

  • Zawgyi

သားက မိခင်ပျောက်လို့ ရဲစခန်းမှာအမှုဖွင့်ထားပေမဲ့ ဖခင်ကိုယ်တိုင်က အလောင်းဖျောက်ထားတဲ့ ဖြစ်ရပ်

လွန်ခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကတည်းက ထူးဆန်းစွာ နေအိမ်မှတိတ်တဆိတ်ပျောက်ဆုံးသွားတဲ့ မိခင်ကို

သားဖြစ်သူမှ လူပျောက်တိုင်ချက်ဖွင့်ထားရာမှ အိမ်နှင့်မနီးမဝေး ပေ ၁၅၀ အကွာရှိ ရေတွင်းအဟောင်းထဲတွင်

မသင်္ကာသဖြင့် ရဲတပ်ဖွဲ့မှ မြေတူးစက်ဖြင့်တူးဖော်ကြည့်ရာ အလောင်းအားတွေ့ရှိခဲ့ပြီး

လူသတ်တရားခံသည် အသက် ၈၃ နှစ်အရွယ် သေဆုံးသူ၏ခင်ပွန်းဖြစ်နေဟု ရဲမှူးချုပ်မှ Anuphat မှ ယနေ့ထုတ်ပြန်ခဲ့ ကြောင်းသိရ ။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ လတ်ခ်ျဘူရီခရိုင် ကျော့ဘွန့်မြို့နယ် ဒန်ထပ်တကိုးကျေးရွာအုပ်စု ၊

ရပ်ကွက် ၁၆ တွင်နေထိုင်သော အသက် ၆၆ နှစ် အရွယ် Mrs.Nansukanya Janitprasart သည်

လွန်ခဲ့သည့် ဇွန်လ ၄ ရက်နေ့ကတည်းက ထူးဆန်းစွာ နေအိမ်မှ ပျောက်ဆုံးသွားသဖြင့်

သားဖြစ်သူ Mr. Danai Janitprasurt (၃၇) နှစ်မှရဲတပ်ဖွဲ့သို့လူပျောက်တိုင်ကြားထားခဲ့သဖြင့်

ရဲတပ်ဖွဲ့မှ မသင်္ကာသည့်သူများအား လိုအပ်သလိုစုံစမ်းစစ်ဆေးမှုများ ပြု လုပ်ခဲ့ပြီး

ပျောက်ဆုံးသွားသူ၏နေအိမ် အိပ်ခန်းအတွင်း သွေးစသွေးနများကို စစ်ဆေးတွေ့ရှိခဲ့သလို

အိပ်ယာခင်းအသစ် နှင့် သူမ၏ဖိနပ်တစ်ရံကိုလည်း နေအိမ်မှာဘဲတွေ့ရှိခဲ့သည်ဟုသိရှိရသည် ။

အသက် ၈၃ နှစ်အရွယ်ခင်ပွန်းဖြစ်သူ Mr.Sanan Janiprasurt အားမေးမြန်းရာ

ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့ကဘဏ်တစ်ခု တွင် ငွေသွားထုတ်အပြီး ဈေးသွားမည်ဟုပြောဆိုသွားခဲ့ပြီး

ပြန်မလာတော့ဘဲ ပျောက်သွားခဲ့တာဟုဖြေခဲ့သည် ။ထို့ကြောင့်ရဲတပ်ဖွဲ့မှနေအိမ်ပတ်ဝန်းကျင်ပေ ၁၅၀ ပတ်လည် အား

လိုက်လံကြည့်ရှူ့စစ်ဆေးစဉ် ကြက်မွေးမြူရေးခြံဟောင်းအနီးတွင် အုန်းဆံပတ်တစ်ချို့ကိုမီးပုံရှိုံ့ထားသည့် သဲလွန်စများ ကို

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတွေ့ရှိခဲ့ပြီး မြေတူးထားသည့်အရာများ၊ အင်္ဂတေအပဲ့အပိုင်းအစများကိုတွေ့ရှိခဲ့ရာ

မသင်္ကာ သဖြင့် အနီးအနားရှိ မြေကျင်းပတ်ပတ်လည်အား တူးဖော်ကြည့်စဉ် ကွန်ကရစ်ခွေ အဝ

အကျယ် ၃ ပေပတ်လည် အနက် ၂၄ ပေ အနက်တွင် ပျောက်ဆုံးနေသော Mrs.Sukanya အလောင်းဟု

ယူဆရသော ရုပ်အ လောင်းအား ဇွန်လ ၁၁ ရက်နေ့က ရှာဖွေ တွေ့ရှိ့ခဲ့ရပြီး အလောင်း၏ဘယ်ဘက်ဦးခေါင်းမှာ

ချိုင့်ဝင်နေသည့်ဒဏ်ရာ တွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ် ။

အဲ့ဒီနောက် ရဲတပ်ဖွဲ့မှ နေအိမ်အိပ်ခန်းအတွင်းမှသွေးကွက်၏ DNA စစ်ဆေးထားချက်နှင့်

တူးဖော်ရရှိခဲ့သည့် ရုပ်အလောင်း၏ DNA တို့အား တိုက်ဆိုက်စစ်ဆေးရာ ကိုက်ညီနေသဖြင့်

ခင်ပွန်းဖြစ်သူအား မသင်္ကာမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ရာ ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့က မတော်တဆ စကားများရန်ဖြစ်ရာမှ

တွန်းလှဲမိရင်း မတော်တဆ လဲကျသေဆုံးခဲ့သည့်အတွက် အလောင်းအား ရေမရှိသည့်ရေတွင်းထဲပစ်ချကာ

အပေါ်ကနေ မြေဖို့ခဲ့ခြင်း၊ သွေးစွန်းခဲ့သည့်မွေ့ယာအဟောင်းအား မီးရှို့ခဲ့ခြင်း၊ နေအိမ်တွင်ဘာမှမဖြစ်သလို နေခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

သေဆုံးသူသည် သားဖြစ်သူနှင့်သာအနေများပြီး တစ်ခါတစ်ရံမှသာ ခင်ပွန်းဖြစ်သူထံ လာရောက်ခဲ့ရာ

မြေအရောင်းအဝယ် ကိစ္စတွင် ရောင်းရသည့်ငွေ ကြေးတစ်ချို့တစ်ဝက် ခွဲဝေမပေးသဖြင့်

စကားများရန်ဖြစ်ကြရာမတော်တ ဆ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖြောင့်ချက်ပေးခဲ့သည် ။

ရဲတပ်ဖွဲ့မှ တရားခံအား လူသတ် ၊ အလောင်းဖျောက်မှုဖြင့် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရပါသည် ။

Photo Crd #Dusit
copy from burmanewsonline

Credit


Leave a Reply

Your email address will not be published.