အမြန်လမ်းတွင် ကားမှောက်စဉ် ကူညီယောင်ဆောင်ပြီး ပိုက်ဆံအိတ် ခိုးသွားတဲ့ ဖြစ်စဉ်

Zawgyi

မိုင်တိုင် ၁၉၅/၅ ယာဉ်တိမ်းမှောက်အမှုဖြစ်စဉ်တွင် ဝိုင်းဝန်း ကူညီယောင်ဆောင်ကာ အခင်းဖြစ်ယာဉ်အနီးမှဒေါ်ကြည်ကြည်ဝင်း၏ ပိုက်ဆံအိတ်အားခိုးယူသွားသူ ကိုနိုင် ဥယျာဉ်စုကျေးရွာ လယ်ဝေးမြို့နယ် နေသူအား အမြန်လမ်းတပ်ဖွဲ့ဝင်များနှင့်အတူ

အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများပူးပေါင်း၍ လိုက်လံစုံစမ်းဖမ်ဆီးခဲ့ပြီးခိုးယူသွားသည့် သက်သေခံပစ္စည်း ပိုက်ဆံအိတ်အား နေပြည်တော် မြို့ပတ်လမ်းဘေး ချုံစပ်တွင်သက်သေများနှင့် အတူ သိမ်းဆည်းရမိခဲ့သည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် (မောင်ရဲမြင့်မြတ်) အသက်(၁၇)နှစ်မှာ

ဒဏ်ရာပြင်းထန်၍ နေပြည်တော် ကုတင်(၁၀၀)ဆေးရုံမှာ သေဆုံးခဲ့ကြောင်းသိရသည်။နေ့လည် (၁၂:၀၀) နာရီအချိန် ရန်ကုန်-နေပြည်တော်လမ်း (၁၉၅/၄ နှင့် ၁၉၅/၅) မိုင်တိုင် အကြားတွင် ယာဉ်မောင်း မြတ်သက်ငြိမ်း မောင်နှင်သည့် Grand starex အဖြူရောင်ယာဉ်သည်

ညာဘက်ဘီးပေါက်၍ လမ်းလယ်ကျွန်းသို့ရောက်ရှိ ဖြတ်သွားပြီး တဘက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွား ခဲ့ပါသည်။ယာဉ်ပေါ်ပါ ကျား(၅)ဦး မ(၄)ဦး အနက် ကျား (၃)ဦး … မ (၃)ဦးဒါဏ်ရာရရှိ၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပလွေး စခန်းမှတပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ခဲ့ကြောင်းသိရှိရ ပါသည်။

တောင်ငူ မှ နေပြည်တော်သို့ အဖေ မြတ်သက်ငြိမ်း+ အမေ ဒေါ်ကြည်ကြည်ဝင်း နှင့် သားမောင်မြင့်မြတ် တို့သည် အဖိုးဖြစ်သူ အသက်(၁၀၀)နှစ်ခန့် နေထိုင်မ ကောင်းဖြစ်လို့ နေပြည်တော်သို့ ကျမ်းမာရေးသွားရောက်မေးရာ အသွားလမ်းမကြီးပေါ်ဖြစ်သွားတာပါ။

သား (မောင်ရဲမြင့်မြတ်)အသက်(၁၇)နှစ် တစ်ယောက်ထဲ နံရိုး(၆)ချောင်းကျိုး၊ ပေါင်ရိုးကျိုးlခါးရိုးကျိုး ဒဏ်ရာများ ဖြင့် နေပြည်တော် ကုတင်(၁၀၀)ဆေးရုံကြီးမှာ ယမန် နေ့ည (၈:၃၅)နာရီ အချိန်မှာ သေဆုံး၍ ဘဝတပါးကို ကူးပြောင်းသွားခဲ့ပြီ မိဘနှစ်ပါးနှင့် ကျန်ရှိသူများ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးဟု သိရပါသည်။

သား (မောင်ရဲမြင့်မြတ်)နောင်ဘဝရှိခဲ့ရင် ဒီအဖြစ်ဆိုးတွေနဲ့မတွေ့မကြုံရပါစေနဲ့သား ကောင်းရာမွန်ရသုဂတိသို့လားပါစေ … RIP

သတင်းဓါတ်ပုံ #ဦးရွှေဝင်း #Lawkanat #အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံး

Unicode

အမြန်လမ်းတွင် ကားမှောက်စဉ် ကူညီယောင်ဆောင်ပြီး ပိုက်ဆံအိတ် ခိုးသွားတဲ့ ဖြစ်စဉ်

မိုင်တိုင် ၁၉၅/၅ ယာဉ်တိမ်းမှောက်အမှုဖြစ်စဉ်တွင် ဝိုင်းဝန်း ကူညီယောင်ဆောင်ကာ အခင်းဖြစ်ယာဉ်အနီးမှဒေါ်ကြည်ကြည်ဝင်း၏ ပိုက်ဆံအိတ်အားခိုးယူသွားသူ ကိုနိုင် ဥယျာဉ်စုကျေးရွာ လယ်ဝေးမြို့နယ် နေသူအား အမြန်လမ်းတပ်ဖွဲ့ဝင်များနှင့်အတူ

အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများပူးပေါင်း၍ လိုက်လံစုံစမ်းဖမ်ဆီးခဲ့ပြီးခိုးယူသွားသည့် သက်သေခံပစ္စည်း ပိုက်ဆံအိတ်အား နေပြည်တော် မြို့ပတ်လမ်းဘေး ချုံစပ်တွင်သက်သေများနှင့် အတူ သိမ်းဆည်းရမိခဲ့သည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် (မောင်ရဲမြင့်မြတ်)

အသက်(၁၇)နှစ်မှာ ဒဏ်ရာပြင်းထန်၍ နေပြည်တော် ကုတင်(၁၀၀)ဆေးရုံမှာ သေဆုံးခဲ့ကြောင်းသိရသည်။နေ့လည် (၁၂:၀၀) နာရီအချိန် ရန်ကုန်-နေပြည်တော်လမ်း (၁၉၅/၄ နှင့် ၁၉၅/၅) မိုင်တိုင် အကြားတွင် ယာဉ်မောင်း မြတ်သက်ငြိမ်း မောင်နှင်သည့် Grand starex အဖြူရောင်ယာဉ်သည်

ညာဘက်ဘီးပေါက်၍ လမ်းလယ်ကျွန်းသို့ရောက်ရှိ ဖြတ်သွားပြီး တဘက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွား ခဲ့ပါသည်။ယာဉ်ပေါ်ပါ ကျား(၅)ဦး မ(၄)ဦး အနက် ကျား (၃)ဦး … မ (၃)ဦးဒါဏ်ရာရရှိ၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပလွေး စခန်းမှတပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်ခဲ့ကြောင်းသိရှိရ ပါသည်။

တောင်ငူ မှ နေပြည်တော်သို့ အဖေ မြတ်သက်ငြိမ်း+ အမေ ဒေါ်ကြည်ကြည်ဝင်း နှင့် သားမောင်မြင့်မြတ် တို့သည် အဖိုးဖြစ်သူ အသက်(၁၀၀)နှစ်ခန့် နေထိုင်မ ကောင်းဖြစ်လို့ နေပြည်တော်သို့ ကျမ်းမာရေးသွားရောက်မေးရာ အသွားလမ်းမကြီးပေါ်ဖြစ်သွားတာပါ။

သား (မောင်ရဲမြင့်မြတ်)အသက်(၁၇)နှစ် တစ်ယောက်ထဲ နံရိုး(၆)ချောင်းကျိုး၊ ပေါင်ရိုးကျိုးlခါးရိုးကျိုး ဒဏ်ရာများ ဖြင့် နေပြည်တော် ကုတင်(၁၀၀)ဆေးရုံကြီးမှာ ယမန် နေ့ည (၈:၃၅)နာရီ အချိန်မှာ သေဆုံး၍ ဘဝတပါးကို ကူးပြောင်းသွားခဲ့ပြီ မိဘနှစ်ပါးနှင့် ကျန်ရှိသူများ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးဟု သိရပါသည်။

သား (မောင်ရဲမြင့်မြတ်)နောင်ဘဝရှိခဲ့ရင် ဒီအဖြစ်ဆိုးတွေနဲ့မတွေ့မကြုံရပါစေနဲ့သား ကောင်းရာမွန်ရသုဂတိသို့လားပါစေ … RIP

သတင်းဓါတ်ပုံ #ဦးရွှေဝင်း #Lawkanat #အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံး

Credit – Original Writer

Leave a Reply

Your email address will not be published.