Zawgyi Version ဖြင့်ဖတ်ရန်
ညအချိန်ကြီး (၁၃)နှစ်အရွယ် သားဖြစ်သူပျောက်နေလို့ လိုက်ရှာခဲ့ရာမှ ကောက်ရိုးပုံထဲမှာ အသည်းကွဲပြီး…
အချစ်ဆိုသောစကားလုံးလေးဟာ ပြောဆိုချိန်တွင်လွယ်ကူနေပေမယ့် အမှန်တကယ်ထိတွေ့ခံစားဖူးသူတိုင်းကတော့ အချစ်၏ အနက်အဓိပ္ပါယ်ကို ကြောက်လန့်နေကြရပါတယ်။
အချစ်ဟာ ပညာရှိလူတစ်ယောက်ကိုပင် ရူးသွပ်သွားအောင်လုပ်နိုင်စွမ်းအားရှိနေတဲ့ဒြပ်မဲ့အရာတစ်ခုပင်ဖြစ်ပေသည်။
ယခုတွင်လည်း ထိုင်းနိုင်ငံတွင် မိဘဖြစ်သူက ညနက်နေသည့်အချိန်တွင်အိမ်မှာမတွေ့သဖြင့်စိတ်ပူပြီးလိုက်ရှာခဲ့ကြပါတယ်။
ထိုအခါ၁၃နှစ်အရွယ်သားဖြစ်သူက ခြံဝန်းထဲက ကောက်ရိုးပုံကြားထဲမှာ ထိုင်ငိုနေတာကို တွေ့လိုက်ရပါတယ်။
ထို့နောက်ငိုနေရသည့်အကြောင်းကို မေးလိုက်ရာမှာတော့ သားဖြစ်သူဟာကောင်မလေးနှင့်အဆင်မပြေလို့ အသည်းကွဲပြီး ထိုင်ငိုနေတာကို သိလိုက်ရပါတယ်။
စိတ်ကစားတတ်စအရွယ်ကလေးတစ်ယောက်အတွက် ခံစားမှုတွေဟာ အတော်လေးပြင်းထန် နေရှာပါတယ်။
Credit Original writer