ချစ်ရတဲ့တစ်ဦးတည်းသောသားလေးနဲ့ ကတောက်ကဆအဆင်မပြေမှုတွေဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ထွန်းအိန္ဒြာဗိုလ်

ချစ်ရတဲ့တစ်ဦးတည်းသောသားလေးနဲ့ ကတောက်ကဆအဆင်မပြေမှုတွေဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ထွန်းအိန္ဒြာဗိုလ်

CELE
ချစ်ရတဲ့တစ်ဦးတည်းသောသားလေးနဲ့ ကတောက်ကဆအဆင်မပြေမှုတွေဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ထွန်းအိန္ဒြာဗိုလ်
June 21, 2022 – by admin – Leave a Comment

ထွန်းအိန္ဒြာဗိုလ်ဆိုတာနဲ့ပရိသတ်တွေချစ်ရတဲ့နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ပါ။ ရုပ်ရှင်လောကမှာရော အဆိုတော်လောကမှာပါအောင်မြင်မှုတွေရရှိခဲ့တာပါ။

ဒါကြောင့်လည်းယနေ့ထိအောင်မြင်မှုတွေများစွာနဲ့ပရိသတ်တွေအားပေးနေရတာပါ။သူမဟာအခုမှာတော့ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ပျော်ရွှင်စအချိန်လေးတွေဖြတ်သန်းနေတာပါ။

 

 

သားလေးကလည်းအရွယ်ရောက်လာချိန်ဖြစ်တာကြောင့် သားနဲ့အမေကြားမှာရှိတဲ့ခံစားချက်လေးတွေထိန်းကြောင်းမှုလေးတွေကိုခုလိုပြောပြခဲ့တာပါ။

သား နဲ့ ကျွန်မ ကြားမှာ ကွာဟမှုလေးတွေရှိနေပါတယ်အဖြေရှာတော့ အသက်အရွယ် အတွေ့အကြုံ မတူညီခြင်းက အဓိက ပါ…..

သားက ၁၆ နှစ်ကျမက ၅၆ နှစ်လေမိဘ နေရာရောက်လာတော့ သား သမီးအပေါ်သူ မှားနေ မှန်နေတာလေးတွေ အတွက် စကားစမြည် မကြာခဏပြောဖြစ်ရပါတယ်။

 

သားလက်ခံ အဆင်ပြေတာရှိသလိုသားနားလည်နိုင်စွမ်းမရှိပဲ ငြင်းပယ်ခံရတာလည်းရှိပါတယ်…သားတို့သင်ကြားမှုအတွေ့အကြုံအရယုတ္တိမတန်ရင် လက်ခံလေ့မရှိပါဘူးသားက နူးညံ့ပျော့ပျောင်း ပေမယ့်သူလက်မခံနိုင်တဲ့ကိစ္စအတွက် အလွန်ခေါင်းမာပါတယ်ကျမက ဘာသာတရားရဲ့အဆုံးအမနဲ့ ကျမ တတ်စွမ်းသလောက်လေးသားကို

သင်ကြားလေ့ရှိပါတယ်သားကငယ်ငယ်ကလိုမိဘ ပြောသမျှ မျက်လုံးအဝိုင်းသားနဲ့ နားထောင်လေ့ မရှိတော့ပဲသူ သင်ကြားသိမြင်သမျှနဲ့ ကျမ ကိုပြန်မေးခွန်းထုတ်လေ့ရှိတယ်သူ့စိတ်ဝင်စားမှုအတွက် ကျမ ကျေနပ်ရပါတယ်တခါတရံလည်းသူ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့

ကျမရဲ့ ဆုံးမစကားတချို့အပေါ်ရန်လိုတာမျိုးအထိ ကြုံရတတ်ပါတယ်.( သူ ခံစားနေရတာလေးကို ထည့်တွက်ပေးဖိုလိုတယ် လို့ ကျမ သင်ကြား မိပါတယ် )။

ကျမတွေးတယ် ကျမနဲ့သား အကြား ကွာဟမှုကအသိအမြင်level မတူကြဘူး level တူတဲ့ ကိစ္စလေးတွေမှာလည်းခံစားမှု degree မတူကြပြန်ဘူးလက်ခံပါတယ်လေအခြေခံအကြောင်းတရားတွေမှ မတူကြတာကိုးသဘာဝလက္ခဏာ နဲ့

 

 

သာမညလက္ခဏာ အဖြစ် ကျမတို့ ကွဲလွဲနေကြပါတယ်။သဘာဝလက္ခဏာဆိုတာရုပ်နာမ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာမျိုးပါဥပမာအမျိုးသမီးနဲ့အမျိုးသား ဆိုပါတော့။

အမျိုးသမီးတွေရဲ့ သဘာဝလက္ခဏာအားဖြင့်လှချင်တယ်စိတ်နုတယ်၊ချက်ပြုတ်ချင်တယ်အားငယ်တတ်တယ်မျက်ရည်ကျလွယ်တယ်စသဖြင့် အမျိုးသမီးတို့ရဲ့ ပင်ကိုယ်သဘာဝတွေဟာအမျိုးသမီးတို့ရဲ့ သဘာဝ လက္ခဏာတွေပါပဲအမျိုးသားတွေကတော့အကြမ်းခံတယ် ခွန်အားကြီးတယ်ရှာဖွေကျွေးမွေးလိုတယ်ရင်ဆိုင်ဖြေရှင်းလိုတယ်

စသဖြင့် အမျိုးသားတို့ရဲ့ အခြေခံသဘောသတ္တိတွေဟာလည်း အမျိုးသားတို့ရဲ့သဘာဝလက္ခဏာတွေဖြစ်ပါတယ်.

သာမညလက္ခဏာဆိုတာကတော့အမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေ အရာရာမမြဲခြင်းအားဖြင့် ခရီးဆက်နေကြရတယ်ဆိုတဲ့ ဘုံတူညီတဲ့ သဘောလက္ခဏာဖြစ်ပါတယ်.သားမှာ သားအသက်အရွယ်အရ လိုချင်တဲ့ အဝတ်အစား အသုံးအဆောင်သွားချင်တဲ့ေ

နရာလုပ်ချင်တဲ့ကိစ္စသူ့အရွယ်အရ ရင်ဆိုင်နေရတဲ့စိမ်ခေါ်မှုသူလုပ်ရမယ့်အလုပ်လေးတွေရဲ့ဖိအားစသည်ဖြင့် သားရဲ့ပတ်ဝန်းကျင်က သားအတွက် အကြီးကြီးဖြစ်နေတယ်.ကျမလည်း ကျမအရွယ်နဲ့ လိုက်ရောညီထွေတဲ့ ဖိအားမျိုးစုံရှိပါတယ်သို့သော် ကျမက မမြဲတဲ့သဘာဝကို နှလုံးသွင်းနိုင်တဲ့ အရွယ်မို့သားလို အကြီးကြီး ဖြစ်မနေပါဘူး.

သားက သဘာဝလက္ခဏာတွေမှာရွာလည်ရင်း သင်ယူနေရတဲ့အရွယ်ကျမ က သာမညလက္ခဏာနဲ့သားဖြစ်နေတာကို မြင်နိုင်တဲ့ အရွယ်ပေါ့အချိန်ဆိုတာ အဖြေတွေအများကြီးထုတ်ပေးနိုင်ပါတယ်အဲ့ဒီအဖြေတွေထဲမှာသားဇော

ကပ်နေတဲ့ ကျမစိတ်တွေကိုမမြဲကြောင်းဆင်ခြင်ရင်းသားလေးကို ကြီးပျင်းဖို့ အချိန်ပေးရမယ် ဆိုတဲ့ အဖြေလည်းပါဝင်ပါတယ်…..မိသားစုတိုင်း ပျော်ရွှင်အောင်မြင်နိုင်ကြပါစေဆိုပြီးပြောပြခဲ့တာပါ။

credit


Leave a Reply

Your email address will not be published.