စပါးစိုက်ပျိုးဖို့ လယ်ထဲတွင် လယ်သမားလင်မယား(၂)ဦး ကန်သင်းဆည်နေချိန်တွင် မြေကြီးထဲမှ… See more

စပါးစိုက်ပျိုးဖို့ လယ်ထဲတွင် လယ်သမားလင်မယား(၂)ဦး ကန်သင်းဆည်နေချိန်တွင် မြေကြီးထဲမှ… See more

Zawgyi

စပါးစိုက်ပျိုးဖို့ လယ်ထဲတွင် လယ်သမားလင်မယား(၂)ဦး ကန်သင်းဆည်နေချိန်တွင် မြေကြီးထဲမှ… See more

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာအုပ်စုရှိ သာစည်ကုန်းကျေးရွာတွင် ယနေ့နံနက်က မိုင်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိသွားသည့်လယ်သမားလင်မယား ၂ ဦးကို စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

မိုင်းပေါက်၍ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ဦးအေးစိန်ထွန်း(၅၂ နှစ်)နှင့် သူ၏ဇနီး ဒေါ်အေးစိန်နု (၄၇ နှစ်)တို့ဖြစ်သည်။သူတို့သည် ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က ရွာအနောက်ဘက်ရှိ သူတို့ပိုင်ဆိုင်သည့်လယ်တွင် ကန်သင်းဆည်နေချိန် မိုင်းပေါက်ကွဲမှုဖြစ်၍

ထိခိုက်ဒဏ်ရရာရှိခဲ့ခြင်းဖြစ်သည်ဟု အောင်ဗလကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစံအေးကျော်က နိရဉ္စရာကိုပြောသည်။“သူတို့လင်မယားနှစ်ယောက်က လယ်ကွင်းပြင်မှာ လယ်ကန်းသင်းပေါက်နေကြတာ။ တစ်ယောက်တစ်ဘက်စီ ပေါက်နေကြတာ။

အဲ့လိုပေါက်တော့ မိုင်းကို ပေါက်တူးနဲ့ ထိမိတယ်ထင်တယ်”ဟု ပြောသည်။မိုင်းပေါက်ကွဲမှုကြောင့် ဦးအေးစိန်ထွန်းတွင် မျက်လုံးနှစ်ဖက်နှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်အေးစိန်နုတွင် မျက်လုံးတစ်ဘက်နှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကျေးရွာအနီးတွင် ယခင်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်၂ ဦး စခန်းအနီးရှိတောင်ပေါ်သို့

 

မျှစ်သွားခူးစဉ် မိုင်းပေါက်ကွဲမှုဖြစ်၍ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားခဲ့သည်။အလားတူ မေလအတွင်းတွင်လည်း ကျောက်တော်၊ အမ်းနှင့် မင်းပြားစသည့်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဓာတ္ပုံ – Riyan Ko

 

Unicode

စပါးစိုက်ပျိုးဖို့ လယ်ထဲတွင် လယ်သမားလင်မယား(၂)ဦး ကန်သင်းဆည်နေချိန်တွင် မြေကြီးထဲမှ… See more

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာအုပ်စုရှိ သာစည်ကုန်းကျေးရွာတွင် ယနေ့နံနက်က မိုင်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိသွားသည့်လယ်သမားလင်မယား ၂ ဦးကို စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

မိုင်းပေါက်၍ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ဦးအေးစိန်ထွန်း(၅၂ နှစ်)နှင့် သူ၏ဇနီး ဒေါ်အေးစိန်နု (၄၇ နှစ်)တို့ဖြစ်သည်။သူတို့သည် ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က ရွာအနောက်ဘက်ရှိ သူတို့ပိုင်ဆိုင်သည့်လယ်တွင် ကန်သင်းဆည်နေချိန် မိုင်းပေါက်ကွဲမှုဖြစ်၍

ထိခိုက်ဒဏ်ရရာရှိခဲ့ခြင်းဖြစ်သည်ဟု အောင်ဗလကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစံအေးကျော်က နိရဉ္စရာကိုပြောသည်။“သူတို့လင်မယားနှစ်ယောက်က လယ်ကွင်းပြင်မှာ လယ်ကန်းသင်းပေါက်နေကြတာ။ တစ်ယောက်တစ်ဘက်စီ ပေါက်နေကြတာ။

အဲ့လိုပေါက်တော့ မိုင်းကို ပေါက်တူးနဲ့ ထိမိတယ်ထင်တယ်”ဟု ပြောသည်။မိုင်းပေါက်ကွဲမှုကြောင့် ဦးအေးစိန်ထွန်းတွင် မျက်လုံးနှစ်ဖက်နှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်အေးစိန်နုတွင် မျက်လုံးတစ်ဘက်နှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ယခုမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကျေးရွာအနီးတွင် ယခင်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်၂ ဦး စခန်းအနီးရှိတောင်ပေါ်သို့

မျှစ်သွားခူးစဉ် မိုင်းပေါက်ကွဲမှုဖြစ်၍ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားခဲ့သည်။အလားတူ မေလအတွင်းတွင်လည်း ကျောက်တော်၊ အမ်းနှင့် မင်းပြားစသည့်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဓာတ္ပုံ – Riyan Ko


Leave a Reply

Your email address will not be published.