CELE
အချစ်တစ်ခုတည်းအတွက် အကုန်လုံးကို ထားခဲ့ပြီး အိမ်ထောင်သည်ဘဝ ထူထောင်ခဲ့တာဆိုတဲ့ အမရာငြိမ်း
June 20, 2022 – by admin – Leave a Comment
အမရာငြိမ်းဟာ Miss Myanmar International (2015) Winner တစ်ဦးဖြစ်တဲ့အပြင်
Miss Universe Myanmar 2013၊ Miss Universe Myanmar 2018 ပြိုင်ပွဲတွေမှာလည်း
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် တစ်ဦးဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ငယ်စဉ်က
Miss People ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
အလှမယ် အမရာငြိမ်းဟာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုင်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး
အချစ်တစ်ခုတည်းအတွက် အကုန်လုံးကို ထားခဲ့ပြီး အိမ်ထောင်သည်ဘဝ ထူထောင်ခဲ့ကြောင်း အခုလို ပြောလာပါတယ်။
သူမဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း လူမှုကွန်ရက်မှာ မကြာခန ဝေမျှ ပေးနေသူ ဖြစ်ပါတယ်။
“Facebook ပေါ်မှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးရေးဖြစ်၊ မျှဝေဖြစ်တယ်ဆိုတာ ကိုယ်အတွေ့အကြုံနဲ့ရင်းပြီး
မိန်းကလေးတွေ သိသင့်သိထိုက်အောင်လို့ပါ။ ကိုယ်ကလည်း အချစ်ကိုမျက်စိမှိတ် ယုံတတ်သူပေါ့။
အချစ်တစ်ခုနဲ့ပဲ အကုန်လုံးကိုထားခဲ့ပြီး အိမ်ထောင်ပြုခဲ့တာဆိုတော့ ကိုယ့်အတွေ့အကြုံတွေအကြောင်းရေးပြရုံပါ။
အမျိုးသမီးတွေက အချစ်နဲ့ပတ်သက်ရင်ပိုပြီးရူးသွပ်ကြတယ်လို့မြင်ပါတယ်။ အမရာက တော် တော်ချစ်တတ်တဲ့အထဲတော့ပါတယ်။
ဒါပေမယ့်အသက်အရွယ်တစ်ခု ရလာတဲ့အချိန်ကျတော့ အချစ်ကိုအရမ်းရူးသွပ်ပြတာမျိုးတွေမဖြစ်တော့ဘူး။
ဒါပေမယ့်ချစ်တာတော့ချစ်တတ်တုန်းပါ”ဆိုပြီး အမရာကပြောပြခဲ့ပါတယ်။
Miss Myanmar International 2015 (Winner) အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တဲ့
အလှမယ် အမရာငြိမ်းက သူ့အနေနဲ့ အိမ်ထောင်ပြုထားတာ ၂နှစ်ပြည့်တော့မှာဖြစ်ပေမယ့်
လည်းကလေးယူဖို့အစီအစဥ်မ ရှိသေးတဲ့အကြောင်းကို ပြောပြလာပါတယ်။
ခင်ပွန်းဖြစ်သူကလည်း ကလေးနဲ့ပတ်သက်ပြီး တောင်းဆိုမှုမျိုးမရှိတဲ့ အကြောင်းကိုတော့
“ကလေးယူဖို့တော့စိတ်ကူးလုံးဝမရှိပါဘူး။ တစ်ချိန်ချိန်မှာတော့ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။
စကားဆိုတာတော့အကုန်မပြောတာတော့ကောင်းတာပေါ့နော်။ ဒါပေမယ့် အမရာကတော့ အချိန်တွေ သိပ်မပေးနိုင်သေးဘူး။
အမေဖြစ်တယ်ဆိုတာက အရမ်းကိုSpecial ဖြစ်ပြီးတော့ အရမ်းတာဝန်ကြီးတယ်လို့ ထင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အဲ့လိုလုပ်ဖြစ်လောက်တဲ့အထိ Qualified မဖြစ်သေးဘူးလို့ ထင်တယ်။
သူကတော့အဲ့လိုကြီးတော့ ကလေးမွေးကို မွေးပေးရမယ်။ ဘယ်လိုကြီး လုပ်ပေးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ တော့ မပြောပါဘူး။
အတင်းအကြပ် တောင်းဆိုတာမျိုး၊ စွက်ဖက်တာမျိုး အဲ့လိုကြီးတော့မရှိပါဘူး” လို့ ပြောပြပါတယ်။
Credit
Zawgyi
အမရာငြိမ်းဟာ Miss Myanmar International (2015) Winner တစ်ဦးဖြစ်တဲ့အပြင်
Miss Universe Myanmar 2013၊ Miss Universe Myanmar 2018 ပြိုင်ပွဲတွေမှာလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့
အလှမယ် တစ်ဦးဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ငယ်စဉ်က Miss People ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
အလှမယ် အမရာငြိမ်းဟာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုင်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အချစ်တစ်ခုတည်းအတွက်
အကုန်လုံးကို ထားခဲ့ပြီး အိမ်ထောင်သည်ဘဝ ထူထောင်ခဲ့ကြောင်း အခုလို ပြောလာပါတယ်။ သူမဟာ အိမ်ထောင်ရေးနဲ့
ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း လူမှုကွန်ရက်မှာ မကြာခန ဝေမျှ ပေးနေသူ ဖြစ်ပါတယ်။
“Facebook ပေါ်မှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးရေးဖြစ်၊ မျှဝေဖြစ်တယ်ဆိုတာ ကိုယ်အတွေ့အကြုံနဲ့ရင်းပြီး
မိန်းကလေးတွေ သိသင့်သိထိုက်အောင်လို့ပါ။ ကိုယ်ကလည်း အချစ်ကိုမျက်စိမှိတ် ယုံတတ်သူပေါ့။ အချစ်တစ်ခုနဲ့ပဲ အကုန်လုံးကိုထားခဲ့ပြီး
အိမ်ထောင်ပြုခဲ့တာဆိုတော့ ကိုယ့်အတွေ့အကြုံတွေအကြောင်းရေးပြရုံပါ။
အမျိုးသမီးတွေက အချစ်နဲ့ပတ်သက်ရင်ပိုပြီးရူးသွပ်ကြတယ်လို့မြင်ပါတယ်။ အမရာက တော် တော်ချစ်တတ်တဲ့အထဲတော့ပါတယ်။
ဒါပေမယ့်အသက်အရွယ်တစ်ခု ရလာတဲ့အချိန်ကျတော့ အချစ်ကိုအရမ်းရူးသွပ်ပြတာမျိုးတွေမဖြစ်တော့ဘူး။
ဒါပေမယ့်ချစ်တာတော့ချစ်တတ်တုန်းပါ”ဆိုပြီး အမရာကပြောပြခဲ့ပါတယ်။
Miss Myanmar International 2015 (Winner) အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တဲ့
အလှမယ် အမရာငြိမ်းက သူ့အနေနဲ့ အိမ်ထောင်ပြုထားတာ ၂နှစ်ပြည့်တော့မှာဖြစ်ပေမယ့်လည်း
ကလေးယူဖို့ အစီအစဉ်မ ရှိသေးတဲ့အကြောင်းကို ပြောပြလာပါတယ်။ ခင်ပွန်းဖြစ်သူကလည်း ကလေးနဲ့ပတ်သက်ပြီး
တောင်းဆိုမှုမျိုးမရှိတဲ့ အကြောင်းကိုတော့“ကလေးယူဖို့တော့စိတ်ကူးလုံးဝမရှိပါဘူး။ တစ်ချိန်ချိန်မှာတော့ပြောင်းလဲ
ကောင်းပြောင်းလဲနိုင်ပါတယ်။ စကားဆိုတာတော့အကုန်မပြောတာတော့ကောင်းတာပေါ့နော်။
ဒါပေမယ့် အမရာကတော့ အချိန်တွေ သိပ်မပေးနိုင်သေးဘူး။ အမေဖြစ်တယ်ဆိုတာက အရမ်းကိုSpecial
ဖြစ်ပြီးတော့ အရမ်းတာဝန်ကြီးတယ်လို့ ထင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အဲ့လိုလုပ်ဖြစ်လောက်တဲ့အထိ Qualified မဖြစ်သေးဘူးလို့ ထင်တယ်။ သူကတော့အဲ့လိုကြီးတော့
ကလေးမွေးကို မွေးပေးရမယ်။ ဘယ်လိုကြီး လုပ်ပေးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ တော့ မပြောပါဘူး။
အတင်းအကြပ် တောင်းဆိုတာမျိုး၊ စွက်ဖက်တာမျိုး အဲ့လိုကြီးတော့မရှိပါဘူး” လို့ ပြောပြပါတယ်။
Credit