အယူသည္းလြန္းတဲ့ ဒီကိစၥ ၾကားရျပန္ၿပီ စိတ္မေကာင္းစရာပါ

အယူသည္းလြန္းတဲ့ ဒီကိစၥ ၾကားရျပန္ၿပီ စိတ္မေကာင္းစရာပါ

Zawgyi

အယူသည္းလြန္းတဲ့ ဒီကိစၥ ၾကားရျပန္ၿပီ စိတ္မေကာင္းစရာပါ

ဇင္ႁပြန္းကုန္းေက်း႐ြာ လမ္းမႀကီးကို အယူသည္းေဒသခံတခ်ိဳ႕၏ အသုဘခ်ခြင့္ မေပးသည့္အတြက္ ႐ြာလမ္းမႀကီးတြင္ အေလာင္းခ်ထားရ

ဧရာဝတီတိုင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ဇင္ႁပြန္းကုန္းေက်း႐ြာတြင္ ႐ြာလယ္လမ္းမႀကီးကို အယူသည္းေဒသခံတခ်ိဳ႕က အေလာင္း ျဖတ္သယ္ကာ အသုဘခ်ခြင့္မေပးသည့္အတြက္ ႐ြာလမ္းမႀကီးတြင္ အေလာင္းခ်၍ အသုဘခ်ခြင့္ရရွိေရးအတြက္ သက္ဆိုင္ရာတာဝန္ရွိ သူမ်ားႏွင့္ ႏွစ္ဘက္ေတြ႕ဆုံညႇိႏႈိင္းမႈမ်ား ျပဳလုပ္ေနရေၾကာင္း သိရသည္။

ဇင္ႁပြန္းကုန္းေက်း႐ြာအေရွ႕ပိုင္းမွ ကြယ္လြန္သူ ေဒၚသန္းသန္းႏြယ္၊ အသက္(၄၉) ႏွွစ္၏ ႐ုပ္အေလာင္းကို ႐ြာအေရွ႕ျခမ္းမွ ေဒသခံမ်ားႏွင့္ ျမင့္ျမတ္ေစတနာ နာေရးကူညီေရးအသင္းတို႔ ႐ြာလယ္လမ္းမမွတဆင့္ သုႆာန္သို႔ ပို႔ေဆာင္ရန္ သယ္ေဆာင္လာစဥ္

႐ြာအေနာက္ျခမ္းမွ ေဒသခံမ်ားကအစဥ္အလာဓေလ့ထုံးထမ္းအရ ႐ြာလယ္လမ္းမွ သယ္ရန္ ခြင့္မျပဳေၾကာင္း ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပိတ္ဆို႔တားဆီးခဲ့သည့္အတြက္ အေလာင္းစင္အား ႐ြာလယ္လမ္းမႀကီးတြင္ ခ်ထားခဲ့ရေၾကာင္းသိရသည္။

 

ထိုသို႔အသုဘခ်ရန္ အခက္အခဲျဖစ္ေနသည့္ အေျခအေနေၾကာင့္ က်ဳံေပ်ာ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးႏွင့္ တာဝန္ရွိသူမ်ားေရာက္ရွိလာၿပီး ေက်း႐ြာမွတာဝန္ရွိသူမ်ား ဘာသာေရး ေခါင္းေဆာင္ေတြနဲ႔ ညႇိႏႈိင္းၿပီးေနာက္ အသုဘခ်ရာလမ္းကို ရဲတပ္ဖြဲ႕ ဝင္မ်ား ပဋိပကၡမျဖစ္ပြားေစေရး ႐ြာအလယ္မွတားဆီး ထားသျဖင့္ အသုဘအေလာင္းကိုေတာ့ လမ္းမႀကီးအလယ္တြင္ ခ်ထားရေၾကာင္း သိရွိရသည္။

 

ယခုျဖစ္ပြားရာေနရာတြင္ ႐ြာလည္ လမ္းမႀကီးကို အယူသည္းေဒသခံတခ်ိဳ႕က အေလာင္း ျဖတ္သယ္ကာ အသုဘခ်ခြင့္မေပးသည့္အတြက္ ရဲအင္အားလုံၿခဳံေရးတင္းၾကပ္စြာ ခ်ထားၿပီး အသုဘခ်ရမႈျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

ဓါတ္ပုံ – မင္းထက္မုန္း (ပုသိမ္)

 

Unicode

အယူသည်းလွန်းတဲ့ ဒီကိစ္စ ကြားရပြန်ပြီ စိတ်မကောင်းစရာပါ

ဇင်ပြွန်းကုန်းကျေးရွာ လမ်းမကြီးကို အယူသည်းဒေသခံတချို့၏ အသုဘချခွင့် မပေးသည့်အတွက် ရွာလမ်းမကြီးတွင် အလောင်းချထားရ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာတွင် ရွာလယ်လမ်းမကြီးကို အယူသည်းဒေသခံတချို့က အလောင်း ဖြတ်သယ်ကာ အသုဘချခွင့်မပေးသည့်အတွက် ရွာလမ်းမကြီးတွင် အလောင်းချ၍ အသုဘချခွင့်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် နှစ်ဘက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေရကြောင်း သိရသည်။

 

ဇင်ပြွန်းကုန်းကျေးရွာအရှေ့ပိုင်းမှ ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ်၊ အသက်(၄၉) နှစ်၏ ရုပ်အလောင်းကို ရွာအရှေ့ခြမ်းမှ ဒေသခံများနှင့် မြင့်မြတ်စေတနာ နာရေးကူညီရေးအသင်းတို့ ရွာလယ်လမ်းမမှတဆင့် သုဿာန်သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ်

ရွာအနောက်ခြမ်းမှ ဒေသခံများကအစဉ်အလာဓလေ့ထုံးထမ်းအရ ရွာလယ်လမ်းမှ သယ်ရန် ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ပိတ်ဆို့တားဆီးခဲ့သည့်အတွက် အလောင်းစင်အား ရွာလယ်လမ်းမကြီးတွင် ချထားခဲ့ရကြောင်းသိရသည်။

ထိုသို့အသုဘချရန် အခက်အခဲဖြစ်နေသည့် အခြေအနေကြောင့် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများရောက်ရှိလာပြီး ကျေးရွာမှတာဝန်ရှိသူများ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးနောက် အသုဘချရာလမ်းကို ရဲတပ်ဖွဲ့ ဝင်များ ပဋိပက္ခမဖြစ်ပွားစေရေး ရွာအလယ်မှတားဆီး ထားသဖြင့် အသုဘအလောင်းကိုတော့ လမ်းမကြီးအလယ်တွင် ချထားရကြောင်း သိရှိရသည်။

ယခုဖြစ်ပွားရာနေရာတွင် ရွာလည် လမ်းမကြီးကို အယူသည်းဒေသခံတချို့က အလောင်း ဖြတ်သယ်ကာ အသုဘချခွင့်မပေးသည့်အတွက် ရဲအင်အားလုံခြုံရေးတင်းကြပ်စွာ ချထားပြီး အသုဘချရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – မင်းထက်မုန်း (ပုသိမ်)


Leave a Reply

Your email address will not be published.