ဩစတေးလျနိုင်ငံရှိ နေရောင်ခြည်အောက် နေပူဆာလုံနေရင်း ၆.၅ ပေ မြင့်တဲ့ သားပိုက်ကောင်တစ်ကောင်ရဲ့ ရယ်မောဖွယ် ပုံရိပ်များဟာ မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဓာတ်ပုံဆရာ Deborah Schutz ဟာ သူမရဲ့မွေးရပ်မြေ Adelaide မြို့ရှိ Cleland Wildlife Park ၌ စေတနာ့ဝန်ထမ်းဝင်လုပ်နေစဉ် အနီရောင်သားပိုက်ကောင်အထီးရဲ့ အံ့သြဖွယ်ပုံရိပ်ကို ရိုက်ကူးထားခဲ့ပါတယ်။ မြင်သူတိုင်းကို ရယ်မောသွားစေမဲ့ ဒီလျှပ်တပြက်ဓာတ်ပုံတွေမှာ ၎င်းသားပိုက်ကောင်ဟာ သစ်ပင်တစ်ပင်အောက်ရှိ မြက်ခင်းပြင်ပေါ်မှာ တံတောင်ဆစ်လေးထောက်ကာ သူ့ရဲ့ ခန္ဓာကိုယ်ကြွက်သားများကို ကြွားလုံးထုတ်ပြနေပုံပေါ်နေခဲ့ပါတယ်။
အသက် 50 နှစ်အရွယ် မစ္စ Schutz က သားပိုက်ကောင်ဟာ အပြင်ပန်း ကြမ်းတမ်းပေမဲ့လည်း နေ့လည်ခင်း နေရောင်ခြည်အောက်မှာ မှိန်းနေတာကြောင့် ၎င်းတောင့်တင်းတဲ့သတ္တဝါကြီးက အလွန် သက်တောင့်သက်သာ ရှိနေခဲ့ကြောင်း ဆိုပါတယ်။
သို့ပေမဲ့ အကစတူဒီယိုကိုပိုင်ဆိုင်ပြီး ဆယ်စုနှစ်များစွာကြာ တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံများရိုက်ကူးခဲ့သည့် မစ္စ Schutz က ‘နူးညံ့သိမ်မွေ့သော’ တိရစ္ဆာန်များက ခြိမ်းခြောက်ခံရပါက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဆဲဖြစ်တာကြောင့် ၎င်းသားပိုက်ကောင်ဆီ သူမ အနီးကပ်မချဉ်းကပ်ခဲ့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ‘ သူက အကြီးစား သားပိုက်ကောင် အနီရောင်ကြီးပါပဲ၊ သူ မတ်တပ်ရပ်လိုက်ရင်တော့ မယုံနိုင်စရာပါပဲ၊ သူ့ရဲ့ ကြွက်သားတွေက သေချာပေါက် အရမ်းကို ကြီးမားတယ်၊ ” လို့လည်း သူမက ဆိုခဲ့ပါတယ်။
.
ဒါ့ပြင် ၎င်းဓာတ်ပုံများက မစ္စ Schutz ရဲ့ လူကြိုက်အများဆုံးဓာတ်ပုံများဖြစ်လာခဲ့ပါတယ်။ အနီရောင် သားပိုက်ကောင်များဟာ ‘စွမ်းအားရှိစွာ တည်ဆောက်ထားခြင်း’ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး marsupials ဝမ်းဆွဲကောင်များဖြစ်ကြသလို အထီးများဟာ ကိုယ်အလေးချိန် 200 ပေါင်အထိရှိပြီး တစ်နာရီ 35mph ထက် အမြန်နှုန်းသို့ ရောက်ရှိလေ့ရှိကြောင်း သိရပါတယ်။
.
၎င်းတို့ဟာ လေထဲတွင် ခြောက်ပေအထိ ခုန်တက်နိုင်ပေမဲ့လည်း တစ်ချက်ခုန်ခြင်းမှာ အမြင့်ပေ ၂၅ ပေကို တုန်လှုပ်ချောက်ချားစွာနဲ့ ဖုံးအုပ်နိုင်ပါတယ်။ သားပိုက်ကောင်အထီးများဟာ ၎င်းတို့ရဲ့နောက်ခြေထောက်များကို အမြီးအထိ ထိကာ ခြေစုံကန်လေ့ရှိကြပြီး ၎င်းတို့ဟာ ခြိမ်းခြောက်ခံရသည့်အခါမှာ ၎င်းတို့ရဲ့သန်မာသော သွားများနှင့် ခြေသည်းများကိုအသုံးပြုကာ ကိုက်တတ်သလို လက်ဖြင့်လည်း ကုတ်ခြစ်တတ်ပါတယ်။
Mia (KB Chimmy one)
Reference : dailymail