Zawgyi
အမျိုးသားတစ်ဦး ကွမ်းယာငုံထားရင်း ဖုန်းသုံးနေစဉ် အိပ်ပျော်သွားရာမှ ကွမ်းနင်ပြီး… See more
ကွမ်းယာငုံထားရင်း အိပ်ပျော်သွားရာမှ ကွမ်းနင်ပြီးအသက်ရှုလမ်းကြောင်းပိတ်ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ရမှု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထန်းတပင် မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကွမ်းနင်၍ သေဆုံးခဲ့သူဟာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ လိပ်ကုန်းရွာနေ အသက်(၃၀)ကျော် အရွယ်ရှိသည့် ကွမ်းကြိုက်သူအမျိုးသားတစ်ဦးဖြစ်တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
“သူက ထန်းတပင် လိပ်ကုန်းမှာနေတယ်။ ဖြစ်စဉ်က သူက အိပ်ရာထဲလှဲနေရင်း ကွမ်းငုံပြီးတော့ ဖုန်းသုံးနေတယ်ပြောတယ်။ ဖုန်းသုံးရင်းနဲ့မှ အိပ်ပျော်သွားရင်းကွမ်းနင်သွားတယ်ထင်ပါတယ်။ ခဏနေတော့ သူက ခေါ်လို့မရတော့ဘူး၊ သတိလစ်သွားတယ်လို့
ကျနော်တို့ အဖွဲ့ကို လူနာကို ဆေးရုံပို့ဖို့ အကြောင်းကြားလာတယ်။ ကျနော်တို့လဲ လူနာကို အသက်ကယ်ခဲ့သေးတယ်၊ ဒါပေမဲ့ မရဘူး ဆေးရုံရောက်ပြီး ခဏအကြာမှာပဲသေဆုံးသွားခဲ့ပါတယ်။ အသက်ရှုလမ်းကြောင်းကို ပိတ်သွားတယ်လို့ ပြောပါတယ်။
ဒါကြောင့် ကွမ်းယာအလွန်ကြိုက်တတ်တဲ့ ညီအကိုမောင်နှမတွေ ဒီလိုဖြစ်ရပ်လေးတွေ အပေါ်မှာသတိလေးထားစေချင်ပါတယ်။”လို့ လှိုင်သာယာမြို့နယ်ရှိ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ့ပလက်ဖောင်းကို ပြောပြခဲ့ပါတယ်။
Credit Original writer
Unicode
အမျိုးသားတစ်ဦး ကွမ်းယာငုံထားရင်း ဖုန်းသုံးနေစဉ် အိပ်ပျော်သွားရာမှ ကွမ်းနင်ပြီး… See more
ကွမ်းယာငုံထားရင်း အိပ်ပျော်သွားရာမှ ကွမ်းနင်ပြီးအသက်ရှုလမ်းကြောင်းပိတ်ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ရမှု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထန်းတပင် မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်
အဆိုပါ ကွမ်းနင်၍ သေဆုံးခဲ့သူဟာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ လိပ်ကုန်းရွာနေ အသက်(၃၀)ကျော် အရွယ်ရှိသည့် ကွမ်းကြိုက်သူအမျိုးသားတစ်ဦးဖြစ်တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတ
“သူက ထန်းတပင် လိပ်ကုန်းမှာနေတယ်။ ဖြစ်စဉ်က သူက အိပ်ရာထဲလှဲနေရင်း ကွမ်းငုံပြီးတော့ ဖုန်းသုံးနေတယ်ပြောတယ်။ ဖုန်းသုံးရင်းနဲ့မှ အိပ်ပျော်သွားရင်းကွမ်းနင်သွားတယ်ထင်ပါတယ်။ ခဏနေတော့ သူက ခေါ်လို့မရတော့ဘူး၊ သတိလစ်သွားတယ်လို့
ကျနော်တို့ အဖွဲ့ကို လူနာကို ဆေးရုံပို့ဖို့ အကြောင်းကြားလာတယ်။ ကျနော်တို့လဲ လူနာကို အသက်ကယ်ခဲ့သေးတယ်၊ ဒါပေမဲ့ မရဘူး ဆေးရုံရောက်ပြီး ခဏအကြာမှာပဲသေဆုံးသွားခဲ့ပါတယ်။ အသက်ရှုလမ်းကြောင်းကို ပိတ်သွားတယ်လို့ ပြောပါတယ်။
ဒါကြောင့် ကွမ်းယာအလွန်ကြိုက်တတ်တဲ့ ညီအကိုမောင်နှမတွေ ဒီလိုဖြစ်ရပ်လေးတွေ အပေါ်မှာသတိလေးထားစေချင်ပါတယ်။”လို့ လှိုင်သာယာမြို့နယ်ရှိ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ့ပလက်ဖောင်းကို ပြောပြခဲ့ပါတယ်။Credit Original writer