wgyi
အသားပေါင်းအိုးကို အငွေ့မထုတ်မိပဲ ထားမိလိုက်တဲ့ ဖြစ်ရပ်ဆိုး
အသားပေါင်းအိုးကို အငွေ့မထုတ်မိရာကစတဲ့ ဆိုးကျိုးကြီးပေါ့လေ…..
မိသားစုတွေ Hot Pot လုပ်စားကြမယ်ဆိုပြီး…
ဝက်နံရိုးတွေကို အသားပေါင်းအိုးသုံးမိရာက စတာပါပဲ..
ကိုယ့်ရဲ့ဗဟုသုတနဲမှုတွေ သတိမမူမှုတွေ အများကြီးပေါ့…
Meat နဲ့ ပေါင်းထားပြီး… Pressure 18 ကနေ 4 ဖြစ်တဲ့အချိန် ညီမဖြစ်သူက ဟင်းရည်နဲမှာစိုးလို့ဆိုပြီး အဖုံးဖွင့်ရာက ဖွင့်မရတဲ့အခါ …
မီး plug ဖြုတ်ပြီး မီးဖိုချောင်ကြမ်းပြင်မှာ ချပြီးဖွင့်တော့ အိမ်မှာ ရှိနေကြတာက ၄ ယောက် အဖေရယ် ကိုယ်ရယ် ညီမ ၂ ယောက်ရယ်..
အတူတူ ဓါးဦးနဲ့ ကလန့်ပြီးဖွင့်နေကြတာ.. ကိုယ်ကတော့ ဘယ်ရယ်မှန်းမသိ ရုတ်တရတ် ဟင်းရွက်ဆေးပြီးသား ဇကာလေး အပြင်သွားချနေတဲ့အချိန် ..
စက္ကန့်ပိုင်းလေးတင်ကို ဖြစ်ပျက်ကုန်တာကတော့… ဖုန်း ခနဲ အသံကြားလိုက်ရတယ် တစ်ဆက်တည်း ပူတယ် ပူတယ်ဆိုပြီး မီးဖိုခန်းမှာ ဆူညံပွက်လောရိုက်နေတော့ ပြေးကြည့်တဲ့အခါ…
မီးဖိုခန်းတစ်ခုလုံး ရေနွေးငွေ့တွေ မီးလောင်သလိုပဲ ဖုံးနေခဲ့တာပဲ ပေါင်းအိုးပွင့်တဲ့အချိန် ထပေါက်တာ…
အားလုံး ဖရိုဖရဲတွေနဲ့ ကိုယ်လည်း ဘာလုပ်ပေးရမှန်းမသိ ပြာယာခတ်ပြီး ငိုနေတော့ အဖေက ကိုယ့်ကို မျက်ရည်သုတ်ပေးပြီး သမီးမငိုနဲ့ သမီးငိုရင် အဖေ ပိုဆိုးတယ်တဲ့
ညီမဖြစ်သူကလည်း မမ ရတယ် ဘာမှမဖြစ်ဘူးတဲ့… ဝမ်းကွဲ ညီမလေးကတော့ ဘာမှကိုမပြောရှာဘူး ရုန်းရင်းဆန်ခတ်နဲ့ သွားတိုက်ဆေးတွေ ပွတ်နေကြတာ..
ကိုယ်လည်း အယောင်ယောင်အမှားမှားနဲ့ body lotion ဗူးကြီး သွားပေးသေးတာ… လေ့လာမှုနည်းတဲ့ အကျိုးတွေပေါ့…
အဲဒီလိုနဲ့ ဆေးရုံပြေးတဲ့အချိန်မှာကတည်းက ညီမဖြစ်သူက အရေပြားတွေ ကွာနေခဲ့ပြီ (သွားတိုက်ဆေးက ပိုဆိုးစေသတဲ့) နောက်ဆုံး အခုလို အခြေအနေနဲ့ အဖေရယ် ဝမ်းကွဲညီမလေးရယ်က ခြေထောက်တစ်ဖက်စီ ညီမအရင်းဖြစ်သူကတော့ မျက်နှာကလွဲရင် တစ်ကိုယ်လုံး နီးနီးပါပဲ…
မေ့ဆေးပေးပြီး operation ဝင်ခဲ့ရတယ်…
ပြောချင်တာက ဒီလိုအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို သေချာလေ့လာပြီးမှ သုံးပါ… အပူလောင်လျှင် အပူချိန်ကျအောင်သာ လုပ်ပါ…
ကိုယ်ချက်ပေးနေတဲ့အိုး ကိုယ်ဝင်ပေးနေတဲ့ မီးဖိုချောင်မှာ ကိုယ်ကမပါသွားပဲ ကံဖယ်ခဲ့တယ်ပဲ ပြောရမလားပဲ…
အဲဒီမြင်ကွင်းလည်း မျက်လုံးထဲက မထွက်ဘူး စိတ်လည်းတော်တော်မကောင်းဖြစ်ရပါတယ်… အဆိုးဆုံးခံရတဲ့ ညီမလေးတစ်ဖွဖွ ပြောနေတဲ့ စကားလေးက မမ မဖြစ်လို့တော်သေးတယ်တဲ့
အငွေ့မထုတ်မိတဲ့အိုးက တည်နေရင်း အလိုလို ထပေါက်မယ့်အဖြစ်ကနေဆိုတော့ အသက်ဘေးတော့ လွတ်ခဲ့ကြတာပေါ့လေ….
ကံကြမ္မာဆိုတာ… ကြိုမမြင်နိုင်ဘူးလေ….
အားလုံးပဲ သတိထားကြနိုင်ဖို့ သတိပေးပါရစေ….
Credit
Unicode
အသားပေါင်းအိုးကို အငွေ့မထုတ်မိပဲ ထားမိလိုက်တဲ့ ဖြစ်ရပ်ဆိုး
အသားပေါင်းအိုးကို အငွေ့မထုတ်မိရာကစတဲ့ ဆိုးကျိုးကြီးပေါ့လေ…..
မိသားစုတွေ Hot Pot လုပ်စားကြမယ်ဆိုပြီး…
ဝက်နံရိုးတွေကို အသားပေါင်းအိုးသုံးမိရာက စတာပါပဲ..
ကိုယ့်ရဲ့ဗဟုသုတနဲမှုတွေ သတိမမူမှုတွေ အများကြီးပေါ့…
Meat နဲ့ ပေါင်းထားပြီး… Pressure 18 ကနေ 4 ဖြစ်တဲ့အချိန် ညီမဖြစ်သူက ဟင်းရည်နဲမှာစိုးလို့ဆိုပြီး အဖုံးဖွင့်ရာက ဖွင့်မရတဲ့အခါ …
မီး plug ဖြုတ်ပြီး မီးဖိုချောင်ကြမ်းပြင်မှာ ချပြီးဖွင့်တော့ အိမ်မှာ ရှိနေကြတာက ၄ ယောက် အဖေရယ် ကိုယ်ရယ် ညီမ ၂ ယောက်ရယ်..
အတူတူ ဓါးဦးနဲ့ ကလန့်ပြီးဖွင့်နေကြတာ.. ကိုယ်ကတော့ ဘယ်ရယ်မှန်းမသိ ရုတ်တရတ် ဟင်းရွက်ဆေးပြီးသား ဇကာလေး အပြင်သွားချနေတဲ့အချိန် ..
စက္ကန့်ပိုင်းလေးတင်ကို ဖြစ်ပျက်ကုန်တာကတော့… ဖုန်း ခနဲ အသံကြားလိုက်ရတယ် တစ်ဆက်တည်း ပူတယ် ပူတယ်ဆိုပြီး မီးဖိုခန်းမှာ ဆူညံပွက်လောရိုက်နေတော့ ပြေးကြည့်တဲ့အခါ…
မီးဖိုခန်းတစ်ခုလုံး ရေနွေးငွေ့တွေ မီးလောင်သလိုပဲ ဖုံးနေခဲ့တာပဲ ပေါင်းအိုးပွင့်တဲ့အချိန် ထပေါက်တာ…အားလုံး ဖရိုဖရဲတွေနဲ့ ကိုယ်လည်း ဘာလုပ်ပေးရမှန်းမသိ ပြာယာခတ်ပြီး ငိုနေတော့ အဖေက ကိုယ့်ကို မျက်ရည်သုတ်ပေးပြီး သမီးမငိုနဲ့ သမီးငိုရင် အဖေ ပိုဆိုးတယ်တဲ့
ညီမဖြစ်သူကလည်း မမ ရတယ် ဘာမှမဖြစ်ဘူးတဲ့… ဝမ်းကွဲ ညီမလေးကတော့ ဘာမှကိုမပြောရှာဘူး ရုန်းရင်းဆန်ခတ်နဲ့ သွားတိုက်ဆေးတွေ ပွတ်နေကြတာ..
ကိုယ်လည်း အယောင်ယောင်အမှားမှားနဲ့ body lotion ဗူးကြီး သွားပေးသေးတာ… လေ့လာမှုနည်းတဲ့ အကျိုးတွေပေါ့…
အဲဒီလိုနဲ့ ဆေးရုံပြေးတဲ့အချိန်မှာကတည်းက ညီမဖြစ်သူက အရေပြားတွေ ကွာနေခဲ့ပြီ (သွားတိုက်ဆေးက ပိုဆိုးစေသတဲ့) နောက်ဆုံး အခုလို အခြေအနေနဲ့ အဖေရယ် ဝမ်းကွဲညီမလေးရယ်က ခြေထောက်တစ်ဖက်စီ ညီမအရင်းဖြစ်သူကတော့ မျက်နှာကလွဲရင် တစ်ကိုယ်လုံး နီးနီးပါပဲ…
မေ့ဆေးပေးပြီး operation ဝင်ခဲ့ရတယ်…ပြောချင်တာက ဒီလိုအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို သေချာလေ့လာပြီးမှ သုံးပါ… အပူလောင်လျှင် အပူချိန်ကျအောင်သာ လုပ်ပါ…
ကိုယ်ချက်ပေးနေတဲ့အိုး ကိုယ်ဝင်ပေးနေတဲ့ မီးဖိုချောင်မှာ ကိုယ်ကမပါသွားပဲ ကံဖယ်ခဲ့တယ်ပဲ ပြောရမလားပဲ…
အဲဒီမြင်ကွင်းလည်း မျက်လုံးထဲက မထွက်ဘူး စိတ်လည်းတော်တော်မကောင်းဖြစ်ရပါတယ်… အဆိုးဆုံးခံရတဲ့ ညီမလေးတစ်ဖွဖွ ပြောနေတဲ့ စကားလေးက မမ မဖြစ်လို့တော်သေးတယ်တဲ့
အငွေ့မထုတ်မိတဲ့အိုးက တည်နေရင်း အလိုလို ထပေါက်မယ့်အဖြစ်ကနေဆိုတော့ အသက်ဘေးတော့ လွတ်ခဲ့ကြတာပေါ့လေ….
ကံကြမ္မာဆိုတာ… ကြိုမမြင်နိုင်ဘူးလေ….အားလုံးပဲ သတိထားကြနိုင်ဖို့ သတိပေးပါရစေ….
Credit