Zawgyi
အရှက်ကို အသက်နဲ့ လဲသွားတဲ့ လှိုင်သာယာမှမိန်းကလေးတစ်ဦး ဖြစ်ရပ်မှန်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့၊ (၁၉)ရပ်ကွက်၊ ဥက္ကာလမ်း၊ အပျိုကြီးအဆောင်၌ အသက်၂၄နှစ်ခန့် မိန်းကလေးတစ်ဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားကြောင်း စုံစမ်းသိရှိရပါသည်။
“မဥမ္မာရီ အသက် ၂၄နှစ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲ့ကျေးရွာနေ(ခေတ္တ-လှိုင်သာယာ စက်ရုံ၌ အလုပ်လုပ်ကိုင်နေသူ)နှင့် မောင်သိန်းနိုင်၊ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ ညိုရောင်ကျေးရွာနေ(ခေတ္တ-လှိုင်သာယာ၌ အလုပ်လုပ်ကိုင်နေသူ)
သူတို့နှစ်ယောက်တွင် ရည်းစားဖြစ်ခဲ့ကြ၍ တစ်ယောက်ကိုတစ်ယောက်ယုံ ကြည်မှုဖြင့် အတူတူအိပ်ခဲ့ကြပြီး။မဥမ္မာရီတွင် လပိုင်း အနည်းငယ်ကြာလာသည့်အခါ ဆေးခန်းသွားပြရန် မောင်သိန်းနိုင်နှင့်အတူ သွားခဲ့ရာ ကိုယ်ဝန် ၂လ ရှိကြောင်း သိရှိရပြီးနောက် ၁၁ရက်နေ့ မဥမ္မာရီအား
မောင်သိန်းနိုင်မှ အဆောင်သို့ လာခေါ်ပြီး တခြားအဆောင်သို့ ပြောင်းရွှေ့ကာ နေထိုင်၍နောက်နေ့ နံနက် စောစောပိုင်း မောင်သိန်းနိုင်တွင် ထွက်ပြေး တိမ်းရှောင်သွားခြင်းဖြင့် မဥမ္မာရီ မိမိကိုယ့်ကို ဆွဲကြိုးချ သေဆုံးကြောင်း” အဆောင်မှူး မကျီဖြူနှင့် အပေါင်းအသင်းများ ပြောပြချက်အရ စုံစမ်းသိရှိရပါသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ လှိုင်သာယာမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး ဆောင်ရွက်ပြီး ဥပပေအရ ဆောင်ရွှက်လျှက်ရှိကြောင်း သိရှိရပါသည်။(အဝေးရောက် မိန်းကလေးများနှင့် ယောင်္ကျားလေးများ စာဖတ်မိရင်း ဆင်ခြင်နိုင်ကြပါစေ)
ဓါတ်ပုံ-အင်တာနက်မှပျံ့နှံ့လာသည့် ဓါတ်ပုံများ စုစည်းပြခြင်း
မုနိမြီ၊
Credit Original writer
Unicode
အရှက်ကို အသက်နဲ့ လဲသွားတဲ့ လှိုင်သာယာမှမိန်းကလေးတစ်ဦး ဖြစ်ရပ်မှန်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့၊ (၁၉)ရပ်ကွက်၊ ဥက္ကာလမ်း၊ အပျိုကြီးအဆောင်၌ အသက်၂၄နှစ်ခန့် မိန်းကလေးတစ်ဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားကြောင်း စုံစမ်းသိရှိရပါသည်။
“မဥမ္မာရီ အသက် ၂၄နှစ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲ့ကျေးရွာနေ(ခေတ္တ-လှိုင်သာယာ စက်ရုံ၌ အလုပ်လုပ်ကိုင်နေသူ)နှင့် မောင်သိန်းနိုင်၊ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ ညိုရောင်ကျေးရွာနေ(ခေတ္တ-လှိုင်သာယာ၌ အလုပ်လုပ်ကိုင်နေသူ)
သူတို့နှစ်ယောက်တွင် ရည်းစားဖြစ်ခဲ့ကြ၍ တစ်ယောက်ကိုတစ်ယောက်ယုံ ကြည်မှုဖြင့် အတူတူအိပ်ခဲ့ကြပြီး။မဥမ္မာရီတွင် လပိုင်း အနည်းငယ်ကြာလာသည့်အခါ ဆေးခန်းသွားပြရန် မောင်သိန်းနိုင်နှင့်အတူ သွားခဲ့ရာ ကိုယ်ဝန် ၂လ ရှိကြောင်း သိရှိရပြီးနောက် ၁၁ရက်နေ့
မဥမ္မာရီအား မောင်သိန်းနိုင်မှ အဆောင်သို့ လာခေါ်ပြီး တခြားအဆောင်သို့ ပြောင်းရွှေ့ကာ နေထိုင်၍နောက်နေ့ နံနက် စောစောပိုင်း မောင်သိန်းနိုင်တွင် ထွက်ပြေး တိမ်းရှောင်သွားခြင်းဖြင့် မဥမ္မာရီ မိမိကိုယ့်ကို ဆွဲကြိုးချ သေဆုံးကြောင်း” အဆောင်မှူး မကျီဖြူနှင့် အပေါင်းအသင်းများ ပြောပြချက်အရ စုံစမ်းသိရှိရပါသည်။