“မန်နေဂျာ ကိုဒေါသ”
စက်ရုံကို မန်နေဂျာအသစ် ရောက်လာတယ်..
စိတ်မြန်ကိုယ်မြန်ရှိပြီး စည်ကမ်းကြီးတဲ့မန်နေဂျာလို့ လူသိများတယ်…
တစ်နေ့ တော့
အဲဒီမန်နေဂျာဟာ စက်ရုံထဲကဌာနတွေကို တစ်ခုပြီးတစ်ခု လှည့်လည်ကြည့်ရှုစစ်ဆေးနေတယ်…
ထုပ်ပိုးဌာန… ထုတ်လုပ်ရေးဌာန…ဈေးကွက်ဌာန… အဲ… ကံဆိုးချင်တော့
လုပ်သားနားနေခန်းထောင့်နားမှာ ငုတ်တုတ်ကြီးအိပ်ငိုက်နေတဲ့ လူတစ်ယောက်ကို မိပါလေရော..
ဘာပြောကောင်းမလဲ၊ မန်နေဂျာကိုဒေါသ ယမ်းပုံးမီးကျပေါ့…
အိပ်ငိုက်နေတဲ့လူကို သူကိုယ်တိုင်သွားနှိုးတယ်…
” ဟေ့ကောင် ဟေ့ကောင်! ထစမ်း အခု”
“ဗျာ..အင်း…အဲ”
“အောင်မာ အလုပ်ချိန်ကြီး အိပ်နေတယ်.. ငါလုပ်လိုက်ရ နာတော့မယ်”
“မဟုတ်…မဟုတ်ဘူးဆရာ’ ကျနော်ရှင်းပြ..ပြ”
“ဘာမှရှင်းပြမနေနဲ့ ငါကိုယ်တိုင်မြင်တာ မင်းလစာဘယ်လောက်ရလဲ ပြောစမ်း”
“သုံးထောင်ပါ”
“ရော့…ဒီမှာသုံးလစာ၊ ဒီနေ့ကစပြီး ဒီစက်ရုံကို မင်းလာစရာမလိုတော့ဘူး၊ ကြားလားဟေ့ကောင်”
သနားစရာပါဗျာ.ဟုတ်ကဲ့…ဟုတ်ကဲ့” ဆိုပြီး ဟိုလူလည်း ငွေကိုးထောင်လေးကိုင်လို့ ကုတ်ကုတ် ကုတ်ကုတ် နဲ့ ထွက်သွားရှာတယ်…
ဒေါသမပြေသေးတဲ့မန်နေဂျာက သူ့ကိုဝိုင်းကြည့်နေတဲ့ ၀န်ထမ်းတွေကို ဆက်ပြီးကြိမ်းမောင်းနေတယ်…
“ကျန်တဲ့ဝန်ထမ်းတွေလည်း သတိထား၊ ဒါနမူနာဘဲမှတ်”
ရှုးရှုးရှဲရှဲုနဲ့ ထွက်သွားမယ်လုပ်ပြီးမှ သတိရလို့ပြန်မေးတယ်….
“ဒါနဲ့… အဲဒီကောင်က ဘယ်ဌာနကတုန်း”
ဝန်ထမ်းတစ်ယောက်က ၀င်ဖြေတယ်…
“ဘယ်ဌာနကမှ မဟုတ်ဘူး၊ စမူဆာလာပို့တဲ့ကောင်”
“ငင့်…!😁😂😅
crd
unicode
ဒေါသကြီးလွန်းတဲ့ မန်နေဂျာ ကိုဒေါသ စမူဆာသည်လေးနဲ့ တွေ့သောအခါ…
“မန်နေဂျာ ကိုဒေါသ”
စက်ရုံကို မန်နေဂျာအသစ် ရောက်လာတယ်..
စိတ်မြန်ကိုယ်မြန်ရှိပြီး စည်ကမ်းကြီးတဲ့မန်နေဂျာလို့ လူသိများတယ်…
တစ်နေ့ တော့
အဲဒီမန်နေဂျာဟာ စက်ရုံထဲကဌာနတွေကို တစ်ခုပြီးတစ်ခု လှည့်လည်ကြည့်ရှုစစ်ဆေးနေတယ်…
ထုပ်ပိုးဌာန… ထုတ်လုပ်ရေးဌာန…ဈေးကွက်ဌာန… အဲ… ကံဆိုးချင်တော့
လုပ်သားနားနေခန်းထောင့်နားမှာ ငုတ်တုတ်ကြီးအိပ်ငိုက်နေတဲ့ လူတစ်ယောက်ကို မိပါလေရော..
ဘာပြောကောင်းမလဲ၊ မန်နေဂျာကိုဒေါသ ယမ်းပုံးမီးကျပေါ့…
အိပ်ငိုက်နေတဲ့လူကို သူကိုယ်တိုင်သွားနှိုးတယ်…
” ဟေ့ကောင် ဟေ့ကောင်! ထစမ်း အခု”
“ဗျာ..အင်း…အဲ”
“အောင်မာ အလုပ်ချိန်ကြီး အိပ်နေတယ်.. ငါလုပ်လိုက်ရ နာတော့မယ်”
“မဟုတ်…မဟုတ်ဘူးဆရာ’ ကျနော်ရှင်းပြ..ပြ”
“ဘာမှရှင်းပြမနေနဲ့ ငါကိုယ်တိုင်မြင်တာ မင်းလစာဘယ်လောက်ရလဲ ပြောစမ်း”
“သုံးထောင်ပါ”
“ရော့…ဒီမှာသုံးလစာ၊ ဒီနေ့ကစပြီး ဒီစက်ရုံကို မင်းလာစရာမလိုတော့ဘူး၊ ကြားလားဟေ့ကောင်”
သနားစရာပါဗျာ.ဟုတ်ကဲ့…ဟုတ်ကဲ့” ဆိုပြီး ဟိုလူလည်း ငွေကိုးထောင်လေးကိုင်လို့ ကုတ်ကုတ် ကုတ်ကုတ် နဲ့ ထွက်သွားရှာတယ်…
ဒေါသမပြေသေးတဲ့မန်နေဂျာက သူ့ကိုဝိုင်းကြည့်နေတဲ့ ဝန်ထမ်းတွေကို ဆက်ပြီးကြိမ်းမောင်းနေတယ်…
“ကျန်တဲ့ဝန်ထမ်းတွေလည်း သတိထား၊ ဒါနမူနာဘဲမှတ်”
ရှုးရှုးရှဲရှဲုနဲ့ ထွက်သွားမယ်လုပ်ပြီးမှ သတိရလို့ပြန်မေးတယ်….
“ဒါနဲ့… အဲဒီကောင်က ဘယ်ဌာနကတုန်း”
ဝန်ထမ်းတစ်ယောက်က ဝင်ဖြေတယ်…