မိဘတွေကို စိတ်ဆိုးပြီး အိမ်ကနေထွက်သွားတဲ့ မန္တလေးမြို့ မှ အမျိုးသမီးငယ်တစ်ဦး (၁၀)ရက်ကြာပြီးနောက်… See more

မိဘတွေကို စိတ်ဆိုးပြီး အိမ်ကနေထွက်သွားတဲ့ မန္တလေးမြို့ မှ အမျိုးသမီးငယ်တစ်ဦး (၁၀)ရက်ကြာပြီးနောက်… See more

Zawgyi

မိဘတွေကို စိတ်ဆိုးပြီး အိမ်ကနေထွက်သွားတဲ့ မန္တလေးမြို့ မှ အမျိုးသမီးငယ်တစ်ဦး (၁၀)ရက်ကြာပြီးနောက်… See more

မန္တလေးမြို့ မဟာအောင်မြေ မဟာမြိုင်လမ်းမှာ နေထိုင်တဲ့ မကြာဖြူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က မိဘတွေကို စိတ်ဆိုးပြီး အိမ်ကနေ ထွက်သွားပြီးနောက် ဒီနေ့အထိ ပြန်မလာသေးဘဲ

အဆက်အသွယ် မရကြောင်း ​သိရပါတယ်။သူမ အိမ်ကနေ ထွက်သွားပြီးနောက်ပိုင်း မိခင်ဆီ ဖုန်းတစ်ခုဝင်လာပြီး မကြာဖြူနဲ့ စကားပြောချင်ရင် ငွေ ၅ သောင်း ပေးရမယ်လို့

ပြောဆိုလာတာရှိတယ်လို့ အစ်မဖြစ်သူ မဝိုင်းဝိုင်းက ပြောပါတယ်။“ညီမလေးက ပလောင်၊ ထိုင်း၊ တရုတ်စကား အကုန်တတ်တယ်။ ဒီနေ့နဲ့ဆိုရင် ဆယ်ရက်ရှိပြီ ပြန်မလာတာ။

အိမ်ကလည်း အရမ်းစိတ်ပူတယ်။ ပြီးတော့ ဖုန်းနံပါတ်တစ်ခုက အမေ့ဆီ ဆက်လာတယ်။ ပိုက်ဆံ ၅ သောင်း ပေးရင် သူနဲ့ Video call ပေးပြောမယ်လို့ အမေ့ဆီပြောတယ်”

ပျောက်ဆုံးနေတဲ့ မကြာဖြူဟာ အသက် (၁၈)နှစ်ရှိပြီး လက်ရှိကာလမှာ အခြေအနေမကောင်းတာကြောင့် မိသားစုဝင်တွေ အရမ်းစိတ်ပူနေတယ်လို့ အစ်မဖြစ်သူက​ ဆိုပါတယ်။

မကြာဖြူကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-794 984 423 သို့ ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုက တောင်းဆိုထားပါတယ်။

Unicode

မိဘတွေကို စိတ်ဆိုးပြီး အိမ်ကနေထွက်သွားတဲ့ မန္တလေးမြို့မှ အမျိုးသမီးငယ်တစ်ဦး (၁၀)ရက်ကြာပြီးနောက်… See more

မန္တလေးမြို့ မဟာအောင်မြေ မဟာမြိုင်လမ်းမှာ နေထိုင်တဲ့ မကြာဖြူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က မိဘတွေကို စိတ်ဆိုးပြီး အိမ်ကနေ ထွက်သွားပြီးနောက် ဒီနေ့အထိ ပြန်မလာသေးဘဲ

အဆက်အသွယ် မရကြောင်း သိရပါတယ်။သူမ အိမ်ကနေ ထွက်သွားပြီးနောက်ပိုင်း မိခင်ဆီ ဖုန်းတစ်ခုဝင်လာပြီး မကြာဖြူနဲ့ စကားပြောချင်ရင် ငွေ ၅ သောင်း ပေးရမယ်လို့

ပြောဆိုလာတာရှိတယ်လို့ အစ်မဖြစ်သူ မဝိုင်းဝိုင်းက ပြောပါတယ်။“ညီမလေးက ပလောင်၊ ထိုင်း၊ တရုတ်စကား အကုန်တတ်တယ်။ ဒီနေ့နဲ့ဆိုရင် ဆယ်ရက်ရှိပြီ ပြန်မလာတာ။

အိမ်ကလည်း အရမ်းစိတ်ပူတယ်။ ပြီးတော့ ဖုန်းနံပါတ်တစ်ခုက အမေ့ဆီ ဆက်လာတယ်။ ပိုက်ဆံ ၅ သောင်း ပေးရင် သူနဲ့ Video call ပေးပြောမယ်လို့ အမေ့ဆီပြောတယ်”

ပျောက်ဆုံးနေတဲ့ မကြာဖြူဟာ အသက် (၁၈)နှစ်ရှိပြီး လက်ရှိကာလမှာ အခြေအနေမကောင်းတာကြောင့် မိသားစုဝင်တွေ အရမ်းစိတ်ပူနေတယ်လို့ အစ်မဖြစ်သူက ဆိုပါတယ်။

မကြာဖြူကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-794 984 423 သို့ ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုက တောင်းဆိုထားပါတယ်။


Leave a Reply

Your email address will not be published.