(၂)လအရြယ္ သမီးေလးအပါအဝင္ မိသားစုရဲ့ စိတ္မေကာင္းစရာသတင္း

(၂)လအရြယ္ သမီးေလးအပါအဝင္ မိသားစုရဲ့ စိတ္မေကာင္းစရာသတင္း

ဖားကန႔္ၿမိဳ႕တြင္ မိသားစု ၃ ဦးစီးလာစဥ္ ေခ်ာက္ထဲက်ခဲ့တဲ့ အိမ္စီးကား ေရေအာက္ေပ ၃၀၀ ေက်ာ္မွာ ျပန္ေတြ႕

ဇြန္လ ၁၂ ရက္

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ရွိ ေအးျမသာယာေက်းရြာမွာ ဇြန္လ ၉ ရက္ေန႔က အိမ္စီးကား ၁ စီး ေျခာက္ထဲ ထိုးက်ခဲ့တဲ့ အိမ္စီးကားကို ၃ ရက္အၾကာမွာ ေရေအာက္ အနက္ေပ ၃၀၀ ေက်ာ္မွာ ျပန္ရွာေတြခဲ့တယ္လို႔ သိရပါတယ္။

၂ လသားအရြယ္ ကေလးကို ကားကြယ္ေဆးထိုးၿပီး ျပန္လာခ်ိန္မွာ ေက်ာက္စိမ္တူးတဲ့ လုပ္ကြက္အေဟာင္း ေျခာက္ထဲျပဳတ္က်ခဲ့လို႔ ေဒသခံပရဟိတအဖြဲ႕ေတြက ဝိုင္းရွာေပးခဲ့ၿပီး ၃ ရက္ေျမာက္တဲ့ေန႔မွာ ျပဳတ္က်ခဲ့တဲ့ ကားကို ဆယ္ယူနိုင္ ခဲ့တာလို႔ ေဒသခံတဦးက ေျပာပါတယ္။

ဒီေန႔ေတာ့ ကားျပန္ေတြ႕ၿပီ ညေနပိုင္းမွာ ဆယ္လိုက္နိုင္ၿပီေပါ့ေနာ္ လူေတြကေတာ့ မေတြ႕ေသးဘူး ဆက္ရွာ ေနတုန္းပါ ေသဖို႔ေတာ့ ေသခ်ာသေလာက္ျဖစ္သြားၿပီေပါ့ ၃ ရက္ရွိၿပီဆိုေတာ့ ကေလးအတြက္ေရာ လူႀကီးေတြ အတြက္ပါ စိတ္မေကာင္းဘူး လို႔ ေျပာပါတယ္

ကားထဲမွာ ၂ လသားအရြယ္ ကေလးအပါဝင္ အားလုံး ၃ ဦးလိုက္ပါလာတယ္လို႔ သိရွိထားၿပီး ၃ ဦးလုံးကို ကားထဲမွာမေတြ႕တာေၾကာင့္ ေဒသခံပရဟိ အသင္းအဖြဲ႕ေတြအေနနဲ႔ ဆက္လက္ရွာေဖြေပးေနတယ္လို႔ ဆိုပါတယ္

ဖားကန႔္ၿမိဳ႕နယ္ထဲက ေက်ာက္စိမ္းတူးတဲ့ လုပ္ကြက္အေဟာင္းေတြဟာ မိုးတြင္းဘက္ဆို ေရဝင္ေရာက္ခ်ိန္မွာ ေခ်ာင္းပုံစံမ်ိဳးျဖစ္သြားေလ့ရွိတယ္လို႔ သိရပါတယ္။ Crd- ဧရာဝတီတိုင္းမ္

ကားတြင္ ေမာ္ေမာင္းလယန္ အက်ိဳးတူ ကုမၸဏီမွ မန္ေနဂ်ာ အသက္ ၂၉ ႏွစ္အရြယ္ ကိုဒီးဒီး၊ အမ်ိဳးသမီးျဖစ္သူ အသက္ ၂၃ ႏွစ္အရြယ္ မနန္းဆိုသူႏွင့္ ႏွစ္လသားအရြယ္ သမီးတစ္ဦးပါဝင္ၿပီး ဇြန္လ ၉ ရက္ေန႔ နံနက္က ယာဥ္မေတာ္တဆမႈျဖစ္ကာ ေရကန္ထဲထိုးက်သြားျခင္းျဖစ္သည္

ဖားကန့်မြို့တွင် မိသားစု ၃ ဦးစီးလာစဉ် ချောက်ထဲကျခဲ့တဲ့ အိမ်စီးကား ရေအောက်ပေ ၃၀၀ ကျော်မှာ ပြန်တွေ့

ဇွန်လ ၁၂ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အေးမြသာယာကျေးရွာမှာ ဇွန်လ ၉ ရက်နေ့က အိမ်စီးကား ၁ စီး ခြောက်ထဲ ထိုးကျခဲ့တဲ့ အိမ်စီးကားကို ၃ ရက်အကြာမှာ ရေအောက် အနက်ပေ ၃၀၀ ကျော်မှာ ပြန်ရှာတွေခဲ့တယ်လို့ သိရပါတယ်။

၂ လသားအရွယ် ကလေးကို ကားကွယ်ဆေးထိုးပြီး ပြန်လာချိန်မှာ ကျောက်စိမ်တူးတဲ့ လုပ်ကွက်အဟောင်း ခြောက်ထဲပြုတ်ကျခဲ့လို့ ဒေသခံပရဟိတအဖွဲ့တွေက ဝိုင်းရှာပေးခဲ့ပြီး ၃ ရက်မြောက်တဲ့နေ့မှာ ပြုတ်ကျခဲ့တဲ့ ကားကို ဆယ်ယူနိုင် ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့တော့ ကားပြန်တွေ့ပြီ ညနေပိုင်းမှာ ဆယ်လိုက်နိုင်ပြီပေါ့နော် လူတွေကတော့ မတွေ့သေးဘူး ဆက်ရှာ နေတုန်းပါ သေဖို့တော့ သေချာသလောက်ဖြစ်သွားပြီပေါ့ ၃ ရက်ရှိပြီဆိုတော့ ကလေးအတွက်ရော လူကြီးတွေ အတွက်ပါ စိတ်မကောင်းဘူး လို့ ပြောပါတယ်

ကားထဲမှာ ၂ လသားအရွယ် ကလေးအပါဝင် အားလုံး ၃ ဦးလိုက်ပါလာတယ်လို့ သိရှိထားပြီး ၃ ဦးလုံးကို ကားထဲမှာမတွေ့တာကြောင့် ဒေသခံပရဟိ အသင်းအဖွဲ့တွေအနေနဲ့ ဆက်လက်ရှာဖွေပေးနေတယ်လို့ ဆိုပါတယ်

ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းတူးတဲ့ လုပ်ကွက်အဟောင်းတွေဟာ မိုးတွင်းဘက်ဆို ရေဝင်ရောက်ချိန်မှာ ချောင်းပုံစံမျိုးဖြစ်သွားလေ့ရှိတယ်လို့ သိရပါတယ်။ Crd- ဧရာဝတီတိုင်းမ်

ကားတွင် မော်မောင်းလယန် အကျိုးတူ ကုမ္ပဏီမှ မန်နေဂျာ အသက် ၂၉ နှစ်အရွယ် ကိုဒီးဒီး၊ အမျိုးသမီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မနန်းဆိုသူနှင့် နှစ်လသားအရွယ် သမီးတစ်ဦးပါဝင်ပြီး ဇွန်လ ၉ ရက်နေ့ နံနက်က ယာဉ်မတော်တဆမှုဖြစ်ကာ ရေကန်ထဲထိုးကျသွားခြင်းဖြစ်သည်


Leave a Reply

Your email address will not be published.