ကျပ်သိန်း ၁၀၀၀ နှင့်လွတ်မြောက်လာသည့်ပညာရေးဝန်ထမ်း (၂)ဦး

ကျပ်သိန်း ၁၀၀၀ နှင့်လွတ်မြောက်လာသည့်ပညာရေးဝန်ထမ်း (၂)ဦး

ကျပ်သိန်း ၁၀၀၀ နှင့်လွတ်မြောက်လာသည့်ပညာရေးဝန်ထမ်း (၂)ဦး

ရခိုငိပြည်နယ်၊ မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းနှစ်ဦးကို ၁ပတ်ကြာ ပြန်ပေးဆွဲခဲ့သည့် အဖွဲ့က ဇွန် ၂၂ ရက်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်နေရာတွင် လွှဲပြောင်းပေးခဲ့ပြီး ပြန်ပေးဆွဲသမားများက တောင်းသည့် ငွေကိုလည်းညှိနှိုင်း ပေးခဲ့ရကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

ယင်းပညာရေးဝန်ထမ်း နှစ်ဦးသည် ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးခံရပြီး ၇ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာကာ ပြန်ပေးဆွဲသမားနှင့် ကနဦး ညှိနှိုင်းချက်အရ ဘင်္ဂလားဒါကငွေ သိန်း(၅၀)နှင့် ညီမျှသော မြန်မာငွေ သိန်း (၁၀၀၀) ကျပ်အား လွှဲပေးရန် မြို့နယ် ပညရေးမှူးကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် သင်္ဘောလှကျေးရွာကကျောင်းအုပ်ဆရာကြီး ဘိုဝင်းနှင့် လက်ထောက်ဆရာမ ဥမ္မာကျော်တို့အား ပြန်ပေးဆွဲ သမားများက ဘင်္ဂလားဒေ့ရှ့်နယ်စပ်တစ်နေရာတွင်ဖြစ်သည့် ခြံချောင်း (ရခိုင်) တွင် လွဲပေးခဲ့ကြောင်း မောင်တောမြို့နယ်ပညာ‌ရေးမှူး ဦးအောင်စံကျော်မှပြောသည်။

“သူတို့နှစ်ဦးကို မနေ့က ၁၁ နာရီကျော် ၁၂ နာရီလောက်မှာ လွှတ်ပေးတယ်ဆိုပြီးတော့ အဲ့ဒီဆရာ၊ ဆရာမဆီက ကျနော်ဆီကို ဖုန်းလာပါတယ်။ အခုက သူတို့ လောလောဆယ် ခြံချောင်း (ရခိုင်) အဲ့ဒီရွာကိုအခုရောက်နေတယ်။ သူတို့နှစ်ယောက်လုံး ကျန်းမာရေးအခြေအနေလည်းကောင်းပါတယ်”ဟုပြောသည်။

၎င်းတို့နှစ်ယောက်ရှိသည့်နေရာကို တာဝန်ရှိသူများက သွားရောက်ခေါ်ဆောင်ရန် ပြင်ဆင်နေပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်ကြောင်း မောင်တောမြို့နယ် ပညာ‌ရေးမှူး ဦးအောင်စံကျော်က ပြောသည်။

ပြန်ပေးဆွဲသမားတို့၏ ကနဦး နှစ်ဖက် ညှိနှိုင်းထားသည် မြန်မာငွေ သိန်း (၁၀၀၀) ဒါကာငွေ သိန်း ၅၀ နှင့် ပြေလည်သွားသော်လည်း ပညာရေးဝန်ထမ်း နှစ်ဦးကို မည်သည့်အဖွဲ့က ဖမ်းဆီးသည်ဆိုသည်ကို ထုတ်ဖော်ပြောခြင်းမရှိကြောင်း ပညာ‌ရေးမှူး ဦးအောင်စံကျော်မှ ဆက်ပြောသည်။

အဆိုပါ ပညာရေးဝန်ထမ်း နှစ်ဦးကို မြို့နယ်ပညာရေးမှူးက ကျောင်းစစ်ရန်ဟု ရုံးကိုဆင့်ခေါ်သောကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် မောင်တောမြို့သို့ သွားကြစဥ့် ဇီးပင်ချောင်းကျေးရွာ အနီးတွင် အမည်မသိအဖွဲ့အစည်းတစ်ခုက ပြန်ပေးဆွဲ ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ ပညာရေးဝန်ထမ်း နှစ်ဦးဖမ်းဆီးခံခဲရသောကြောင့် မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းများ ကျောင်းမတက်သပိတ် ပြုလုပ်ခဲ့ကြပြီး ပညာရေးဝန်ထမ်းများအား ကျောင်းပြန်တက်ရန် ဖိအားပေးမှုတွေရှိခဲ့သည်ဟု ပညာရေးဝန်ထမ်းများကပြောသည်။

အဆိုပါပညာရေးဝန်ထမ်းနှစ်ဦးကို ARSA အဖွဲ့က ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသော်လည်း ၎င်းတို့လက်ချက်မဟုတ်ဟု ARSA အဖွဲ့က ငြင်းဆိုထားသည်။

ဇွန်၊၂၃


Leave a Reply

Your email address will not be published.