စာမေးပွဲကျတဲ့ ၁၀ တန်း ကျောင်းသူတစ်ဦး A ဆိပ် သောက် thayဆုံး
အကုန်သိသတင်းဌာန
တက္ကသိုလ်ဝင်စာမေးပွဲကျဆုံးတဲ့ ရသေ့တောင်မြို့နယ်က ကျောင်းသူတစ်ဦးဟာ A ဆိပ် သောက်သောက်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာနေ အဲဒီ ကျောင်းသူဟာ (၁၉) နှစ်အရွယ်ဖြစ်ပြီး အောင်စာရင်းထွက်တဲ့
ဇွန် (၁၇) ရက်၊ နေ့ခင်း ၁၂ နာရီခန့်က ကြွက်သတ်ဆေးဘူးထဲက ဆေးနှစ်ပြားကို ဝါးစားခဲ့ပြီးနောက် အော့အန်တာကြောင့် မိသားစုက ပြည်သူ့ဆေးရုံကြီးဆီ ခေါ်ဆောင်ကုသပေးခဲ့ရာကနေ
ဒီနေ့ ဇွန် (၁၈) ရက်၊ မနက်အစောပိုင်း (၄) နာရီခန့်မှာ သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်၊အခြေစိုက်သတင်းဖော်ပြချက်အရ သိရပါတယ်
၎င်းဟာ တက္ကသိုဝင်(၁၀ တန်း)စာမေးပွဲကို ဒီနှစ်အပါအဝင် (၂) နှစ် ကျရှုံးဖူးသူဖြစ်ပေမယ့်မိသားစုဝင်တွေဘက်ကတော့ စာမေးပွဲကျရှုံးမှုအပေါ် ပြောဆိုကြိမ်းမောင်းမှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်
သူမရဲ့ Dbကိုတော့ ရသေ့တောင်မြို့သုဿန်မှာ ဇွန် ၁၈ ရက်၊ အခုနေ့လယ် ၁ နာရီက သင်္ဂြိုဟ်ပြီးပြီဖြစ်ပါတယ်
စစ်ကောင်စီရဲ့ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနေနဲ့ ၂၀% ဝင်ရောက်ဖြေဆိုတယ်လို့ သိရပြီး
ဖြေဆိုသူအားလုံးအောင်ချက် မြင့်မားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရတဲ့အပြင် ကျရှုံးသူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခြင်းမရှိတဲ့ ကျောင်းသား/သူ တွေ အတွက်ကိုလည်း ကုစားဖြေဆိုခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါသေးတယ်
#AKonThi #ဆယ်တန်း #စာမေးပွဲကျရှုံး #ရသေ့တောင်မြို့နယ်