ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို မြင်တာနဲ့ လမ်းပေါ်မှာအကုန်ရပ်ပြီး အရိုအသေပေးတဲ့ မြို့

ဗုဒ္ဓဘာသာဝင် အများဆုံး နေထိုင်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာ ကမ္ဘာမှာ အလှူအတန်း အရက်ရောဆုံးလို့ နာမည်ကြီးပါတယ်…။ ဗုဒ္ဓဘာသာဝင် မြန်မာများရဲ့ အလှူဒါန ရက်ရောမှုကတော့ ပြောစရာ မလိုအောင်ကို ပြည့်စုံလွန်းလှတာပါ။

ဒါ့အပြင် ဗုဒ္ဓဘာသာဝင် မြန်မာတွေဟာ ဘုန်းတော်ကြီး ကျောင်းတွေ ဘုန်းဘုန်း တွေကိုလည်း ဆွမ်းလောင်းတာ ကထိန်ခင်းတာ အလှူဒါန ပြုတာတွေ့ အမြဲ လုပ်လေ့ ရှိပါတယ်။

ဒီတစ်ခါ ဖော်ပြချင်တာလေးကတော့… တကယ့်ကို လေးစားဖွယ် ကောင်းတဲ့ ထီးချိုင်မြို့ နဲ့ တကောင်းမြို့က ဗုဒ္ဓဘာသာဝင် မြန်မာတွေ ပါပဲ…။
ထီးချိုင့်နဲ့ တကောင်းမှာ နံနက်စောစော နှင်းဝေဝေ ချမ်းအေး လှတဲ့ ရာသီမှာတောင် သံဃာတော်တွေဟာ ဆွမ်းခံ ကြွလေ့ ရှိပါတယ် …။

ဒီလို ကြွရာမှာလည်း သံဃာတော် အများကြီး စီတန်း ဆွမ်းခံ ကြွတာ ဖြစ်ပြီးတော့ စနစ်တကျနဲ့ တန်းစီပြီး မြို့ထဲမှာ ဆွမ်းခံကြွတာပါ….။ အဲဒီလို သံဃာတော်တွေ ဆွမ်းခံ ကြွလာပြီဆိုရင်

အဆိုပါ မြို့က လူတွေဟာ ဆွမ်းလောင်း လှူတာတွေ အပြင် သံဃာတော်တွေကို အန္တရာယ် မဖြစ်အောင်ရယ် ရိုသေသမှု ပြုတာတွေ ရယ်ကြောင့် သံဃာတော် တွေနားက ဘယ်ယာဉ်ကြီး ယာဉ်ငယ်မှာ ဖြတ်သန်း မောင်းနှံတာ

မပြုလုပ် ကြဘူးလို့ သိရပါတယ်။ ယာဉ်တွေ အကုန် ရပ်တန့် ပေးထား ကြတာပါ…။ ဒါ့အပြင် မြို့က လူတွေဟာ ယာဉ်ပေါ် ကနေဆင်းပြီးတော့ သံဃာတော် တွေကို ရိုသေရှိခိုး ကြည်ညို ကြပါသေးတယ်…။

စီတန်းပြီး ဆွမ်းခံကြွတဲ့ သံဃာတော်တွေ နောက်ဆုံးကိုယ်တော်က သူတို့နားက ဖြတ်သွားမှသာ မိမိ သွားလိုရာကို လူတွေက ဆက်သွား ကြတာပါ။ တကယ့်ကို လေးစားဖို့ ကောင်းတဲ့ မြို့သူ မြို့သား တွေပါပဲ။

ဒီလို လေးစား ချီးကျူးဖွယ်ရာ ဘာသာတရား ကိုင်းရှိုင်း မှုမျိုးကို ပရိသတ်ကြီး တို့လည်း သိနိုင်အောင် ခုလို ပြန်လည် မျှဝေရတာပါ …။ ပရိသတ် ကြီးတို့လည်း လေးစားဖို့ ကောင်းတဲ့ မြို့သူ မြို့သား တွေကို ချီးကျူး စကားလေးတွေ ပြောခဲ့ ကြပါအုံးနော်…။#Credit

Unicode

Leave a Reply

Your email address will not be published.