ငွေကြေး အဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more

ငွေကြေး အဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more

Zawgyi

ငွေကြေး အဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more





 

Unicode

ငွေကြေး အဆင်မပေး၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more

ငွေကြေးအဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသား တစ်ဦး မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ညနေပိုင်းက တောင်ငူမြို့ မှာ ဖြစ်သွားခဲ့ပါတယ် ။

ကြိုးဆွဲချ သေဆုံးသူမှာ တောင်ငူမြို့ ( ၁၃ )ရပ်ကွက်၊ကျန်းမာရေးလမ်းနေ ဦးမျိုးဝင်း ( ၄၉ )နှစ် ၊( ဘ ) ဦးထွန်းရီ ဆိုသူဖြစ်ကြောင်းသိရပါတယ် ။သေဆုံးသူဟာ ၎င်း၏ နေအိမ်ဘုရားခန်းရှေ့ရှိ ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ

လျှပ်စစ်ဝါယာကြိုးဖြင့် မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။သေဆုံးသူ ဦးမျိုးဝင်းသည် ငွေကြေး အဆင်မပြေဖြစ်ကာ စိတ်ညစ်ပြီး ယခုလို ကြိုးဆွဲချ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း

ဇနီးဖြစ်သူ၏ ပြောပြချက်အရသိရပါတယ်။သေဆုံးသူနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ရဲတပ်ဖွဲ့မှ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရပါတယ် ။


Leave a Reply

Your email address will not be published.