၁၀ရက်မှတစ်ခါ ရေချိုးတဲ့ခင်ပွန်းနဲ့ အတူမနေနိုင်တော့လို့ ကွာရှင်းဖို့ အမှုဖွင့်ခဲ့ရာ.See more. ..

အိန္ဒိယနိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့အကြောင်းပြချက်တစ်ခုကြောင့် ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြတ်စဲပြီးနောက် နိုင်ငံ့ခေါင်းကြီးပိုင်းသတင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ Bihar ပြည်နယ် Vaishali မြို့မှာ နေထိုင်တဲ့ အသက် ၂၀ နှစ်အရွယ် Soni Devi အမည်ရှိအဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ အသက် ၂၃နှစ်အရွယ် Manish Ram က ရေမချိုးလို့ သူ့နဲ့ဆက်ပြီး ကြာကြာပေါင်းသင်းမနေထိုင်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအရ အသနားခံလွှာတင်ထားတဲ့ Soni က သူမခင်ပွန်းဟာ နှုတ်ခမ်းမွေးမရိတ်ခြင်း ၊ ရေမချိုးခြင်း သို့မဟုတ် သွားပုံမှန်မတိုက်ခြင်းဖြင့် အမှုဖွင့်တိုင်တန်းထားခဲ့ပါတယ်။အဆိုပါအမှုအတွက် ပြည်နယ်အမျိုးသမီးရေးရာဌာန ( SWC )က ခင်ပွန်း Manish အား သူ့ရဲ့အကျင့်စရိုက်ကို ပြင်ရန် သို့မဟုတ် ဥပဒေရေးရာအကျိုးဆက်များကို ရင်ဆိုင်ရန် အချိန် ၂လ ပေးထားခဲ့ပါတယ်။

SWC မှ ပြောရေးဆိုခွင့်ရှိတဲ့ Pratima Sinha က သူမအနေနဲ့ ကွာရှင်းပြတ်စဲခြင်းကို ဘာကြောင့်လိုလားကြောင်းတိုင်ကြားသူရဲ့ ထူးဆန်းလွန်းတဲ့အကြောင်းပြချက်ကြောင့် သူမ အံ့အားသင့်သွားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။အဆိုပါ စုံတွဲက ၂၀၁၇ ခုနှစ်ကတည်းကလက်ထပ်ခဲ့ကြတာပါ။

Soni က ဖြစ်သလိုနေတတ်တဲ့ခင်ပွန်း Manish က ၁၀ ရက်ကြာတစ်ခါမှ နှုတ်ခမ်းမွေးရိတ် ၊ ရေချိုးတတ်ပြီး ၎င်းအချက်တွေကြောင့် သူမကို အရှက်ရစေပြီး ပတ်ဝန်းကျင်အတွက်လည်း ပြောစရာဖြစ်နေကြောင်း ၊ ဖြစ်နိုင်ရင် တစ်သီးတစ်ခြားစီ ခွဲနေချင်ပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

သို့ပေမဲ့ Manish က သူဟာ ကွာရှင်းပြတ်စဲခြင်းကို မလိုလားသလို ရှေ့လျောက် Soniရဲ့အမိန့်အတိုင်း သူ့ရဲ့ဘဝပုံစံကို တိုးတက်ပြောင်းလဲလာအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ငြင်းဆိုပြောကြားခဲ့ပါတယ်။၎င်းဖြစ်ရပ်ကို အချို့အင်တာနက်အသုံးပြုသူတွေက ကွာရှင်းမှုရဲ့အကြောင်းပြချက်က အသေးအဖွဲသာသာဖြစ်တယ်လို့ဆိုနေခဲ့ကြပေမဲ့ အချို့ကလည်း သူမရဲ့ဆုံးဖြတ်ချက်တွေကို အပြစ်တင် ဝေဖန်ခြင်းမလုပ်သင့်ကြောင်း ပြောဆိုနေခဲ့ကြပါတယ်။

အမျိုးသမီးတစ်ယောက်က သူမလည်း ၎င်းအဖြစ်လိုကြုံလာခဲ့ရင် ကွာရှင်းဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။သူမရဲ့အဖြစ်ကလည်း စာနာချင်စရာကြီးပါ ၊ ဘယ်လောက်ဘဲ ချစ်ချစ် တစ်ကိုယ်ရေသန့်ရှင်းရေးတော့ လုပ်သင့်တာတော့ အမှန်ပါဘဲလေ။

Credit : Mia (Mckzone Daily)

zawgyi

အိန္ဒိယနိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့အကြောင်းပြချက်တစ်ခုကြောင့် ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြတ်စဲပြီးနောက် နိုင်ငံ့ခေါင်းကြီးပိုင်းသတင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ Bihar ပြည်နယ် Vaishali မြို့မှာ နေထိုင်တဲ့ အသက် ၂၀ နှစ်အရွယ် Soni Devi အမည်ရှိအဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ အသက် ၂၃နှစ်အရွယ် Manish Ram က ရေမချိုးလို့ သူ့နဲ့ဆက်ပြီး ကြာကြာပေါင်းသင်းမနေထိုင်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအရ အသနားခံလွှာတင်ထားတဲ့ Soni က သူမခင်ပွန်းဟာ နှုတ်ခမ်းမွေးမရိတ်ခြင်း ၊ ရေမချိုးခြင်း သို့မဟုတ် သွားပုံမှန်မတိုက်ခြင်းဖြင့် အမှုဖွင့်တိုင်တန်းထားခဲ့ပါတယ်။အဆိုပါအမှုအတွက် ပြည်နယ်အမျိုးသမီးရေးရာဌာန ( SWC )က ခင်ပွန်း Manish အား သူ့ရဲ့အကျင့်စရိုက်ကို ပြင်ရန် သို့မဟုတ် ဥပဒေရေးရာအကျိုးဆက်များကို ရင်ဆိုင်ရန် အချိန် ၂လ ပေးထားခဲ့ပါတယ်။

SWC မှ ပြောရေးဆိုခွင့်ရှိတဲ့ Pratima Sinha က သူမအနေနဲ့ ကွာရှင်းပြတ်စဲခြင်းကို ဘာကြောင့်လိုလားကြောင်းတိုင်ကြားသူရဲ့ ထူးဆန်းလွန်းတဲ့အကြောင်းပြချက်ကြောင့် သူမ အံ့အားသင့်သွားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။အဆိုပါ စုံတွဲက ၂၀၁၇ ခုနှစ်ကတည်းကလက်ထပ်ခဲ့ကြတာပါ။Soni က ဖြစ်သလိုနေတတ်တဲ့ခင်ပွန်း Manish က ၁၀ ရက်ကြာတစ်ခါမှ နှုတ်ခမ်းမွေးရိတ် ၊ ရေချိုးတတ်ပြီး ၎င်းအချက်တွေကြောင့် သူမကို အရှက်ရစေပြီး ပတ်ဝန်းကျင်အတွက်လည်း ပြောစရာဖြစ်နေကြောင်း ၊ ဖြစ်နိုင်ရင် တစ်သီးတစ်ခြားစီ ခွဲနေချင်ပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

သို့ပေမဲ့ Manish က သူဟာ ကွာရှင်းပြတ်စဲခြင်းကို မလိုလားသလို ရှေ့လျောက် Soniရဲ့အမိန့်အတိုင်း သူ့ရဲ့ဘဝပုံစံကို တိုးတက်ပြောင်းလဲလာအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ငြင်းဆိုပြောကြားခဲ့ပါတယ်။၎င်းဖြစ်ရပ်ကို အချို့အင်တာနက်အသုံးပြုသူတွေက ကွာရှင်းမှုရဲ့အကြောင်းပြချက်က အသေးအဖွဲသာသာဖြစ်တယ်လို့ဆိုနေခဲ့ကြပေမဲ့ အချို့ကလည်း သူမရဲ့ဆုံးဖြတ်ချက်တွေကို အပြစ်တင် ဝေဖန်ခြင်းမလုပ်သင့်ကြောင်း ပြောဆိုနေခဲ့ကြပါတယ်။

အမျိုးသမီးတစ်ယောက်က သူမလည်း ၎င်းအဖြစ်လိုကြုံလာခဲ့ရင် ကွာရှင်းဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။သူမရဲ့အဖြစ်ကလည်း စာနာချင်စရာကြီးပါ ၊ ဘယ်လောက်ဘဲ ချစ်ချစ် တစ်ကိုယ်ရေသန့်ရှင်းရေးတော့ လုပ်သင့်တာတော့ အမှန်ပါဘဲလေ။

လေးစားလျှက်..crd.Credit. Mia

Leave a Reply

Your email address will not be published.