မင်္ဂလာဆောင်မဲ့နေ့က အသုဘနေ့ဖြစ်ခဲ့ရတဲ့သတိုးသားလောင်းတစ်ယောက်ရဲ့ ရင့်နင့်ဖွယ်အဖြစ်အပျက်

Zawgyi

မင်္ဂလာဆောင်မဲ့နေ့က အသုဘနေ့ဖြစ်ရတယ်လို့ကွာမနက်ဖန်မှာရပ်ကွက်(၄)အရုဏ်ဦးခန်းမမှာမင်္ဂလာပွဲကျင်းပဖို့ဖိတ်စာတွေဝေစီစဉ်ပြီးကာမှ လပြည့်နေ့ညမှာ

လားရှိုးမြို့မီးပုံးပြန်ပွဲမှအပြန်ယာဉ်မတော်တဆ(လားရှိုးမြို့ရှောင်လမ်းမှာ)မှုဖြစ်ပွားခဲ့ပြီးဆေးရုံရောက်ပြီးမကြာခင်အချိန်မှာပဲဆုံးပါးသွားတယ်လို့သိရှိရပါတယ်။

သတို့သားလောင်းညီလေးကရှေ့မှဆိုင်ကယ်မောင်းပြီးသတို့သမီးလောင်းကနောက်ကနေစီးနှင်းလိုက်ပါလာတယ်လို့သိရပါတယ်။သတို့သမီးလောင်းကတော့ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး

သတို့သားလောင်းကတော့ဆုံးပါးသွားခဲ့ပါတယ်။ညီလေးညီမလေးတွေ၊တူလေးတူမလေးတွေဆိုင်ကယ်စီးရင်ဖြေးဖြေးစီးပါ၊ဦးထုပ်ဆောင်းပြီးမေးသိုင်းကြိုးတပ်ပါ၊မလောပါနဲ့၊အချိန်ထက်အသက်ကပိုအရေးကြီးပါတယ်။

ကွယ်လွန်သွားရှာပြီဖြစ်သောမောင်ကျော်နိုင်ထွန်း(အသက်၂၀နှစ်)ဖြစ်လေရာဘဝရောက်လေရာအရပ်မှာအခုလိုအဖြစ်ဆိုးမျိုးနဲ့ဘယ်သောအခါမှမကြုံတွေ့ပါစေနဲ့လို့ဆုတောင်းဆန္ဒပြု ရင်းမင်္ဂလာဆောင်မဲ့ဖိတ်စာပါ။စိတ်မကောင်းစရာအသုဘနေ့ဖြစ်ဖြစ်သွားပါတယ်။

Credit-Original writer

Unicode

Credit: Original writer

Leave a Reply

Your email address will not be published.