အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်။
အကြီးဆုံး Anaconda ဟာ အရှည် 33 ပေ ၊ သူ့ရဲ့ လုံးပတ်က 3 ပေ ရှိပြီး အလေးချိန် 880 ပေါင် ရှိပါတယ်။
ဒီမြွေကို ဘရာဇီးနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကံမကောင်းစွာဖြင့် မြွေကြီးဟာ အလုပ်သမားတွေ မြွေကိုမတွေ့မိချိန်မှာ ဖောက်ကွဲမှုကြောင့်
သေဆုံးခဲ့တာဖြစ်နိုင်သလို အလုပ်သမားတွေ သတ်ပစ်မိလိုက်တာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်
တွေ့ဖူးသမျှ အကြီးမားဆုံး အန်နာကွန်ဒါကြီးကို လူသားတွေ သတ်ပစ်လိုက်တာပါ။
ဒိလိုသတ်ပစ်လိုက်မိတာကြောင့် ဒီမြွေကြီးနဲ့ပတ်သက်သမျှကို Anaconda ပြင်ပအဖွဲ့အစည်းမှ
ကောင်းစွာ တိုင်းတားခြင်း သို့မဟုတ် မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
မြွေကြီးရဲ့ ဗီဒီယိုရှိပေမယ့်လည်း ဗီဒီယိုများဟာ ပြောင်းလဲနိုင်ပြီး အမြင်များကို ရှုပ်ထွေးစေနိုင်တာကြောင့်
သေချာတိုင်းတာလို့ မရနိုင်တာ သိရှိကြမှာပါ။ သင့်လျော်တဲ့ ကိုးကားချက် သို့မဟုတ်
အထောက်အထားမရှိဘဲ စံချိန်ချိုးနိုင်တဲ့ အန်နာကွန်ဒါများလို့ ယူဆရတဲ့ အခြား အစီရင်ခံစာများလည်း ရှိပါသေးတယ်။
တွေ့ရှိဖူးသမျှ အရှည်ဆုံး၊ အလေးဆုံးမြွေဟာ ၂၇.၇ ပေ၊ လုံးပတ် ၃ ပေရှိပြီး အလေးချိန် ပေါင် ၅၀၀ ကျော်ရှိကြောင်း
အခိုင်အမာဆိုထားပါတယ်။ လူတွေအနေနဲ့ အကြီးဆုံး အန်နာကွန်ဒါမြွေကို မဖမ်းမိနိုင်ဖို့နဲ့
မတိုင်းတာမိနိုင်ဖို့က ဖြစ်နိုင်ချေတော်တော်များပါတယ်။ ဒီလိုမြွေကြီးတွေကိုလည်း
စာဖတ်သူတို့အနေနဲ့ အပြင်မှာ တွေ့ရဖို့ဆိုတာ ရှားရှားပါးပါးပါပဲ။ ဒါပေမယ့်လည်း စာဖတ်သူတို့အတွက်
တွေ့ဖူးသမျှထဲမှာ အကြီးဆုံးအဖြစ် မြင်တွေရမယ့် ဒီမြွေကြီးရဲ့ရုပ်သံကို ဖော်ပြပေးလိုက်ပါတယ်။
Credit
unicode
Credit