ငွေသိန်း(၁၀၀) ကောက်ရသော်လည်း အသက်အန္တရာယ်ကြားက ပိုင်ရှင်ထံ ပြန်ပို့နိုင်ခဲ့သူ

ငွေသိန်း(၁၀၀) ကောက်ရသော်လည်း အသက်အန္တရာယ်ကြားက ပိုင်ရှင်ထံ ပြန်ပို့နိုင်ခဲ့သူ

ငွေသိန်း(၁၀၀) ကောက်ရသော်လည်း အသက်အန္တရာယ်ကြားက ပိုင်ရှင်ထံ ပြန်ပို့နိုင်ခဲ့သူ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို.၊ နဝန်းကမ်းနားလမ်းနေ ဦးစန်းဝင်း(ဆိုက်ကားဆရာ၊ နိဗ္ဗာန်ဆော် ) ဆိုက်ကားနံပါတ်- ၁၆၆၁ ဖြင့် ဆိုက်ကားနင်းအသက်မွေးဝမ်းကြောင်းပြုနေပြီး အကျီအနွမ်းလေးဝတ်၊ ဦးထုပ်အဟောင်းလေးဆာင်းပြီး နေပူပူမှာ ဘ၀၀မ်းစာရေးကိုဖြေရှင်းနေရပေမယ့် စိတ်ဓါတ် ရိုးသားမြင့်မြတ်သူရဲ. နိုင်ငံကြီးသားပီသလှတဲ့ ဖြစ်ရပ်လေး ကိုဂုဏ်ပြုလိုက်ရပါတယ်။

လွန်ခဲ့တဲ့(၃၀) ရက်နေက လစာထုတ်ရက်မို. မြန်မာ့စီးပွားရေးဘဏ်မှာ ငွေထုတ်သူတွနဲ.စည်ကားလှတဲ့အချိန်၊နေ.လည်ပိုင်းမှာ ဌာနဆိုင်ရာတစ်ခုက ငွေစာရင်းကိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ မြန်မာ့စီးပွားရေးဘဏ်ဘေးက ပီစီအိုဘးမှာ ငွေ ထုပ် ချပြီး တယ်လီဖုံးပြောနေခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ.ကိုလာကြိုတဲ့ သူတို.ဌာနကကားရောက်လာတာမို. အလောသုံးဆယ်ကားပေါ်တက်လိုက်ပါတယ်။ ဒုဝန် ကြီးကလည်း ရုတ်တရက်ရောက်လာမှာမို. ကားပေါ်ပါသူတွေရော သူမတို.ပါ စိတ်လောနေကြတယ်။

ဌာနကိုရောက်လို. လစာငွေထုပ်တွေစစ်လိုက်မိတော့ ကျပ်သိန်း(၉၀)ကျော်ငွေထုပ်ဟာ သူမဖုံးပြောနေတဲ့ မြန်မာ့စီးပွားေ ရးဘဏ်ဘေးနားက ပီစီအိုနားမှ ကျန်ခဲ့တာသိသွားခဲ့ပါတယ်။ ချက်ချင်း ကားနဲ. ပြန်သွားပေမယ့် ငွေထုပ်ပြန်ရဖို.ဆိုတာ လုံးဝမသေချာတော့ပါဘူး။ စာရင်းကိုင်ဝန်ထမ်းအမျိုးသမီးလည်း ခေါင်းမီးတောက်နေပြီး ကျန်လုပ်ဖော်ကိုင်ဖက်တွေက လည်းစိတ်မကောင်းကြီးစွာ ရှိနေခဲ့ကြပါတယ်။

ဘဏ်ဘေးနားမှ ဆိုက်ကားရပ်ထားပြီး ခရီးသည်စောင့်နေတဲ့ ဦးစန်းဝင်းကကျွတ်ကျွတ်အိတ်နဲ.ထုပ်ထားတဲ့ အထုပ်တစ် ကိုသူ.ဘေးနားမှတွေ.လို.ဖွင့်ကြည့်လိုက်တော့ ငွေတွေတွေ.ပါတယ်။ ဒါနဲ. ငွေထုတ်အိတ်မှာ ပန်းတောင်းလို.ရေးထား တာတွေ.လို. ငွေထုပ်တင်ပြီး ပန်းတောင်းကားဂိတ်ကိုသွားခဲ့တယ်။ ဒါပေမယ့် ကားဂိတ်မှာ ဘယ်သူမှမတွေ.တာကြောင့် သူဆိုက်ကားဂိတ်ထိုးတဲ့ ဘဏ်နားကိုပဲပြန်လာခဲ့တယ်။

အဲဒီအချိန်မှာ လူ(၃)ယောက်က ဦးစန်းဝင်း အမူအယာကိုကြည့်ပြီး လက်ထဲကငွေထုပ်ဟာ သူတို.ဟာဆိုပြီး ပေးဖို .ပြော လာတယ်။ မပေးရင်လည်းအန္တရာယ်ပြုမယ့် ပုံသဏ္ဍာန်ရှိပါတယ်။

ဦးစန်းဝင်းက အခြေအနေကိုကြည့်လိုက်ပြီး ” မင်းတို.ပိုက်ဆံဆိုရင် ရဲဆီမှာဘဏ်ထဲမှာပြန်ယူကွာ” ဆိုပြီး၊ မြန်မာ့စီးပွားေ ရးဘဏ်ရှေ.ရှိ လုံခြုံရေးရဲတပ်သားကတဆင့် ဘဏ်မန်နေဂျာလက်ထဲကို သွားအပ်လိုက်ပါတယ်။ ထိုလူ(၃)ယော က်လ ည်း မယောင်မလည်နဲ. ပြန်ပြေးသွားကြပါတယ်။

မကြာခင် ငွေထုပ်ပျောက်တဲ့ ဌာနဆိုင်ရာက စာရင်းကိုင်အမျိုးသမီးရောက်လာပါတယ်။ ဘဏ်မန်နေဂျာရှေ.မှာ သူမေ့ကျန် ခဲ့တဲ့ ကျွတ်ကျွတ်အိတ်နဲ.ငွေထုပ်ကို အံသြဝမ်းသာစွာတွေ.လိုက်ရပါတယ်။ သူမလည်း သူ.ငွေထုပ်ဖြစ်ကြောင်း၊ ဌာနဆိုင် ရာမှ ဝန်ထမ်းလစာများဖြစ်ကြောင်းနဲ. သူမကိုလည်း ဘဏ်မန်နေဂျာက သိတဲ့အတွက် ပြန်ပေးလိုက်ပါတယ်။

သူမဟာ ဆိုက်ကားဆရာ ဦးစန်းဝင်းကို ကျေးဇူးတင်လွန်းလို. သူမယခုလရမယ့် လစာ ကျပ်(၁)သိန်းကို ကန်တော့ပြီး၊ အများရှေ.မှာပဲ လက်အုပ်ချီမိုးထိုင်ကန်တော့ခဲ့ပါတယ်။ ဦးစန်းဝင်းက မယူပါဘူး အတင်းငြင်းပါတယ်။သူမက ကျေးဇူးရှင် မို.ယူပါဆိုပြီး ငိုယိုပြီးတောင်းပန်မှ လက်ခံယူပါတယ်။

ဘဏ်မန်နေဂျာအပါအဝင် အားလုံးက အဲဒီ့ဖြစ်ရပ်ကို မျက်ရည်ဝဲလျက်ဝမ်းနည်းဝမ်းသာ ကြည့်ရှူနေခဲ့ကြပါတယ်။ဒါကြောင့် ရိုးသားလှတဲ့ နိုင်ငံကြီးသားစိတ်ဓါတ်ကို ရှိတဲ့ ဆိုက်ကားဆရာဦးစန်းဝင်းကို အတုယူကြဖို့တိုက်တွန်းရင်း ဂုဏ်ပြုလိုက်ရပါတယ်။

Credit:Sitt Thway KaByar


Leave a Reply

Your email address will not be published.