႏုပညာ႐ွင္ေမာင္ႏွမေတြအျပင္ ခ်စ္ရတဲ့ မိတ္ေဆြ၊သူငယ္ခ်င္း၊ ပရိသတ္ေတြက ဆုမြန္ေကာင္းေတာင္းေပးထားတာ ေတြ႕ရပါတယ္။

ပရိသတ္ႀကီးကလည္း သ႐ုပ္ေဆာင္ ဒါ႐ိုက္တာလူမင္းရဲ႕ေမြးေန႔အတြက္ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္

 


Leave a Reply

Your email address will not be published.