လူ့ပြည်က အပ်တစ်စင်း ဗြမ္မာပြည်ကအပ်တစ်စင်း ဆုံတွေ့ဖို့ လွယ်ရင် လွယ်မယ်လူဖြစ်ဖို့ ခဲရင်းတယ် တဲ့ဒီတရားတွေက ကျွန်တော့နှလုံးသားထဲ စွဲနေခဲ့ပြီ လေမိဘလို့သာ တော်စပ်ခဲ့ပြီးခေါ်ခွင့်မထိုက်ခဲ့တဲ့ ကျွန်တော်လို ကောင်ကအတိတ် ဝဋ်ကြွေးကိုပဲ အပြစ်ဖို့ရမလား
အသက်တစ်ချောင်းအတွက်လူဖြစ်ခွင့်ပေးခဲ့တဲ့ အမေ အဖေ ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေကိုပဲ ကျေးဇူးတင်ရမလား…သူငယ်ချင်း တစ်ချို့ရဲ့ အဖေ အမေခေါ်သံကြားတိုင်းကျွန်တော် သူတို့ကို မုန်းမိတယ်ဒါ…. ကျွန်တော် မှားလား
ငယ်ငယ်က မူလတန်းဖတ်စာမှာ ဖတ်ခဲ့ရတဲ့စားဝတ်နေရေး ငွေရှာပေး ကျေးဇူးကြီးပေ တို့ဖေဖေ ….ငယ်စဉ်ကာလ စည်းကမ်းပြဆုံးမ ခဲ့ပေ တို့ မေမေ ဆိုတဲ့ကဗျာအဓိပ္ပယ်ကို ဖွင့်ဆိုဖို့ ကျွန်တော့ဦးနှောက်က ညဏ်မမှီခဲ့ဘူးထင်တယ်နားမလည်လို့ ဦးလေးနှင့်အဒေါ်က ို မေးဖြစ်ခဲ့တိုင်းမိဘဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းထဲ ငါ့တူ ရဲ့…တဲ့
ဒီစကားတွေကို နားယောင်ပြီးဘာမှန်းမသ်ိတတ်ခဲ့ပေမယ့်အနန္တဂိုဏ်းထဲထည့်ပြီး ညတိုင်းဦးချ ဖြစ်ခဲ့တယ်ဒါမယ့် ကျွန်တော်ခုထိ ဘာသာမပြန်တတ်ခဲ့ဘူး လေ အဖေတဲ့…..ခေါ်ခွင့်မရတော့ဘူး.အပြစ်မယူချင်ပေမယ့် အပြစ်ယူမိပြီ အဖေ…ရယ်ပတ်ဝန်းကျင်ရဲ့ စကားသံတစ်ချို့ကျွန်တော် ဘာသာပြန်တတ်နေပြီလေ
အမေတဲ့.လေးစားလောက်တဲ့မိခင်အဖြစ်ကျွန်တော့ စိတ်ကူးထဲ ခဏခဏတွေးယူကြည့်ဖူးတယ်တွေးမိတိုင်းမျက်ရည်ကျတယ်စကားလုံးကြားတိုင်း အသက်ရှူရပ်မတတ်ခံစားရတယ်ကျွန်တော့အတွက်ကတော့ ဂန္တဝင် မေမေဆိုတာသီချင်း ထဲက စာသားတွေပါ
အမေရာ. .နောက်တစ်ယောက်ရှာသွားတာပဲလား လသားအရွယ် ကလေးကို ဒီ တိုင်းထားလမ်းဘေး စွန့်မပစ်ခဲ့တာပဲ ထိုင်ရှိခိုးနေမိတယ်အမေ…ရေကျွန်တော် မွေးတုန်းကမိဘမဲ့ ဂေဟာများမပေါ်ခဲ့ သေးလေသလား..
အမေ့လို မိခင်မျိုးတွေရှိနေသ၍မိဘမဲ့ ဂေဟာတွေ ဆက်လက်ပြန့်ပွားနေအုံးမယ် အမေခုချိန်ထိ အမေဆိုတာဖြူသလား မဲသလားမသိခဲ့ရအမေ့သတင်းသဲ့သဲ့ ကြားတယ်အမေလည်း သူ့အိုးအိမ်အသစ်နဲ့ အဆင်ပြေတယ် တဲ့ကျွန်တော့ကို မမြင် မတွေ့ ချင်ဘူးထင်ပါရဲ့ခုထိ ကျတော့ ရှေ့ရောက်မလာခဲ့သေးပါဘူး
အမေရေ….နေနိုင်သူကြီးလို့တောင်ခေါင်းစဉ် တပ် ခေါ်လိုက်ချင်တယ်…လေအဖေဆိုတဲ့ပုဂ္ဂိုလ်ကြီးကတော့အကြိမ်ကို ရေတွက်လို့ရပေမယ့်နှစ်ကို ရေတွက်လို့မရအောင် ကျွန်တော့ရှေ့ ရောက်လာဖူးတယ်သံယောဇဉ် အသစ်နဲ့မိသားစု အသစ် ရှင်သန်နေတဲ့ဘဝမှာ ပျော်နေတယ် ထင်ပါရဲ့
ကျနော်ကတော့နေသားကျ နေပါပီ အဖေရေ.အဖေသာ ပျော်အောင် နေပါစိတ်နာပေမယ့် လမ်းသွားတိုင်း အမျိုးသမီး ကြီးတွေ မြင်တိုင်းစောင်းကြည့်ရတဲ့ အလုပ်ကကျွန်တော့အတွက်ပိုသွားတယ်မိဘမဲ့ ဂေဟာကို သွားလှူဖြစ်တိုင်းမျက်ရည်ကျမိတယ်တချို့က မိဘ သက်ရှိထင်ရှားမရှိတော့လို့ဂေဟာမှာ ရှင်သန်ကြတယ်တချို့က မိဘစွန့်ပစ်လို့ဂေဟာ မှာ ရှင်သန် ရတယ်
သူတို့တွေကြည့်ပြီး ကျွန်တော် ရင်နာမိတယ်မိဘမရှိလို့ မိဘမဲ့ရတဲ့ ဘဝထက်မိဘရှိရက်နဲ့ မိဘ မဲ့ရတဲ့ဘဝကို ပိုရင်နာတယ်ဆုတောင်းတိုင်းမပြည့်ဘူးဆိုတာ သိပေမယ့်ဘဝဆက်တိုင်း အမိတကွဲ အဖတကွဲ မဖြစ်ဖို့ဘုရားရောက်တိုင်း ဆုတောင်းဖြစ်တယ်
#ဖိုးကံကောင်း
#Crd. . .မိကံကောင်း
လူ႔ျပည္က အပ္တစ္စင္း ျဗမၼာျပည္ကအပ္တစ္စင္း ဆံုေတြ႕ဖို႔ လြယ္ရင္ လြယ္မယ္လူျဖစ္ဖို႔ ခဲရင္းတယ္ တဲ့ဒီတရားေတြက ကြၽန္ေတာ့ႏွလံုးသားထဲ စဲြေနခဲ့ၿပီ ေလမိဘလို႔သာ ေတာ္စပ္ခဲ့ၿပီးေခၚခြင့္မထိုက္ခဲ့တဲ့ ကြၽန္ေတာ္လို ေကာင္ကအတိတ္ ဝဋ္ေႂကြးကိုပဲ အျပစ္ဖို႔ရမလား
အသက္တစ္ေခ်ာင္းအတြက္လူျဖစ္ခြင့္ေပးခဲ့တဲ့ အေမ အေဖ ဆိုတဲ့ပုဂိၢဳလ္ႀကီးေတြကိုပဲ ေက်းဇူးတင္ရမလား…သူငယ္ခ်င္း တစ္ခ်ိဳ႕ရဲ႕ အေဖ အေမေခၚသံၾကားတိုင္းကြၽန္ေတာ္ သူတို႔ကို မုန္းမိတယ္ဒါ…. ကြၽန္ေတာ္ မွားလား
ငယ္ငယ္က မူလတန္းဖတ္စာမွာ ဖတ္ခဲ့ရတဲ့စားဝတ္ေနေရး ေငြ႐ွာေပး ေက်းဇူးႀကီးေပ တို႔ေဖေဖ ….ငယ္စဥ္ကာလ စည္းကမ္းျပဆံုးမ ခဲ့ေပ တို႔ ေမေမ ဆိုတဲ့ကဗ်ာအဓိပၸယ္ကို ဖြင့္ဆိုဖို႔ ကြၽန္ေတာ့ဦးေႏွာက္က ညဏ္မမွီခဲ့ဘူးထင္တယ္နားမလည္လို႔ ဦးေလးႏွင့္အေဒၚက ို ေမးျဖစ္ခဲ့တိုင္းမိဘဆိုတာ ဘုရားနဲ႔ တစ္ဂိုဏ္းထဲ ငါ့တူ ရဲ႕…တဲ့
ဒီစကားေတြကို နားေယာင္ၿပီးဘာမွန္းမသ္ိတတ္ခဲ့ေပမယ့္အနႏၱဂိုဏ္းထဲထည့္ျပီး ညတိုင္းဦးခ် ျဖစ္ခဲ့တယ္ဒါမယ့္ ကြၽန္ေတာ္ခုထိ ဘာသာမျပန္တတ္ခဲ့ဘူး ေလ အေဖတဲ့…..ေခၚခြင့္မရေတာ့ဘူး.အျပစ္မယူခ်င္ေပမယ့္ အျပစ္ယူမိၿပီ အေဖ…ရယ္ပတ္ဝန္းက်င္ရဲ႕ စကားသံတစ္ခ်ိဳ႕ကြၽန္ေတာ္ ဘာသာျပန္တတ္ေနၿပီေလ
အေမတဲ့.ေလးစားေလာက္တဲ့မိခင္အျဖစ္ကြၽန္ေတာ့ စိတ္ကူးထဲ ခဏခဏေတြးယူၾကည့္ဖူးတယ္ေတြးမိတိုင္းမ်က္ရည္က်တယ္စကားလံုးၾကားတိုင္း အသက္႐ွဴရပ္မတတ္ခံစားရတယ္ကြၽန္ေတာ့အတြက္ကေတာ့ ဂနၱဝင္ ေမေမဆိုတာသီခ်င္း ထဲက စာသားေတြပါ
အေမရာ. .ေနာက္တစ္ေယာက္႐ွာသြားတာပဲလား လသားအရြယ္ ကေလးကို ဒီ တိုင္းထားလမ္းေဘး စြန္႔မပစ္ခဲ့တာပဲ ထိုင္႐ွိခိုးေနမိတယ္အေမ…ေရကြၽန္ေတာ္ ေမြးတုန္းကမိဘမဲ့ ေဂဟာမ်ားမေပၚခဲ့ ေသးေလသလား..
အေမ့လို မိခင္မ်ိဳးေတြ႐ွိေနသ၍မိဘမဲ့ ေဂဟာေတြ ဆက္လက္ျပန္႔ပြားေနအံုးမယ္ အေမခုခ်ိန္ထိ အေမဆိုတာျဖဴသလား မဲသလားမသိခဲ့ရအေမ့သတင္းသဲ့သဲ့ ၾကားတယ္အေမလည္း သူ႔အိုးအိမ္အသစ္နဲ႔ အဆင္ေျပတယ္ တဲ့ကြၽန္ေတာ့ကို မျမင္ မေတြ႔ ခ်င္ဘူးထင္ပါရဲ႕ခုထိ က်ေတာ့ ေ႐ွ႕ေရာက္မလာခဲ့ေသးပါဘူး
အေမေရ….ေနႏိုင္သူႀကီးလို႔ေတာင္ေခါင္းစဥ္ တပ္ ေခၚလိုက္ခ်င္တယ္…ေလအေဖဆိုတဲ့ပုဂၢိဳလ္ႀကီးကေတာ့အႀကိမ္ကို ေရတြက္လို႔ရေပမယ့္ႏွစ္ကို ေရတြက္လို႔မရေအာင္ က်ြန္ေတာ့ေ႐ွ႕ ေရာက္လာဖူးတယ္သံေယာဇဥ္ အသစ္နဲ႔မိသားစု အသစ္ ႐ွင္သန္ေနတဲ့ဘဝမွာ ေပ်ာ္ေနတယ္ ထင္ပါရဲ႕
က်ေနာ္ကေတာ့ေနသားက် ေနပါပီ အေဖေရ.အေဖသာ ေပ်ာ္ေအာင္ ေနပါစိတ္နာေပမယ့္ လမ္းသြားတိုင္း အမ်ိဳးသမီး ႀကီးေတြ ျမင္တိုင္းေစာင္းၾကည့္ရတဲ့ အလုပ္ကက်ြန္ေတာ့အတြက္ပိုသြားတယ္မိဘမဲ့ ေဂဟာကို သြားလႉျဖစ္တိုင္းမ်က္ရည္က်မိတယ္တခ်ိဳ႕က မိဘ သက္႐ွိထင္႐ွားမ႐ွိေတာ့လို႔ေဂဟာမွာ ႐ွင္သန္ၾကတယ္တခ်ိဳ႕က မိဘစြန္႔ပစ္လို႔ေဂဟာ မွာ ႐ွင္သန္ ရတယ္
သူတို႔ေတြၾကည့္ၿပီး ကြၽန္ေတာ္ ရင္နာမိတယ္မိဘမ႐ွိလို႔ မိဘမဲ့ရတဲ့ ဘဝထက္မိဘ႐ွိရက္နဲ႔ မိဘ မဲ့ရတဲ့ဘဝကို ပိုရင္နာတယ္ဆုေတာင္းတိုင္းမျပည့္ဘူးဆိုတာ သိေပမယ့္ဘဝဆက္တိုင္း အမိတကဲြ အဖတကဲြ မျဖစ္ဖို႔ဘုရားေရာက္တိုင္း ဆုေတာင္းျဖစ္တယ္
#ဖိုးကံေကာင္း
#Crd. . .မိကံေကာင္း