အချစ်ကြီးသူတယောက်ရဲ့ ရင်တွင်းခံစားချက် (စစ်မှန်ပြီး မျှတတဲ့ချစ်ခြင်းတွေ ရနိုင်ကြပါစေ)
အချစ်ကြီးသူတယောက်ရဲ့ ရင်တွင်းခံစားချက် (စစ်မှန်ပြီး မျှတတဲ့ချစ်ခြင်းတွေ ရနိုင်ကြပါစေ)
ကျနော်ကတော့ရှင်းတယ် တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ်။ မထားဘူး အပျော်တွဲကြည့်မယ် ဆိုတဲ့စိတ် နဲနဲလေးမှ ကျနော့်မှာမရှိဘူး။
ကိုယ်ကိုတိုင်လဲ တန်ဖိုးထားတယ် ဘဝကို အပေါစားဆန်ဆန် မဖြတ်သန်းချင်ဘူး။ ချစ်မိတဲ့အခါလဲ သူ့ဘက်က ကိုယ့်တန်ဖိုး ကို နားလည်စေချင်တယ်။
အဲ့ဒါမို့ လွယ်လွယ်လေးလေးနဲ့ မချစ်ချင်ဘူး ချစ်ပြီးရင် မြဲချင်တယ်။ အဆုံးအထိသွားချင်တယ်။ ချစ်ရတဲ့သူ့အပေါ် အများကြီးတန်ဖိုးထားမယ်။ မေတ္တာစစ်တွေချည်းပေးမယ် ဘာတစ်ခုမှ သူ့ဆီမမျှော်လင့်ဘူး တူညီတဲ့မေတ္တာမျိုးတော့ ပြန်လိုချင်တယ်။
အရာအားလုံးကို ပုံအောပြီးချစ်မှာမလို့ သူ့ဘက်ကလဲ အားလုံး ပြန်ရမှဖြစ်မယ်။ အချစ်မှာ ဘယ်သူရယ်လို့မှ မသတ်မှတ်ထားဘူး သူကချစ်ရင် ကိုယ်ကချစ်ရင် အဆင်ပြေတာဘဲလေ ဘာတွေလိုသေးလို့လဲ။
ပိုက်ဆံရှိဖို့ ရုပ်ချောပညာတတ်ဖို့ ဆိုတဲ့စိတ်နဲ့ မရွေးချယ်ဘူး ကိုယ့်ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးနိုင်တဲ့ သူမျိုးဘဲ လိုတယ်။
တစ်ခုရှိတယ် ကျနော့်အပိုင်လို့ သတ်မှတ်ပြီးပြီဆိုရင် ဘယ်သူနဲ့ မှ ရောထွေးနေတာမျိုးကိုမှ မကြိုက်ဘူး။ အတ္တဆန်တယ် သဝန်တိုမယ်။
လွယ်လွယ်လေးနဲ့တော့ ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်သလို ကိုယ့်စိတ်ဆန္ဒ တစ်ခုတည်းအတွက်နဲ့ ဘယ်သူ့ကိုမှ မကစားဘူး။ ဘယ်လောက်ဘဲ အနစ်နာခံရပါစေ သူ့ဘက်ကချစ်နေသရွေ့ ကိုယ်ဘက်က ဖောက်ပြားမှာမဟုတ်ဘူး။ တစ်ယောက်တည်းကို အကြားကြီး ချစ်ချင်တာမို့။ ခဏသာအတွက်ဆိုတဲ့ စိတ်နဲ့တော့ ဝင်မလာကြနဲ့ ကျနော်က သံယောဇဉ်ကြီးတတ်လို့ပါ။
မူရင်းရေးသူကို လေးစားစွာ credit ပေးပါသည်။
Photo ; Google
Nyo Nyo (boomnews)
Zawgyi
Photo ; Google
Nyo Nyo (boomnews)
Leave a Reply
Your email address will not be published.