ႏိုင္က်ဥ္းကိုယ္ဝန္ေဆာင္ ေဆး႐ုံ အခ်ိန္မီမေရာက္၍ ေမြးလာသည့္ကေလး ေသဆုံး

ႏိုင္က်ဥ္းကိုယ္ဝန္ေဆာင္ ေဆး႐ုံ အခ်ိန္မီမေရာက္၍ ေမြးလာသည့္ကေလး ေသဆုံး

ရန်ကုန်မြို့ရှိ နာမည်ကျော် အင်းစိန်ထောင်မှ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တစ်ဦး မီးဖွားခါနီးချိန်တွင် ဆေးရုံသို့ နောက်ကျမှ ရောက်သွားသဖြင့် ကလေးအသက် သေဆုံးခဲ့ရသည်ဟု ၎င်းနှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးထံမှ သိရသည်။

မေ ၂၀ ရက်နေ့က ကိုယ်ဝန် ၉ လရှိသည့် အသက် ၂၄ နှစ်အရွယ် မချယ်ရီဘိုကြည်နိုင်သည် ဗိုက်နာလာသဖြင့် ဆေးရုံပို့ရန် တောင်းဆိုရာ ထောင်အာဏာပိုင်များက တုံ့ပြန်မှု နောက်ကျခဲ့သည်ဟု သိရကြောင်း ထိုအမျိုးသမီးက ဆိုသည်။

“ထောင်ကနေ အပြင်ကို ထွက်ခွင့်ပေးဖို့ပေါ့နော်။ အဲဒီမှာ စာအဆင့်ဆင့်တင်နေတဲ့ကိစ္စက ၃ နာရီလောက် ကြာသွားတာရယ်။ ပြီးတော့ နောက်ထပ်တစ်ခုက ထွက်ခွင့်ရပြီဆိုတဲ့ အမိန့်လည်း ရလာရော လူနာတင်ယာဉ်ပေါ်မှာ ဓာတ်ဆီမရှိတာတို့ အဲဒီလိုမျိုးတွေ မျိုးစုံဖြစ်ပြီးတော့မှ မြောက်ဥက္ကလာဆေးရုံကို မနက်အစောကြီး ရောက်သွားတယ်” ဟု သူက Myanmar Now ကို ပြောသည်။

 

ဆေးရုံတွင် ဗိုက်ခွဲမွေးရာ သားယောင်္ကျားလေး မွေးဖွားကြောင်း၊ နှလုံးခုန်နှုန်း နည်းလွန်းသည့် ကလေးသည် မိနစ်ပိုင်းအတွင်း သေဆုံးသွားကြောင်း၊ ဆေးရုံသို့ အရောက်နောက်ကျခဲ့သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောပြသည်။

“အချင်းကွာကျတယ်ဆိုတာနဲ့ ဆရာဝန်နဲ့ (အချိန်မီ) တိုက်ရိုက်ထိတွေ့ခွင့် ရခဲ့ရင်တော့ ဒီကလေး အသက်ရှင်နိုင်ခြေရှိမှာပေါ့နော်။ အခုက သွေးမွန်းသွားတဲ့သဘောပါပဲ (ဆိုပြီး ဆရာဝန်က ပြောတယ်)” ဟု ၎င်းက ဆိုသည်။

မွေးဖွားရက်မတိုင်မီ တစ်ပတ်စော၍ မီးဖွားခဲ့ခြင်းဖြစ်သည်၊ အကျဉ်းထောင်မှ ဆေးရုံသို့ ထွက်ခွာခွင့်စာ စောင့်နေချိန်ကတည်းကပင် ကိုယ်ဝန်ဆောင်က သွေးဆင်းနေသည်ဟု ဆိုသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အင်းစိန်ထောင်အရာရှိများကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

မချယ်ရီဘိုကြည်နိုင်နှင့် ခင်ပွန်းဖြစ်သူ ကိုအောင်သီဟဟိန်းကို ပြီးခဲ့သည့်နှစ် စက်တင်ဘာအတွင်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန်အိမ်ရာတွင် ဖမ်းဆီးခဲ့သည်ဟု ၂၀၂၁ စက်တင်ဘာတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

၂၃ နှစ်အရွယ် ခင်ပွန်းသည် ကိုအောင်သီဟဟိန်းသည်လည်း အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရပြီး မကြာသေးခင်ကမှ သေဒဏ်အမိန့် ချမှတ်ခံထားရသလို ပုဒ်မ ၅၀၅-က ဖြင့် အမှု ဆက်လက်ရင်ဆိုင်နေရသည်ဟု သိရသည်။

မချယ်ရီဘိုကြည်နိုင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ ဧပြီအတွင်း ထောင်ဒဏ်သုံးနှစ် အမိန့်ချခံထားရသူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေဖြစ်သူက Myanmar Now ကို ပြောသည်။

စတင်ဖမ်းဆီးစဉ်ကတည်းက ချယ်ရီဘိုကြည်နိုင် ကိုယ်ဝန်ရှိနေပြီးဖြစ်ကြောင်း၊ သားဦးလေး ဆုံးရှုံးရမှုအတွက် အကျဉ်းထောင်ထဲတွင် ရှိသော မိဘနှစ်ပါးလုံး စိတ်ထိခိုက်နေကြောင်း မိတ်ဆွေဖြစ်သူက ပြောသည်။

ခင်ပွန်း ကိုအောင်သီဟဟိန်းကို စစ်ကောင်စီက NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်နှင့် အမှုတွဲထားသည်ဟု ဆိုသည်။

မချယ်ရီဘိုကြည်နိုင်မှာ ခင်ပွန်းဖြစ်သူနှင့် တစ်ပါတည်း အဖမ်းခံခဲ့ရကာ စစ်ကောင်စီ စွပ်စွဲထားသော အမှုများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထိုမိတ်ဆွေထံမှ သိရသည်။

စစ်ကောင်စီတပ်သားတို့ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းဆုံတွင် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့ကို ဖမ်းထားခြင်း ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

အကျဉ်းထောင်များက ကိုဗစ်ကာလကတည်းက အကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားရာ ၎င်းတို့လင်မယားသည် မိသားစုနှင့် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် ယခင်က မြန်မာနိုင်ငံအကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့် ရှိခဲ့သည်။

 

သေဒဏ်ချမှတ်ခံထားရသည့် ဦးဇေယျာသော်၊ ဦးဂျင်မီတို့ကဲ့သို့သော အကျဉ်းသားများထံ သွားရောက်ခွင့်နှင့် ပတ်သက်ပြီး Myanmar Now က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာ ICRC မြန်မာရုံး၏ ဆက်သွယ်ရေးတာဝန်ရှိသူ Jacqueline Fernandez က ထိုနှစ်ဦးနှင့် ပတ်သက်ပြီး သတင်းအချက်အလက် မရသေးဟု ပြောသည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့် ပြန်လည်ရရှိအောင် ပုံမှန်ကြိုးပမ်းနေတာကလွဲပြီး ICRC အနေနဲ့ အကျဉ်းထောင်ကို သွားရောက်ခွင့်မရရှိတာ ၂နှစ်ရှိပြီဖြစ်လို့ စိတ်မကောင်းစွာနဲ့ပဲ ဒီကိစ္စရပ်အတွက် သတင်းအချက်အလက်တွေ မရှိသေးပါဘူး” ဟု သူက ပြောသည်။

ယမန်နှစ် အောက်တိုဘာအတွင်းက ပြန်လည်လွတ်မြောက်လာသည့် နိုင်ကျဉ်းဟောင်း မအိအိမိုးက လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်ထားသင့်သည်ဟု မှတ်ချက်ပြုသည်။

“အဓိကပြောချင်တာက ဒီထောင်တွင်းက ဖိနှိပ်မှုတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီးတော့မှ မှတ်တမ်းတင်ဖို့၊ နောက်ပြီးတော့မှ သတိပေးတုံ့ပြန်မှုတွေ လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။

အင်းစိန်ထောင်တွင်း ကိုဗစ်တတိယလှိုင်းပြင်းထန်ချိန်တွင် အသက်ရှူကျပ်သည့် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတစ်ဦးကို ဆေးရုံသို့ အချိန်မီ မပို့နိုင်သဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ရှိခဲ့ကြောင်း သူက ပြောသည်။

အင်းစိန်ထောင်တွင်း ကိုယ်ဝန်ဆောင်နိုင်ငံရေးအကျဉ်းသူများ ကျန်ရှိနေသေးပြီး ခြောက်လအောက် ကလေးငယ် လေးဦးထက်မနည်း ထိန်းသိမ်းထားရှိကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခံရသော အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်နေပြီး အခြေခံလူ့အခွင့်ရေးကိုပင် ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေကြသည်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များကိုပါ အင်းစိန်ထောင်က ဆေးကုသခွင့် ကန့်သတ်ခဲ့သည်။

ယမန်နှစ်ကလည်း နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်က အင်းစိန်ထောင်တွင်း ဆန္ဒပြသဖြင့် ရိုက်နှက်၍ တိုက်ပိတ်ခံရသူများကို ထောင်အာဏာပိုင်များက ဆေးကုသခွင့် ပိတ်ပင်ခဲ့ကြသည်။

အလားတူ ယင်းလပိုင်းမှာပင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးသည် အင်းစိန်အကျဉ်းထောင်တွင် ရိုက်နှက်နှိပ်စက်ခံရပြီး ဆေးကုခွင့် ပိတ်ပင်ခံခဲ့ရသည်။source-မြန်မာနောင်း

ရန္ကုန္ၿမိဳ႕ရွိ နာမည္ေက်ာ္ အင္းစိန္ေထာင္မွ ေန႔ေစ့လေစ့ ကိုယ္ဝန္ေဆာင္တစ္ဦး မီးဖြားခါနီးခ်ိန္တြင္ ေဆး႐ုံသို႔ ေနာက္က်မွ ေရာက္သြားသျဖင့္ ကေလးအသက္ ေသဆုံးခဲ့ရသည္ဟု ၎ႏွင့္ ရင္းႏွီးသည့္ မိတ္ေဆြတစ္ဦးထံမွ သိရသည္။

ေမ ၂၀ ရက္ေန႔က ကိုယ္ဝန္ ၉ လရွိသည့္ အသက္ ၂၄ ႏွစ္အ႐ြယ္ မခ်ယ္ရီဘိုၾကည္ႏိုင္သည္ ဗိုက္နာလာသျဖင့္ ေဆး႐ုံပို႔ရန္ ေတာင္းဆိုရာ ေထာင္အာဏာပိုင္မ်ားက တုံ႔ျပန္မႈ ေနာက္က်ခဲ့သည္ဟု သိရေၾကာင္း ထိုအမ်ိဳးသမီးက ဆိုသည္။

“ေထာင္ကေန အျပင္ကို ထြက္ခြင့္ေပးဖို႔ေပါ့ေနာ္။ အဲဒီမွာ စာအဆင့္ဆင့္တင္ေနတဲ့ကိစၥက ၃ နာရီေလာက္ ၾကာသြားတာရယ္။ ၿပီးေတာ့ ေနာက္ထပ္တစ္ခုက ထြက္ခြင့္ရၿပီဆိုတဲ့ အမိန႔္လည္း ရလာေရာ လူနာတင္ယာဥ္ေပၚမွာ ဓာတ္ဆီမရွိတာတို႔ အဲဒီလိုမ်ိဳးေတြ မ်ိဳးစုံျဖစ္ၿပီးေတာ့မွ ေျမာက္ဥကၠလာေဆး႐ုံကို မနက္အေစာႀကီး ေရာက္သြားတယ္” ဟု သူက Myanmar Now ကို ေျပာသည္။

ေဆး႐ုံတြင္ ဗိုက္ခြဲေမြးရာ သားေယာက်ၤားေလး ေမြးဖြားေၾကာင္း၊ ႏွလုံးခုန္ႏႈန္း နည္းလြန္းသည့္ ကေလးသည္ မိနစ္ပိုင္းအတြင္း ေသဆုံးသြားေၾကာင္း၊ ေဆး႐ုံသို႔ အေရာက္ေနာက္က်ခဲ့သည္ဟု သိရေၾကာင္း ၎က ဆက္ေျပာျပသည္။

“အခ်င္းကြာက်တယ္ဆိုတာနဲ႔ ဆရာဝန္နဲ႔ (အခ်ိန္မီ) တိုက္႐ိုက္ထိေတြ႕ခြင့္ ရခဲ့ရင္ေတာ့ ဒီကေလး အသက္ရွင္ႏိုင္ေျခရွိမွာေပါ့ေနာ္။ အခုက ေသြးမြန္းသြားတဲ့သေဘာပါပဲ (ဆိုၿပီး ဆရာဝန္က ေျပာတယ္)” ဟု ၎က ဆိုသည္။

ေမြးဖြားရက္မတိုင္မီ တစ္ပတ္ေစာ၍ မီးဖြားခဲ့ျခင္းျဖစ္သည္၊ အက်ဥ္းေထာင္မွ ေဆး႐ုံသို႔ ထြက္ခြာခြင့္စာ ေစာင့္ေနခ်ိန္ကတည္းကပင္ ကိုယ္ဝန္ေဆာင္က ေသြးဆင္းေနသည္ဟု ဆိုသည္။

ထိုျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး အက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး၊ အင္းစိန္ေထာင္အရာရွိမ်ားကို Myanmar Now က ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း တယ္လီဖုန္းအဆက္အသြယ္ မရေသးေပ။

မခ်ယ္ရီဘိုၾကည္ႏိုင္ႏွင့္ ခင္ပြန္းျဖစ္သူ ကိုေအာင္သီဟဟိန္းကို ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာအတြင္း ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ျပည္ရိပ္မြန္အိမ္ရာတြင္ ဖမ္းဆီးခဲ့သည္ဟု ၂၀၂၁ စက္တင္ဘာတြင္ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားသည္။

၂၃ ႏွစ္အ႐ြယ္ ခင္ပြန္းသည္ ကိုေအာင္သီဟဟိန္းသည္လည္း အင္းစိန္ေထာင္အတြင္း ထိန္းသိမ္းခံထားရၿပီး မၾကာေသးခင္ကမွ ေသဒဏ္အမိန႔္ ခ်မွတ္ခံထားရသလို ပုဒ္မ ၅၀၅-က ျဖင့္ အမႈ ဆက္လက္ရင္ဆိုင္ေနရသည္ဟု သိရသည္။

မခ်ယ္ရီဘိုၾကည္ႏိုင္သည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က ျဖင့္ ၂၀၂၂ ဧၿပီအတြင္း ေထာင္ဒဏ္သုံးႏွစ္ အမိန႔္ခ်ခံထားရသူျဖစ္ေၾကာင္း ၎၏ မိတ္ေဆြျဖစ္သူက Myanmar Now ကို ေျပာသည္။

စတင္ဖမ္းဆီးစဥ္ကတည္းက ခ်ယ္ရီဘိုၾကည္ႏိုင္ ကိုယ္ဝန္ရွိေနၿပီးျဖစ္ေၾကာင္း၊ သားဦးေလး ဆုံးရႈံးရမႈအတြက္ အက်ဥ္းေထာင္ထဲတြင္ ရွိေသာ မိဘႏွစ္ပါးလုံး စိတ္ထိခိုက္ေနေၾကာင္း မိတ္ေဆြျဖစ္သူက ေျပာသည္။

ခင္ပြန္း ကိုေအာင္သီဟဟိန္းကို စစ္ေကာင္စီက NLD လႊတ္ေတာ္အမတ္ ဦးၿဖိဳးေဇယ်ာေသာ္ႏွင့္ အမႈတြဲထားသည္ဟု ဆိုသည္။

မခ်ယ္ရီဘိုၾကည္ႏိုင္မွာ ခင္ပြန္းျဖစ္သူႏွင့္ တစ္ပါတည္း အဖမ္းခံခဲ့ရကာ စစ္ေကာင္စီ စြပ္စြဲထားေသာ အမႈမ်ားႏွင့္ သက္ဆိုင္ျခင္းမရွိေၾကာင္း ထိုမိတ္ေဆြထံမွ သိရသည္။

စစ္ေကာင္စီတပ္သားတို႔ စမ္းေခ်ာင္းၿမိဳ႕နယ္၊ သံတံတားရပ္ကြက္၊ ဗဟိုလမ္းႏွင့္ ဇလြန္လမ္းဆုံတြင္ တိုက္ခိုက္ခံရသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၎တို႔ကို ဖမ္းထားျခင္း ျဖစ္ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ထားသည္။

အက်ဥ္းေထာင္မ်ားက ကိုဗစ္ကာလကတည္းက အက်ဥ္းသားမ်ားကို ေထာင္ဝင္စာေတြ႕ခြင့္ ပိတ္ပင္ထားရာ ၎တို႔လင္မယားသည္ မိသားစုႏွင့္ ေတြ႕ဆုံႏိုင္ျခင္း မရွိေသးေပ။

အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) သည္ ယခင္က ျမန္မာႏိုင္ငံအက်ဥ္းေထာင္မ်ားသို႔ ဝင္ေရာက္စစ္ေဆးခြင့္ ရွိခဲ့သည္။

ေသဒဏ္ခ်မွတ္ခံထားရသည့္ ဦးေဇယ်ာေသာ္၊ ဦးဂ်င္မီတို႔ကဲ့သို႔ေသာ အက်ဥ္းသားမ်ားထံ သြားေရာက္ခြင့္ႏွင့္ ပတ္သက္ၿပီး Myanmar Now က ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ဆက္သြယ္ေမးျမန္းရာ ICRC ျမန္မာ႐ုံး၏ ဆက္သြယ္ေရးတာဝန္ရွိသူ Jacqueline Fernandez က ထိုႏွစ္ဦးႏွင့္ ပတ္သက္ၿပီး သတင္းအခ်က္အလက္ မရေသးဟု ေျပာသည္။

“လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ သြားေရာက္ခြင့္ ျပန္လည္ရရွိေအာင္ ပုံမွန္ႀကိဳးပမ္းေနတာကလြဲၿပီး ICRC အေနနဲ႔ အက်ဥ္းေထာင္ကို သြားေရာက္ခြင့္မရရွိတာ ၂ႏွစ္ရွိၿပီျဖစ္လို႔ စိတ္မေကာင္းစြာနဲ႔ပဲ ဒီကိစၥရပ္အတြက္ သတင္းအခ်က္အလက္ေတြ မရွိေသးပါဘူး” ဟု သူက ေျပာသည္။

ယမန္ႏွစ္ ေအာက္တိုဘာအတြင္းက ျပန္လည္လြတ္ေျမာက္လာသည့္ ႏိုင္က်ဥ္းေဟာင္း မအိအိမိုးက လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ားကို မွတ္တမ္းတင္ထားသင့္သည္ဟု မွတ္ခ်က္ျပဳသည္။

“အဓိကေျပာခ်င္တာက ဒီေထာင္တြင္းက ဖိႏွိပ္မႈေတြကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ၿပီးေတာ့မွ မွတ္တမ္းတင္ဖို႔၊ ေနာက္ၿပီးေတာ့မွ သတိေပးတုံ႔ျပန္မႈေတြ လုပ္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္” ဟု ဆိုသည္။

အင္းစိန္ေထာင္တြင္း ကိုဗစ္တတိယလႈိင္းျပင္းထန္ခ်ိန္တြင္ အသက္ရွဴက်ပ္သည့္ အမ်ိဳးသမီးႏိုင္ငံေရးအက်ဥ္းသားတစ္ဦးကို ေဆး႐ုံသို႔ အခ်ိန္မီ မပို႔ႏိုင္သျဖင့္ ေသဆုံးခဲ့သည့္ျဖစ္စဥ္ ရွိခဲ့ေၾကာင္း သူက ေျပာသည္။

အင္းစိန္ေထာင္တြင္း ကိုယ္ဝန္ေဆာင္ႏိုင္ငံေရးအက်ဥ္းသူမ်ား က်န္ရွိေနေသးၿပီး ေျခာက္လေအာက္ ကေလးငယ္ ေလးဦးထက္မနည္း ထိန္းသိမ္းထားရွိေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမိသားစုမ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အာဏာသိမ္းစစ္အုပ္စုက ဖမ္းဆီးထိန္းသိမ္းခံရေသာ အမ်ိဳးသမီးမ်ားကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈမ်ား၊ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားကို က်ဴးလြန္ေနၿပီး အေျခခံလူ႔အခြင့္ေရးကိုပင္ ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္ေနေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားအသိုင္းအဝိုင္းႏွင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေဝဖန္ေနၾကသည္။

စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ ထိပ္ပိုင္းေခါင္းေဆာင္မ်ားကိုပါ အင္းစိန္ေထာင္က ေဆးကုသခြင့္ ကန႔္သတ္ခဲ့သည္။

ယမန္ႏွစ္ကလည္း ႏိုင္ငံတကာလူ႔အခြင့္အေရးေန႔ျဖစ္ေသာ ဒီဇင္ဘာ ၁၀ ရက္က အင္းစိန္ေထာင္တြင္း ဆႏၵျပသျဖင့္ ႐ိုက္ႏွက္၍ တိုက္ပိတ္ခံရသူမ်ားကို ေထာင္အာဏာပိုင္မ်ားက ေဆးကုသခြင့္ ပိတ္ပင္ခဲ့ၾကသည္။

အလားတူ ယင္းလပိုင္းမွာပင္ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒ ကိုေဝယံၿဖိဳးမိုးသည္ အင္းစိန္အက်ဥ္းေထာင္တြင္ ႐ိုက္ႏွက္ႏွိပ္စက္ခံရၿပီး ေဆးကုခြင့္ ပိတ္ပင္ခံခဲ့ရသည္။

source-ျမန္မာေနာင္း


Leave a Reply

Your email address will not be published.