လူမဆန်တဲ့ ယခု လုပ်ရပ်အတွက် လုံးဝရှုံ့ချပါတယ်ဆရာဝန်ကားမကလို့ ဘယ်သူ့ကားကြီးပဲဖြစ်နေပါစေ ရှုံ့ချပါတယ်

လူမဆန်တဲ့ ယခု လုပ်ရပ်အတွက် လုံးဝရှုံ့ချပါတယ်ဆရာဝန်ကားမကလို့ ဘယ်သူ့ကားကြီးပဲဖြစ်နေပါစေ ရှုံ့ချပါတယ်

လူမဆန်တဲ့ ယခု လုပ်ရပ်အတွက် လုံးဝရှုံ့ချပါတယ်ဆရာဝန်ကားမကလို့ ဘယ်သူ့ကားကြီးပဲဖြစ်နေပါစေ ရှုံ့ချပါတယ်

လူကိုလူလိုမြင်ပေးပါလောက

လွန်ခဲ့သောအင်္ဂါနေ့ည 8:00နာရီအချိန်တွင် မြဝတီမြို့’ မေတ္တာမွန် ရုံရှေ့’၌ မေတ္တာတရားကင်းမဲ့သော အဖြစ်ပျက်တစ်ခုကို စာရေးသူရှေ့တွင်မျက်စိဖြင့် တပ်အပ်မြင်တွေ့ခဲ့ရသည်။

ဖြစ်ပုံမှာမေတ္တာမွန်ဆေးရုံက ဒေါက်တာတစ်ယောက်ကို လာကြိုသော ကားဟုသိရသည်။ကားနံပါတ် 6E-7541-အောက်ပုံပါကားမောင်းသူသည် ဆေးရုံရှေ့လမ်းဘေး၌ ကလေးကစားစရာ ရောင်း ဘုပေါင်းသည်နှင့်

ဘယာကြော်လေးတွေ ကြော်ရောင်းသော ဟိန္ဒူလူမျိုး ဈေးသည်တို့အား ‘မင်းတို့ လမ်းလွတ်အောင်ဖယ်’ဟုပြောပြီး သူ့ကားကို လမ်းဘေးသို့ချရပ်လိုက်သည်။

ဘုပေါင်းသည်က ဆေးရုံခြံစည်းရိုးတံတိုင်းထိ ကပ်ပေးကာ ဘယာကြော်ရောင်းသူ ဈေးသည်က ဆေးရုံတံတိုင်းဒေါင့်လောက်ထိ ရွှေ့ပြီး နေရာဖယ်ပေးလိုက်တာတွေ့ရသည်။

အဲ့ဒီလိုဖယ်ပေးပြီးတာကို ကားမောင်းသူက ဘယာကြော်ရောင်းသော ဟိန္ဒူ လူမျိုးဈေးသည် တည့်တည့် ဆောင့်မောင်းကာတိုက်ချလိုက်သည် ။ဈေးသည်တောာင် ဘေးအရှောင်မြန်၍ လွတ်သွားသည် သူရောင်းသော ဘယာကြော် စမူစာ ကော်ပြန့်ချောင်းလေးတွေပါမက ငြုပ်သီးတစ်တောင့်မကျန် လွင့်ကျဲမှောက်ကျကုန်သည်။

ကားမောင်းသူပါးစပ်ကပြောလိုက်သေးသည်။ ‘ဖယ်ဆိုတာကိုမဖယ်ဘူး နည်းတောင်နည်းသေးတယ်’ဟူ၏ ။မြင်ကွင်းက ဆို့နင့်စရာကောင်းသည် ဘယာကြော်ဈေးသည်’သည် မှောက်ကျကုန်သော သူဘယာကြော်လေးများကို တစ်ခုချင်းလိုက်ကောက်ထည့်နေသည် ဘေးမှဝိုင်းကြည့်နေသော လူများက အရော်တောင်းလေဆိုတော့

‘ကျနော်မတောင်းရဲပါဘူးဗျာ သူတမင်တိုက်တာပဲ ပေးမှာလဲမဟုတ်ပါဘူးတဲ့’ ။စာရေးသူက ဘယာကြော်သည်နားသွားပြီး “အကို မှောက်ကုန်တာ ဘယ်လောက်ဖိုးလောက်ရှိသလဲ မေးတော့” ငါးထောင်ဖိုးလောက်ပဲရှိပါတယ်ဟုဆို၍ ငွေ ငါးထောင်ထုတ်ပြီးသူလက်ထဲထည့်ပေးလိုက်သည်

“စိတ်မကောင်းပါဘူးအကို ဒီနားဆက်ရောင်းမနေပါနဲ့ ကျတာတွေလည်း သဲတွေနဲ့ကောက်မနေပါနဲ့”လို့ပြောလိုက်တော့ ။

” ကျေးဇူးပါဗျာ ကျနော် နောက်တစ်ရက်စာဈေးရောင်းပြန်ထွက်ဖို့ အရင်းမရှိလို့ ပြန်ကောက်နေတာပါ”တဲ့ ။

စာရေးသူ ထိုမြင်ကွင်းနားဆက်မနေချင်တော့တာနဲ့ ခပ်ဝေးဝေးသို့ထွက်လာလိုက်သည် ။ဆရာဝန်ကားမကလို့ ဘာကားမောင်းမောင်း လူကိုလူလိုမြင်ပေးပါ’ဟုမေတ္တာရပ်ခံအပ်ပါသည်လောကရေ ။အမြင်မတော်သ၍ ကျွန်ုပ်ဖုန်းကမရာအား လောကဘက်သို့အမြဲလှည့်ထားပါသည် ။

ဤပိုစ့်သတင်းနှင့်ပတ်သတ်၍လည်း အပြည့်အဝတာဝန်ခံပါသည် လီဆယ်စကားမဟုတ်သလို မှတ်တမ်းလည်းမြင်သည့်အတိုင်းပါခင်ဗျာ။ အကယ်၍သက်ဆိုင်သူယဉ်မောင်းဤပိုစ့်အားမြင်တွေ့ပါက

မန့်၌နောက်မဖြစ်စေရ လူစိတ်မွေးပါမည်ဟု ကတိလိုချင်ပါသည်။ အခြေနေမထူးပါက များမကြာ ဂျာနယ် သတင်းစာ များပေါ်သို့ ကုန်ကြမ်းအဖြစ်ဦးတည်နေပါကြောင်း ။ )

Credit-Yan Myo Aung Facebook မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်


Leave a Reply

Your email address will not be published.