ညအချိန် ရည်းစားဖြင့် ချိန်းတွေ့နေသော ကောင်လေးအား အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ရပ်ပြီး ‘မင်းတို့မှာဘာပါလဲ’ ဟု မေးရာ… See more

ညအချိန် ရည်းစားဖြင့် ချိန်းတွေ့နေသော ကောင်လေးအား အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ရပ်ပြီး ‘မင်းတို့မှာဘာပါလဲ’ ဟု မေးရာ… See more

ညအချိန် ရည်းစားဖြင့် ချိန်းတွေ့နေသော ကောင်လေးအား အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ရပ်ပြီး ‘မင်းတို့မှာဘာပါလဲ’ ဟု မေးရာ… See more

ပဲခူးမြို့လယ်ကောင် ပဲခူးမြို့မရဲစခန်းပိုင် နယ်မြေတွင် ည ၈ နာရီခန့်က အမှောင်ရိပ်၌ သမီးရည်းစားသဘာဝ ချိန်းတွေ့ပြီး စကားပြောနေသော အမျိုးသားတစ်ဦးအား ဆိုင်ကယ်စီး၍ ရောက်ရှိလာသော အခြားအမျိုးသား နှစ်ဦးက

ရန်ရှာပြီး ဓားဖြင့်ထိုးသောကြောင့် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ည ၈ နာရီခန့်တွင် မဝါဝါမိုးဆိုသူသည် ရည်းစားဖြစ်သူ ဇော်ဖြိုးထက် အသက်(၂၅ နှစ်) ၊ ပဲခူးမြို့နယ် ဘုရားကြီးမြို့ရှမ်းစုရပ်ကွက် နေထိုင်သူနှင့်

ပဲခူးမြို့ဗိုလ်ကုန်း ၁၈ ရပ်ကွက် အသောက ဘုန်းကြီးကျောင်းနှင့် မဟာစည်ဘုန်းကြီး ကျောင်းလမ်းကြား အမှောင်ရိပ်တွင် ဆိုင်ကယ်အား ရပ်ထားပြီး သမီးရည်းစားသဘာဝ ချိချိန်းတွေ့စကားပြောနေစ

ဒန်နူးအသက် (၃၀ နှစ်) ပဲခူးမြို့ ကမာနတ်ကျေးရွာ သားသတ်ဝင်းအတွင်း နေထိုင်သူနှင့် စည်သူလွင် (ခ) အလတ်ကောင်အသက် (၂၀ နှစ်) ၊ ပဲခူးမြို့ ကမာနတ်ကျေးရွာ တောင်ပိုင်း နေထိုင်သူတို့သည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး

ဆိုင်ကယ်နောက်မှ စီးနင်းသူ စည်သူလွင် ( ခ) အလတ်ကောင်က ‘မင်းတို့မှာဘာပါလဲ’ ဟု မေးသဖြင့် ဇော်ဖြိုးထက်က ဘာမှမပါကြောင်း ပြောသောအခါ စည်သူလွင်က ‘မင်းကဘာကောင်မို့လဲ’ ဟု ပြောပြီ

ဇော်ဖြိုးထက် မျက်နှာအား လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။ ထို့နောက် ဇော်ဖြိုးထက်က တောင်းပန်ပြောဆိုသော်လည်း မရဘဲ စည်သူလွင် ဆိုသူက အသင့်ပါလာသော ကိုးလက်မခန့်ရှိ နှစ်ဖက်အသွားပါ ဓားဦးချွန်ဖြင့် ဇော်ဖြိုးထက်၏ ဝဲဘက်ရင်အုံသို့

ထိုးသွင်းပြီး ထွက်ပြေးသွားခဲ့ကြသည်။ ထိုကဲ့သို့ ထိုးသွင်းဒဏ်ရာရသဖြင့် မဝါဝါမိုးက အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားပြီး ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံကြီးအရောက်တွင် သေဆုံးသွားကြောင်း သိရသည်

“ဖြစ်တာက ည ၈ နာရီလောက်မှာ ကျွန်တော်တို့ ရဲစခန်းက သိရတော့ ကိုးနာရီထိုးလောက်မှ သိရတယ်။ ဖြစ်ဖြစ်ချင်း ဘယ်သူတွေလဲဆိုတာ မသိဘူး။ ကျွန်တော်တို့ စုံစမ်းတော့ ကမာနတ်ဘက်ကလို့ သိရတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဖမ်းဆီးရမိရေးအတွက် ဆက်လက်လုပ်ဆောင်တဲ့အခ

ကမာနတ်ရွာက လျှပ်စစ်ဝင်းကြီးရဲ့ အရှေ့ဘက်နားမှာရှိတဲ့ ဘိလိယက်ခုံနားမှာပုန်းပြီး အိပ်နေတာကိုသိပြီး သက်သေခံဓားနဲ့အတူ စည်သူလွင်ကို ည ၁၁ နာရီခွဲလောက်မှာ ဖမ်းဆီးရမိခဲ့တယ်။ နောက်တစ်ယောက်ကိုလည်း ဖမ်းမိတော့မှာပါ။ အားလုံးစီစဉ်ပြီးပါပြီ” ဟု ပဲခူးမြို့မစခန်းမှူး ဒုရဲမှူးနိုင်စိုးက ပြောကြားသည်။

Credit Original writer


Leave a Reply

Your email address will not be published.