သင့်ချစ်သူက သင့်ကို အရမ်းလွမ်းနေမှန်း သိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး
အချစ်မှာ ထူးဆန်းတဲ့ မှော်စွမ်းအင် ရှိတယ်လို့ လူတစ်ချို့က ပြောကြပါတယ်။ ချစ်တဲ့စိတ်နဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို လွမ်းတဲ့အခါ သူတို့ကိုယ်တိုင်က ဖွင့်မပြောရင်တောင် သဘာဝတရားကြီးက သူတို့အစား ပြောပေးတတ်ပါတယ်…
လူတစ်ယောက်က သင့်ကို ဖွင့်မပြောပဲ တိတ်တိတ်လေး အရမ်းလွမ်းနေတယ် ဆိုတာကို သိနိုင်မယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်…
(၁) အိပ်မက် မက်တယ်
အိပ်မက်ဆိုတာ စိတ်ဝိညာဉ်မှာ ဖြစ်နေတဲ့ အရာတစ်ခုပါ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို မပြောမိ၊ မတွေးမိပေမယ့် အိပ်မက်ထဲမှာ သူ့ကို တွေ့တယ်ဆိုရင်တော့ သင့်ကို သူ အရမ်းလွမ်းပြီး သတိရနေလို့ပါ…
သင့်အကြောင်းကို ထပ်ခါထပ်ခါ တွေးလွန်းပြီး သူ့ရဲ့စိတ်က သင့်အနားမှာပဲ တဝဲလည်လည် ဖြစ်နေလို့ပဲ ဖြစ်ပါတယ်…
(၂) မထင်မှတ်ပဲ တွေ့တယ်
သင့်ကို တစ်စုံတစ်ယောက်က အရမ်းလွမ်းတဲ့အခါ မမျှော်လင့်ပဲ သူနဲ့ ဆုံတာမျိုး၊ မချိန်းထားပဲနဲ့ တစ်နေရာတည်းကို အတူတူ ရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်…
သင့်ဖက်က တိုက်ဆိုင်မှုလို့ ထင်ကောင်း ထင်နိုင်ပေမယ့် တကယ်တော့ သင့်က ဒါမှမဟုတ် တစ်ဖက်လူက သင့်ကို အရမ်းသတိရနေလို့ပဲ ဖြစ်ပါတယ်။
(၃) စိတ်တွေ စုစည်းမရ ဖြစ်နေလိမ်မယ်
တစ်ခါတလေ ဘာကို လွမ်းလို့ လွမ်းမှန်း မသိပဲ ဆွေးနေတယ်၊ ငိုချင်သလိုလို ဖြစ်နေတယ် ဆိုရင်တော့ ဒါဟာ သင့်ကို တစ်ယောက်ယောက်က အရမ်းလွမ်းနေလို့ပါတဲ့ သင့်ကို လွမ်းလွန်းလို့ ခံစားနေရတဲ့ သူ့ရဲ့ ခံစားချက်တွေက သင့်ဆီမှာ ရောင်ပြန်ဟပ်နေတဲ့ သဘောပေါ့။
Credit
zawgyi
(၁) အိပ်မက် မက်တယ်
(၂) မထင်မှတ်ပဲ တွေ့တယ်
Credit