Khit Thit က ေဖာ္ျပခဲ့သည့္ ပြင့္ျဖဴရဲစခန္း လွ်ိဳ႕ဝွက္ေၾကးနန္းစာ ေပါက္ၾကားမႈ ရဲၿမိဳ႕နယ္မႉး ဝင္းဦး အပါအဝင္ တစ္စခန္းလုံး စစ္ေဆးခံေနရ ၊ PDF မ်ား သတ္ျဖတ္သူ ဗိုလ္မႉးမင္းပိုင္စိုး တပ္ထဲမွ အျပင္မထြက္ေတာ့
မေကြးတိုင္း၊ ပြင့္ျဖဴၿမိဳ႕နယ္တြင္ ယမန္ေန႔ ဇြန္လ ၂၂ ရက္ေန႔ ျဖစ္ပြားခဲ့ေသာ PDF မ်ားလိုက္ပါေသာ ေဖာကားကို စစ္တပ္က ၾကားျဖတ္တိုက္ ခိုက္သည့္ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး
ပြင့္ျဖဴၿမိဳ႕နယ္ရဲစခန္းက ခ႐ိုင္ရဲတပ္ဖြဲ႕ ထံ အေၾကာင္း ၾကားသည့္ လွ်ိဳ႕ဝွက္ေၾကးနန္းစာ ေပါက္ၾကားမႈႏွင့္ပတ္သက္ၿပီး ပြင့္ျဖဴရဲ စခန္း တစ္ခုလုံးကို ဒုတိယရဲမႉးႀကီး ဦးေဆာင္ ေသာ အဖြဲ႕တစ္ခုက လာေရာက္ စစ္ ေဆးေနေၾကာင္း သိရွိရသည္
ပြင့္ျဖဴၿမိဳ႕နယ္၊ မဲဇလီႀကိဳးတံတားတြင္ PDF မ်ား လိုက္ပါ ေသာ ေဖာကားကို စစ္တပ္က ၾကားျဖတ္တိုက္ခိုက္ရာမွ PDF ၁၂ ဦးက်ဆုံးၿပီး ၃ ဦးအရွင္ဖမ္းမိကာ လက္နက္မ်ားသိမ္းဆည္းရမိေၾကာင္း
ယင္းျဖစ္စဥ္ကို ပြင့္ျဖဴ ရဲစခန္းက ခ႐ိုင္ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားသည့္ လွ်ိဳ႕ဝွက္ ေၾကးနန္း အ ေၾကာင္း ၾကားစာကို Khit Thit က ျဖစ္စဥ္ ျဖစ္ပြားအၿပီး ၂ နာရီ ေက်ာ္ အတြင္း ေဖာ္ျပခဲ့ေၾကာင္း
ယင္းသို႔ ေဖာ္ျပသည့္အတြက္ စစ္ေၾကာင္းမႉး ဗိုလ္မႉး မင္းပိုင္စိုး၏ အမည္ေပါက္ၾကားျခင္း၊ျဖစ္စဥ္ သတင္းမ်ား ေပါက္ ၾကား သည့္အတြက္ ေနာက္ဆက္တြဲ လုပ္ငန္းမ်ား ရပ္ဆိုင္သြားျခင္း စသည့္ သက္ ေရာက္မႈမ်ား ရွိလာသည့္အတြက္ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရွိရသည္
ခ႐ိုင္ရဲမႉးအဖြဲ႕ လာၿပီး မေန႔ညေနပိုင္းမွာ ရဲေၾကးနန္းစာ ေပါက္ၾကားလို႔ လာ စစ္ေနတယ္။ စခန္းတစ္ခုလုံးကို ဖမ္းတာေတာ့ မဟုတ္ဘူး ။ တစ္ဦးခ်င္းစီ စစ္တယ္ဖုန္းေတြစစ္တယ္
ဒီေန႔လည္း စစ္တယ္ မနက္ျဖန္လည္း စစ္ဦး မယ္ထင္တယ္။ ရဲစခန္းကိုေတာ့ ၿခံစည္း႐ိုး ႏွစ္ထပ္ကာထားတယ္ ဟု ပြင့္ျဖဴ ၿမိဳ႕နယ္မွ သတင္းရင္းျမစ္က ေျပာဆိုသည္
စစ္ေဆးခံရသူမ်ားတြင္ ပြင့္ျဖဴ ရဲမႉး၊ စခန္းမႉး၊ ၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး၊ လ၀က ဦးစီးမႉး၊ ေထြ/အုပ္ဦးစီးမႉးႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕တို႔လည္း ပါဝင္ ေၾကာင္း သိရွိရသည္
ထို႔ျပင္ ဦးေဆာင္သူ ပြင့္ျဖဴၿမိဳ႕နယ္ ဝါစိုက္ ပ်ိဳးေရးတပ္(၀စရတပ္) မွ ဗိုလ္မႉးမင္းပိုင္စိုးသည္ တပ္ျပင္မထြက္ေတာ့ဘဲ တပ္ထဲတြင္သာ ေနထိုင္ေတာ့ေၾကာင္း သိရွိရသည္
အရင္ကဆိုရင္ ကားအျပာေလး ၿမိဳ႕ထဲပတ္ေနတာ မင္းပိုင္စိုးက အခုေတာ့ မအလက အျပင္ကိုမထြက္ေတာ့ဘူး။ ညေတာင္ အိပ္ေပ်ာ္ပါ့မလားပဲ ဟု သတင္းရင္းျမစ္က အေျခအေနကို ရွင္းျပသည္
ဓာတ္ပုံ- Khit Thitက ယမန္ေန႔ ျဖစ္စဥ္ ျဖစ္ပြားအၿပီး ၂ နာရီ ေက်ာ္အတြင္း ေဖာ္ျပခဲ့သည္ လွ်ိဳ႕ဝွက္ ရဲေၾကးနန္းစာ Crd- Khit Thit
Khit Thit က ဖော်ပြခဲ့သည့် ပွင့်ဖြူရဲစခန်း လျှို့ဝှက်ကြေးနန်းစာ ပေါက်ကြားမှု ရဲမြို့နယ်မှူး ဝင်းဦး အပါအဝင် တစ်စခန်းလုံး စစ်ဆေးခံနေရ ၊ PDF များ သတ်ဖြတ်သူ ဗိုလ်မှူးမင်းပိုင်စိုး တပ်ထဲမှ အပြင်မထွက်တော့
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ဖြစ်ပွားခဲ့သော PDF များလိုက်ပါသော ဖောကားကို စစ်တပ်က ကြားဖြတ်တိုက် ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး
ပွင့်ဖြူမြို့နယ်ရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့ ထံ အကြောင်း ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး ပွင့်ဖြူရဲ စခန်း တစ်ခုလုံးကို ဒုတိယရဲမှူးကြီး ဦးဆောင် သော အဖွဲ့တစ်ခုက လာရောက် စစ် ဆေးနေကြောင်း သိရှိရသည်
ပွင့်ဖြူမြို့နယ်၊ မဲဇလီကြိုးတံတားတွင် PDF များ လိုက်ပါ သော ဖောကားကို စစ်တပ်က ကြားဖြတ်တိုက်ခိုက်ရာမှ PDF ၁၂ ဦးကျဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရမိကြောင်း
ယင်းဖြစ်စဉ်ကို ပွင့်ဖြူ ရဲစခန်းက ခရိုင်ရဲတပ်ဖွဲ့ထံ အကြောင်းကြားသည့် လျှို့ဝှက် ကြေးနန်း အ ကြောင်း ကြားစာကို Khit Thit က ဖြစ်စဉ် ဖြစ်ပွားအပြီး ၂ နာရီ ကျော် အတွင်း ဖော်ပြခဲ့ကြောင်း
ယင်းသို့ ဖော်ပြသည့်အတွက် စစ်ကြောင်းမှူး ဗိုလ်မှူး မင်းပိုင်စိုး၏ အမည်ပေါက်ကြားခြင်း၊ဖြစ်စဉ် သတင်းများ ပေါက် ကြား သည့်အတွက် နောက်ဆက်တွဲ လုပ်ငန်းများ ရပ်ဆိုင်သွားခြင်း စသည့် သက် ရောက်မှုများ ရှိလာသည့်အတွက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်
ခရိုင်ရဲမှူးအဖွဲ့ လာပြီး မနေ့ညနေပိုင်းမှာ ရဲကြေးနန်းစာ ပေါက်ကြားလို့ လာ စစ်နေတယ်။ စခန်းတစ်ခုလုံးကို ဖမ်းတာတော့ မဟုတ်ဘူး ။ တစ်ဦးချင်းစီ စစ်တယ်ဖုန်းတွေစစ်တယ်
ဒီနေ့လည်း စစ်တယ် မနက်ဖြန်လည်း စစ်ဦး မယ်ထင်တယ်။ ရဲစခန်းကိုတော့ ခြံစည်းရိုး နှစ်ထပ်ကာထားတယ် ဟု ပွင့်ဖြူ မြို့နယ်မှ သတင်းရင်းမြစ်က ပြောဆိုသည်
စစ်ဆေးခံရသူများတွင် ပွင့်ဖြူ ရဲမှူး၊ စခန်းမှူး၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ လ၀က ဦးစီးမှူး၊ ထွေ/အုပ်ဦးစီးမှူးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့လည်း ပါဝင် ကြောင်း သိရှိရသည်
ထို့ပြင် ဦးဆောင်သူ ပွင့်ဖြူမြို့နယ် ဝါစိုက် ပျိုးရေးတပ်(၀စရတပ်) မှ ဗိုလ်မှူးမင်းပိုင်စိုးသည် တပ်ပြင်မထွက်တော့ဘဲ တပ်ထဲတွင်သာ နေထိုင်တော့ကြောင်း သိရှိရသည်
အရင်ကဆိုရင် ကားအပြာလေး မြို့ထဲပတ်နေတာ မင်းပိုင်စိုးက အခုတော့ မအလက အပြင်ကိုမထွက်တော့ဘူး။ ညတောင် အိပ်ပျော်ပါ့မလားပဲ ဟု သတင်းရင်းမြစ်က အခြေအနေကို ရှင်းပြသည်
ဓာတ်ပုံ- Khit Thitက ယမန်နေ့ ဖြစ်စဉ် ဖြစ်ပွားအပြီး ၂ နာရီ ကျော်အတွင်း ဖော်ပြခဲ့သည် လျှို့ဝှက် ရဲကြေးနန်းစာ Crd- Khit Thit