မစိတ်မွှန်နေတဲ့ လူပျို ကြီးနှင့် ဖေ့ဘုတ်အွန်လိုင်းဖူးစာ ဂစ်တာရှိတ်မမ တို့တွေ့ကြသောအခါ

မစိတ်မွှန်နေတဲ့ လူပျိုကြီးနှင့် ဖေ့ဘုတ်အွန်လိုင်းဖူးစာ ဂစ်တာရှိတ်မမ တို့တွေ့ကြသောအခါ

“ကျွန်တော့်ကိုဖမ်းကြပါ… ကျွန်တော့်ကို မြန်မြန်ဖမ်းပေးကြပါ အီးအဟီးဟီး…” လူပျိုကြီးဦးတိုး ရဲစခန်းထဲကို ငိုကြီးချက်မနဲ့ ပြေးဝင်သွားတယ်။

တာဝန်ကျရဲအရာရှိက- “ကဲ ထိုင်ပါ… တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့ မြင်မကောင်းပါလား?… ဘယ်လိုဖြစ်လာတာလဲ?… ဘာကိစ္စကြောင့်ဖမ်းရမှာလဲဆိုတာပြောပါဦး”

“ဒီလိုပါ ဦးရဲကြီးရယ်… ကျွန်တော်နဲ့ အွန်လိုင်းမှာချစ်ကြိုက်နေတဲ့ကောင်မလေးကို အခုတည်းခိုခန်းမှာချိန်းတွေ့ပြီးမှ ဒီအတိုင်းထားပစ်ခဲ့ပါတယ်… ကျွန်တော့်မှာအပြစ်ရှိပါတယ်… ကျွန်တော့်ကိုဖမ်းပါဗျာ”

“ဟာကွာ ခင်ဗျားမို့လို့ နှမချင်းမစာမနာလုပ်ရက်တယ်… ကောင်းပြီလေ ဒါဆိုရင်တော့ပြစ်မှုမြောက်သွားပြီ… ဖမ်းရမှာပေါ့။ ကဲ… ဖြစ်စဉ်ကို အစကနေသေချာပြောပြစမ်းပါအုန်း”

ရဲအရာရှိကစာအုပ်နဲ့ဘောလ်ပင်ယူပြီးလိုက်မှတ်ဖို့ပြင်တယ်။“ဒီလိုပါဦးရဲကြီးရယ်… အဲဒီအွန်လိုင်းကချစ်သူကို ခိုးပြေးဖို့ ကျွန်တော်တည်းခိုးခန်းတစ်ခုကို ချိန်းလိုက်ပါတယ်…

ကျွန်တော်တည်းခိုခန်းကို ရောက်သွားတော့ သူကအရင်ရောက်နှင့်နေပါပြီ”

“ဟုတ်ပြီဆက်ပြော” “ကျွန်တော်အခန်းထဲဝင်သွားတော့ သူဘာလုပ်နေတယ်ထင်လဲ” “ဘာလုပ်နေလဲ…?” “ကုတင်ပေါ်ထိုင်ပြီး နှပ်ချေးထိုင်ကလော်နေတယ်ဗျာ…”

“အဲ… ဟုတ်ပါပြီလေ…နောက်တော့ရော?”

“ကျွန်တော်လည်း ရင်တဒိတ်ဒိတ်နဲ့ သူ့ဘေးမှာဝင်ထိုင်လိုက်ပြီး သူ့လက်ကလေးကို ဖွဖွလေးငုံ့နမ်းလိုက်တော့… ဖွီ… အားလာလား သူ့လက်သည်းကြားမှာနည်းနည်းနောနော ဂျီး(ချေး)တွေလားဗျာ”

“ဪ sexyကျချက်နော်… အင်းဆက်ပြောပါဦး” “ဒါနဲ့ ကျွန်တော်က လက်သည်းတွေကို သန့်သန့်ရှင်းရှင်းထားပါလားဆိုတော့ သူကဘာလုပ်တယ်ထင်လဲ?”

“အင်းးး… ဘာလုပ်လဲ?” “သူ့လက်သည်းတွေကို လျှာနဲ့ထိုးကလော်နေတယ်လေ” “ထွီ… အဲလေ ယောင်ယောင်သွားလို့ ဆက်ပြော”

“ကျွန်တော်လည်း ညားပြီးရင်တော့ ပြုပြင်လို့ရကောင်းပါရဲ့ဆိုပြီး ပါးလေးကို ရွှတ်ခနဲ ငုံ့နမ်းလိုက်တာပေါ့….”

“ဘာဆက်ဖြစ်လဲ?” “ကျွန်တော်နမ်းတဲ့နေရာတစ်ခုတည်းကွက်ပြီးမည်းသွားတယ်” “ဟင်?… ခင်ဗျားနှာခေါင်းမှာ အိုးမည်းတွေပေနေလို့များလား?”

“ဘယ်ကလာ… ဖို့ထားတဲ့ သူ့မိတ်ကပ်တွေပျက်သွားပြီး သူ့နဂိုအသားရေပေါ်လာတာ”

“ဗျာ??….”

“အဲဒါနဲ့ သူ့ပါးကို ကမန်းကတန်းလက်နဲ့ပွတ်ကြည်လိုက်တော့မှ အာပါ့ပါး ဖေ့စ်ဘုတ်ပေါ်ကရုပ်နဲ့တခြားစီ… မည်းလိုက်တဲ့အသားဗျာ… ယင်ကောင်နားရင်တောင်ရှာတွေ့မယ်မထင်ဘူး”

“အဲလောက်တောင်မည်းသလားဗျ?” “ဒါနဲ့ကျွန်တော်ပြောလိုက်တယ်… အချစ်မှာအသားအရည်မလိုဘူး… ပိုလျှံနေတာတွေမလိုဘူး… အခုသွားဖျက်လို့ ပြောလိုက်တော့ ကပျာကယာရေချိုးခန်းထဲဝင်သွားတယ်”

“စိတ်ဝင်စားလာပြီ… ဆက်စမ်းပါဦး” “ခဏအကြာ ရေချိုးခန်းထဲကနေ သူပြန်ထွက်လာတော့ သူ့လက်ထဲမှာ ဘယ်ညာတစ်ခုစီ အပိုပြန်ပါလာတယ်”

“ဟင်!!!… ဘာတွေတုံးဗျ?” “ဖင်တုနဲ့ ရင်တု” “ဂျာ…” “တကယ်ပါဗျာ ဂစ်တာရှိတ်လို့ ကျွန်တော်ထင်ထားတဲ့ သူ့ပုံစံကပိန်ခြောက်မည်းမှောင်နေလိုက်တာများ ကြေးနန်းကြိုးကို တိပ်အမည်းပတ်ထားသလိုမျိုး”

“ခွီးခွီး… အဲလေ… အဟမ်း အဟမ်း… ခင်ဗျားကလည်း ဒီလောက်နဲ့တော့ အပြစ်ဆိုစရာလားဗျာ?”“ဒီလောက်အထိတော့ ကျွန်တော် စိတ်ခိုင်ပါသေးတယ်… ပြောရရင် တဏှာစိတ်မကုန်သေးဘူးဆိုပါတော့”“ပုထုဇဉ်သဘာဝပေါ့” “ကုတင်ပေါ်သူပြန်ရောက်လာတော့ ကျွန်တော့်ပုခုံးကို သူ့ခေါင်းလေးနဲ့ ပေးမှီထားလိုက်တယ်”

“ဟဲဟဲ… ကောင်းခန်းရောက်ပြီမလား?” “အဲဒီအချိန် ကျွန်တော်လည်း ဘာရယ်ညာရယ်မသိတော့ဘူး ‘မ’ စိတ်စမွှန်တဲ့အချိန်ပေါ့”

“အင်း….☻”

“သူ့ဆံပင်လေးကို အသာအယာပွတ်ပြီး နှစ်ကိုယ်ကြားလေးပြောလိုက်တယ်… ဆံပင်လေးကို တစ်သက်လုံးပိုင်ဆိုင်ချင်လိုက်တာဆိုတော့”

“အဲဒီတော့… သူကဘာပြောလဲ?” “ရော့… ယူချင်ယူလေဆိုပြီး သူ့ဆံပင်အတုကြီးချွတ်ပေးတယ်”

“ဟိုက်?… စောင်ကတုံးမကြီးပေါ့… အဲလေ ယောင်လို့ အင်း အဟဲ… ဒီလောက်နဲ့ စိတ်ပျက်စရာလားဗျာ… အချိန်တန်ရင်ပြန်ပေါက်မှာပေါ့”

“မွေးရာပါ ဆံပင်မပေါက်တဲ့ရောဂါတဲ့ဗျာ” “တိန်… မှတ်ကရော” “ဒီအထိသည်းခံနိုင်ပါသေးတယ်ဗျာ”

“အင်း?…”

“သူက လူချင်းခဏခွာလိုက်ပြီး သူ့ချိုင်းမွှေးတွေကို တဗျင်းဗျင်းဆွဲနုတ်နေသေးတယ်” “ဟိုက်… အဲလေ… ချိုင်းမွှေးပေါက်တာ သဘာဝပါ”

“ဒီလောက်နဲ့မပြီးသေးဘူး” “ဟင်?!” “နုတ်ပြီးသားသူ့ချိုင်းမွှေးတွေကို လက်နဲ့ကိုင်ပြပြီးပြောတယ်… ကျွန်တော့်မှာ နှုတ်ခမ်းမွှေးမရှိလို့ ဆင်ကော်နဲ့ကပ်ပေးရမလားတဲ့”

“ထွီ…”

ရဲအရာရှိက သူ့နှုတ်ခမ်းကို လက်နဲ့ကမန်းကတန်းလှမ်းပိတ်တယ်။ “ကျွန်တော်လည်း ကျန်တဲ့နေရာမကြည့်ရဲ့တော့ဘဲ သူ့နှုတ်ခမ်းလေးကိုပဲ စိုက်ကြည့်နေလိုက်တယ်

အမယ်… ရုပ်သာဆိုးတာဗျ… ပြုံးလိုက်ရင်တော့ လွှတ်လှ”

“တော်ပါသေးရဲ့… ကောင်းတဲ့နေရာလည်းရှိသေးလို့” “သွားလေးတွေက ပုလဲလုံးလေးတွေလိုပဲနော်လို့ကျွန်တော်ပြောလိုက်တော့”

“အင်း….” “ဒါတောင်ရေဆေးရသေးဘူးဆိုပြီး သူ့အံပုံကြီး ချွတ်ပြတယ်” “ဟိုက်!!! သွားကျိုးမကြီး… ထွီ အေ့ ဝေါ့” ရဲအရာရှိက ရင်ဘတ်ကလေးဖိပြီး ကပျာကယာ ရေထသောက်တယ်။ ပြီးမှပြန်လာထိုင်တယ်။

“ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ် မျက်စိစုံမှိတ် ချစ်တော့မယ်ဆိုပြီး သူ့ခါးကို အတင်းဆွဲဖက်လိုက်တယ်” “အဲဒီတော့???” “သူကပြောတယ်… ဖြေးဖြေးဖက် ကလေးပျက်ကျမယ်တဲ့”

“ဟေ!! အဟားဟား နွား နွား”

“ဟင်? လက်ညှိုးကဘာလို့ကျွန်တော့်ကိုထိုးတာလဲ။ လှောင်တယ်ပေါ့?” “အဟီး… ခွိခွိ… ယောင်ယောင်သွားလို့ပါ မရီတော့ပါဘူး… အဟမ်း… အဟမ်း… ဆက်ပြောပါဦး”

“ဒါနဲ့ ကျွန်တော်လည်း မျက်ရည်တွေဝဲတက်လာပြီးတစ်ချိုးတည်း ထွက်ပြေးလာတော့တာပဲ အဟင့် ဟင့်…”

“ဪ အဲလိုလား? အဟင်း ခစ်ခစ် ဒါနဲ့နေစမ်းပါဦး… ခင်ဗျားဒဏ်ရာတွေကရော ဘယ်လိုရလာခဲ့တာလဲ?”

“ထွက်မပြေးခင်က သူ့ကိုမယူနိုင်ဘူးပြောလို့ သူ့ခြေတုကြီးချွတ်ပြီး တဖုန်းဖုန်းနဲ့ ရိုက်နှက်တော့တာပါပဲဗျာ… အီး အဟီး အဟင့်”

“အဟား….. ဟား…..ဟား….ဟား….”

ApannPyayမူရင်း..:Original Uploader Credit – Sunthit

Zawgyi

Leave a Reply

Your email address will not be published.