မင်္ဂလာဆောင်ဖိတ်စာအပ်ခဲ့တဲ့ဆိုင်မှာပဲနာရေးအတွက်ဖိတ်စာထပ်အပ်ခဲ့ရတဲ့သတို့သား

မင်္ဂလာဆောင်ဖိတ်စာအပ်ခဲ့တဲ့ဆိုင်မှာပဲနာရေးအတွက်ဖိတ်စာထပ်အပ်ခဲ့ရတဲ့သတို့သား

မင်္ဂလာဆောင်ဖိတ်စာအပ်ခဲ့တဲ့ဆိုင်မှာပဲနာရေးအတွက်ဖိတ်စာထပ်အပ်ခဲ့ရတဲ့သတို့သား

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ညပိုင်း မင်္ဂလာဆောင် ဖိတ်စာ သွားဖိတ်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုးသည် ကောင်စီ တပ်များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

စဉ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ငြိမ်းချမ်းအောင်ရပ်ကွက်နေ ဦးကျော်ထွေးနှင့်ဒေါ်မိုးမိုးအေးတို့၏ သားဖြစ်သူ ကိုကျော်ကျော်မျိုးသည် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ယမန်နေ့ညပိုင်း မင်္ဂလာဆောင်ဖိတ်စာများ သွားရောက်ဝေငှကြကြောင်း၊

လက်ပန်လှကျောင်းရှေ့ အရောက်တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သဖြင့် ကိုကျော်ကျော်မျိုးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အဖော်လိုက်ပါလာသူ သူငယ်ချင်းကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဒီလသူ့မင်္ဂလာဆောင်အတွက် ဖိတ်စာလိုက်ဝေတာပါ။ အဲဒါ ည ၉ နာရီ စစ်တပ်က သူတို့ စခန်းချထားတဲ့ ကျောင်းရှေ့က ဖြတ်လို့ဆိုပြီး ဆိုင်ကယ်ကို လှမ်းပစ်တာ။

နေရာမှာပဲပွဲချင်းပြီးသေတယ်။ သူ့သူငယ်ချင်းက မထိဘူး။ အဲဒါလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်။အခု အလောင်းထုတ်ခွင့်မပေးဘူး။ တစ်ခါတည်း သဂြိုလ်ခိုင်းမယ်ထင်တယ်။

အခု သူ့နာရေး ယပ်တောင်တွေ ဘာတွေ သွားလုပ်နေပြီ။ သူ့ မင်္ဂလာဆောင် ဖိတ်စာလုပ်ခဲ့တဲ့ ဆိုင်မှာပဲ နာရေး ယပ်တောင်သွားလုပ်ရတယ်။ အဖြစ်ဆိုးတယ်” ဟု မိသားစုဝင်များနှင့်နီးစပ်သူ မိတ်ဆွေက ရှင်းပြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ှ၍ စဉ့်ကူးဒေသခံများက စစ်တပ်၏ ရမ်းကားမှု မကျေနပ်ကြဘဲ လူငယ်တစ်ဦး၏ အသက် မသေဆုံးသင့်ဘဲ သေရသည်ဟုဆိုကြသည်။

“မသင်္ကာရင်လည်း ဗျာ ဖမ်းပြီးစစ်ဆေးပေါ့။ အခုဟာက ဘာမှ မပြောဘဲ ဖြတ်သွားတဲ့ ဆိုင်ကယ်ကို လှမ်းပစ်တာကြီးက အတော်ကြီး လွန်တယ်။ဒီကောင်လေးက ရည်ရည်မွန်မွန် လူချစ်လူခင်လည်းပေါတယ်။ သူ့မင်္ဂလာဆောင်အတွက် သူပျော်နေတာဗျာ။

ဖိတ်စာတွေ လိုက်ဖိတ်ပြီး သူ့ မင်္ဂလာဆောင် လာနော်။ မလာရင်စိတ်ဆိုးမှာလို့တောင် နောက်နေသေးတယ်။ ပြည်သူ့ဘဝတွေက မလုံခြုံလိုက်တာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် ကိုကျော်ကျော်မျိုး၏ ရုပ်အလောင်းကို မိသားစု ထုတ်ယူရန် ကြိုးစားနေပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့်ညှိနှိုင်းလျက်ရှိကြောင်း၊ နာရေးကို ယနေ့တွင် သဂြိုလ်ရန် စစ်တပ်က ပြောဆိုလာကြောင်း သိရှိရသည်။

credit

မဂၤလာေဆာင္ဖိတ္စာအပ္ခဲ့တဲ့ဆိုင္မွာပဲနာေရးအတြက္ဖိတ္စာထပ္အပ္ခဲ့ရတဲ့သတို႔သား

မႏၲေလးတိုင္း၊ စဉ့္ကူးၿမိဳ႕နယ္တြင္ ညပိုင္း မဂၤလာေဆာင္ ဖိတ္စာ သြားဖိတ္သည့္ သတို႔သားေလာင္း ကိုေက်ာ္ေက်ာ္မ်ိဳးသည္ ေကာင္စီ တပ္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ကြယ္လြန္သြားေၾကာင္း မိသားစုဝင္တစ္ဦးက အတည္ျပဳေျပာဆိုသည္။

စဉ့္ကူးၿမိဳ႕နယ္၊ လက္ပန္လွအုပ္စု၊ ၿငိမ္းခ်မ္းေအာင္ရပ္ကြက္ေန ဦးေက်ာ္ေထြးႏွင့္ေဒၚမိုးမိုးေအးတို႔၏ သားျဖစ္သူ ကိုေက်ာ္ေက်ာ္မ်ိဳးသည္ ၎၏ သူငယ္ခ်င္းတစ္ဦးႏွင့္အတူ ယမန္ေန႔ညပိုင္း မဂၤလာေဆာင္ဖိတ္စာမ်ား သြားေရာက္ေဝငွၾကေၾကာင္း၊

လက္ပန္လွေက်ာင္းေရွ႕ အေရာက္တြင္ စစ္ေကာင္စီတပ္မ်ားက ပစ္ခတ္သျဖင့္ ကိုေက်ာ္ေက်ာ္မ်ိဳးသည္ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးၿပီး အေဖာ္လိုက္ပါလာသူ သူငယ္ခ်င္းကို စစ္ေကာင္စီတပ္မ်ားက ရိုက္ႏွက္ဖမ္းဆီးသြားေၾကာင္း သိရွိရသည္။

“ဒီလသူ႔မဂၤလာေဆာင္အတြက္ ဖိတ္စာလိုက္ေဝတာပါ။ အဲဒါ ည ၉ နာရီ စစ္တပ္က သူတို႔ စခန္းခ်ထားတဲ့ ေက်ာင္းေရွ႕က ျဖတ္လို႔ဆိုၿပီး ဆိုင္ကယ္ကို လွမ္းပစ္တာ။

ေနရာမွာပဲပြဲခ်င္းၿပီးေသတယ္။ သူ႔သူငယ္ခ်င္းက မထိဘူး။ အဲဒါလည္း ရိုက္ႏွက္ၿပီး ဖမ္းသြားတယ္။အခု အေလာင္းထုတ္ခြင့္မေပးဘူး။ တစ္ခါတည္း သၿဂိဳလ္ခိုင္းမယ္ထင္တယ္။

အခု သူ႔နာေရး ယပ္ေတာင္ေတြ ဘာေတြ သြားလုပ္ေနၿပီ။ သူ႔ မဂၤလာေဆာင္ ဖိတ္စာလုပ္ခဲ့တဲ့ ဆိုင္မွာပဲ နာေရး ယပ္ေတာင္သြားလုပ္ရတယ္။ အျဖစ္ဆိုးတယ္” ဟု မိသားစုဝင္မ်ားႏွင့္နီးစပ္သူ မိတ္ေဆြက ရွင္းျပသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ွ၍ စဉ့္ကူးေဒသခံမ်ားက စစ္တပ္၏ ရမ္းကားမႈ မေက်နပ္ၾကဘဲ လူငယ္တစ္ဦး၏ အသက္ မေသဆုံးသင့္ဘဲ ေသရသည္ဟုဆိုၾကသည္။

“မသကၤာရင္လည္း ဗ်ာ ဖမ္းၿပီးစစ္ေဆးေပါ့။ အခုဟာက ဘာမွ မေျပာဘဲ ျဖတ္သြားတဲ့ ဆိုင္ကယ္ကို လွမ္းပစ္တာႀကီးက အေတာ္ႀကီး လြန္တယ္။ဒီေကာင္ေလးက ရည္ရည္မြန္မြန္ လူခ်စ္လူခင္လည္းေပါတယ္။ သူ႔မဂၤလာေဆာင္အတြက္ သူေပ်ာ္ေနတာဗ်ာ။

ဖိတ္စာေတြ လိုက္ဖိတ္ၿပီး သူ႔ မဂၤလာေဆာင္ လာေနာ္။ မလာရင္စိတ္ဆိုးမွာလို႔ေတာင္ ေနာက္ေနေသးတယ္။ ျပည္သူ႔ဘ၀ေတြက မလုံျခဳံလိုက္တာ” ဟု ၿမိဳ႕ခံတစ္ဦးက ေျပာဆိုသည္။

လက္ရွိအခ်ိန္တြင္ ကိုေက်ာ္ေက်ာ္မ်ိဳး၏ ႐ုပ္အေလာင္းကို မိသားစု ထုတ္ယူရန္ ႀကိဳးစားေနၿပီး သက္ဆိုင္ရာ အာဏာပိုင္မ်ားႏွင့္ညႇိႏွိုင္းလ်က္ရွိေၾကာင္း၊ နာေရးကို ယေန႔တြင္ သၿဂိဳလ္ရန္ စစ္တပ္က ေျပာဆိုလာေၾကာင္း သိရွိရသည္။

credit


Leave a Reply

Your email address will not be published.