Facebook Cele ချိုမာ(ခ) နော်ကြယ်စင် PDF ထောက်ပံ့မှုဖြင့် ဖမ်းဆီးခံရ

Facebook Cele ချိုမာ(ခ) နော်ကြယ်စင် PDF ထောက်ပံ့မှုဖြင့် ဖမ်းဆီးခံရ

Facebook Cele ချိုမာ(ခ) နော်ကြယ်စင် PDF ထောက်ပံ့မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ Facebook မှ တဆင့် Live လွှင့် ရောင်းချသူ Facebook Cele ချိုမာ(ခ) နော်ကြယ်စင်အား ယမန်နေ့ ညပိုင်းက ဖမ်းဆီးသွားကြောင်း သိရသည်။

ဇွန်လ ၁၇ ရက် ည (၇) နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ မြသီတာကွန်ဒိုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ချိုမာ(ခ) နော်ကြယ်စင်ကို ဖမ်းဆီးရန် ဟန်ငြိမ်းဦး ဆိုသူက သူ၏ တယ်လီဂရမ် ချန်နယ်တွင် ရေးသားခဲ့ပြီး မကြာမီ အချိန်တွင် သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ညအစောပိုင်းက အင်အား အများအပြားသုံးပြီးတော့ ဝင်ဖမ်းတာပါ။ တခြားရပ်ကွက်တွေထဲလည်း ဧည့်စာရင်း စစ်တာတွေ လုပ်တယ်။ အဓိကတော့ ဟန်ငြိမ်းဦး လက် ချက်ပေါ့” ဟု ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြော သည်။

ချိုမာ(ခ) နော်ကြယ်စင်သည် ထိုင်းနိုင်ငံမှ အလှကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ‌Facebook မှ တဆင့် Live လွှင့်ရောင်းချသူဖြစ်ပြီး ယမန်နေ့ညက ဖမ်းဆီးခံရစဉ် သူမ၏ ချစ်သူ အမျိုးသားကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

၎င်းအား ဖမ်းဆီးခြင်းမှာ PDF များအား ထောက်ပံ့မှုအပါ အဝင် နစက အစိုးရအား ဆန့်ကျင်သည့် ရေးသား မှုများ ရေးသားဖြန့်ဝေနေခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

လက်ရှိတွင် ၎င်းတို့ (၂) ဦးအား မည်သိနေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မသိရှိရသေးပေ။

Crd

UNICODE









Crd


Leave a Reply

Your email address will not be published.