မႏၲေလးမွာ စစ္သားတစ္ေယာက္ ဒြမ္ခံရ
MFP ၊ ဇြန္ – ၂၁
မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ သံလ်က္ေမွာ္ အေနာက္ ရပ္ကြက္ႀကီးထဲမွာ စစ္သားတစ္ဦးကို ဒီေန႔ ဇြန္လ (၂၁)ရက္ မနက္ပိုင္းက ဒြမ္ခံရတယ္လို႔ ေဒသခံအခ်ိဳ႕က MFP ကို ေျပာပါတယ္
ေအာင္ခ်မ္းသာ ရပ္ကြက္၊ ေဝယံထြန္း ကုန္စိမ္းေဈးေတာင္ဘက္က မိခင္အိမ္ အလည္ဝင္ေရာက္တဲ့အခ်ိန္ ဒြမ္ခံရတာျဖစ္တယ္လို႔ သိရပါတယ္
သူက ဒီရပ္ကြက္ကေတာ့ မဟုတ္ဘူး၊ သူ႔အေမအိမ္ အျခားသြားဖို႔ လာရင္း လမ္းႀကဳံလို႔ ဝင္တဲ့အခ်ိန္ က်ဳံးခံရတာ ၾကားတယ္၊ (၄) ခ်က္ အပစ္ခံရတာ၊ ပြဲခ်င္းၿပီးပဲလို႔ ၾကားတယ္ လို႔ ေဒသခံ တစ္ဦးက ေျပာဆိုပါတယ္
ဘယ္အဖြဲ႕အစည္းက ပစ္သြားတယ္ဆိုတာ မသိရေသးပါဘူး။ ပစ္ခတ္မႈျဖစ္ပြားတဲ့ေနရာကို စစ္အုပ္စုဝင္အခ်ိဳ႕ ေရာက္လာၿပီး စစ္ေဆးေနတယ္လို႔လည္း ေဒသခံေတြက ဆိုၾကပါတယ္
ေႏြဦးေတာ္လွန္ေရးကာလအတြင္း သံလ်က္ေမွာ္ အေနာက္ရပ္ကြက္ႀကီးထဲမွာ သတင္းေပးနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ (၄) ဦး ထက္မနည္း ဒြမ္ခံထားရပါတယ္
(မႏၲေလးမွာ ၿပီးခဲ့တဲ့ႏွစ္က ေသာင္းက်န္းရမ္းကားေနတဲ့ စစ္အုပ္စုဝင္အခ်ိဳ႕/ပုံေဟာင္း)
မန္တလေးမှာ စစ်သားတစ်ယောက် ဒွမ်ခံရ
MFP ၊ ဇွန် – ၂၁
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက် ရပ်ကွက်ကြီးထဲမှာ စစ်သားတစ်ဦးကို ဒီနေ့ ဇွန်လ (၂၁)ရက် မနက်ပိုင်းက ဒွမ်ခံရတယ်လို့ ဒေသခံအချို့က MFP ကို ပြောပါတယ်
အောင်ချမ်းသာ ရပ်ကွက်၊ ဝေယံထွန်း ကုန်စိမ်းဈေးတောင်ဘက်က မိခင်အိမ် အလည်ဝင်ရောက်တဲ့အချိန် ဒွမ်ခံရတာဖြစ်တယ်လို့ သိရပါတယ်
သူက ဒီရပ်ကွက်ကတော့ မဟုတ်ဘူး၊ သူ့အမေအိမ် အခြားသွားဖို့ လာရင်း လမ်းကြုံလို့ ဝင်တဲ့အချိန် ကျုံးခံရတာ ကြားတယ်၊ (၄) ချက် အပစ်ခံရတာ၊ ပွဲချင်းပြီးပဲလို့ ကြားတယ် လို့ ဒေသခံ တစ်ဦးက ပြောဆိုပါတယ်
ဘယ်အဖွဲ့အစည်းက ပစ်သွားတယ်ဆိုတာ မသိရသေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကို စစ်အုပ်စုဝင်အချို့ ရောက်လာပြီး စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်
နွေဦးတော်လှန်ရေးကာလအတွင်း သံလျက်မှော် အနောက်ရပ်ကွက်ကြီးထဲမှာ သတင်းပေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် (၄) ဦး ထက်မနည်း ဒွမ်ခံထားရပါတယ်
(မန္တလေးမှာ ပြီးခဲ့တဲ့နှစ်က သောင်းကျန်းရမ်းကားနေတဲ့ စစ်အုပ်စုဝင်အချို့/ပုံဟောင်း)