စီးပြားေရးေမာင္းႏွင္အား ဖြံ့ၿဖိဳးေအာင္လုပ္မယ္ စက္သုံးဆီနဲ႔ လၽွပ္စစ္ကိုေခၽြတာသုံးပါလို႔ စစ္ေကာင္စီ ဥကၠဌေျပာ

စီးပြားေရးေမာင္းႏွင္အား ဖြံ့ၿဖိဳးေအာင္လုပ္မယ္ စက္သုံးဆီနဲ႔ လၽွပ္စစ္ကိုေခၽြတာသုံးပါလို႔ စစ္ေကာင္စီ ဥကၠဌေျပာ

စီးပြားေရးေမာင္းႏွင္အား ဖြံ့ၿဖိဳးေအာင္လုပ္မယ္ စက္သုံးဆီနဲ႔ လၽွပ္စစ္ကိုေခၽြတာသုံးပါလို႔ စစ္ေကာင္စီ ဥကၠဌေျပာ

ဇြန္လ ၁၀

စီးပြားေရးေမာင္းႏွင္အားကိုဖြံ့ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္သြားမွာျဖစ္ၿပီး ျပည္သူေတြ စက္သုံးဆီနဲ႔ လၽွပ္စစ္ဓာတ္အားကို ၿခိဳးၿခံေခၽြတာ သုံးၾကပါလို႔ စစ္ေကာင္စီ ဥကၠဌက ေျပာၾကားလိုက္ပါတယ္။

စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က စီးပြားေရးေမာင္းႏွင္အားသည္ တိုင္းျပည္အတြက္ အဓိကက်တာေၾကာင့္ၿမိဳ႕နယ္စီးပြားေရးမွ ခရိုင္စီးပြားေရး

၎မွေဒသ အဆင့္၊၎မွနိုင္ငံေတာ္အဆင့္အထိ စီးပြားေရးေကာင္းမြန္ေအာင္ ေဆာင္ရြက္ရမယ္လို႔ ရန္ကုန္တိုင္းအစိုးရ႐ုံးမွာ ဌာနဆိုင္ရာေတြနဲ႔ေတြ႕ဆုံစဥ္မွာ ေျပာခဲ့တာ ပါ။

လၽွပ္စစ္ဓာတ္အားမ်ားကိုလည္း ေခၽြတာသုံးစြဲၾကရန္လိုၿပီး စက္သုံးဆီသုံးစြဲမႈမ်ားကိုလည္း ၿခိဳးၿခံေခၽြတာၾကရန္လိုတယ္လို႔ ဆိုပါတယ္။

လက္ရွိ ရန္ကုန္ၿမိဳ႕ေနျပည္သူမ်ား စားေရးအဆင္ေျပမႈရွိေစရန္အတြက္ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တို႔မွ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ား ေဆာင္ရြက္၍ ေရာင္းခ်ေပးလ်က္ရွိတယ္လို႔လည္းဆိုပါတယ္။

ေဒသတြင္းစားေရးဖူလုံေအာင္ ေဆာင္ရြက္နိုင္မည္ဆိုပါက ေဒသတြင္းေရာင္းဝယ္မႈမ်ား ေကာင္းမြန္လာၿပီး စီးပြားေရးေကာင္းမြန္လာမည္ျဖစ္သလို နိုင္ငံတစ္ခုအေနျဖင့္လည္း ျပင္မွဝယ္ယူသုံးစြဲျခင္းထက္ နိုင္ငံအတြင္း ကုန္ထုတ္လုပ္မႈမ်ားေဆာင္ရြက္၍ ျဖည့္ဆည္းေဆာင္ရြက္မည္ဆိုပါက နိုင္ငံျခားေငြသုံးစြဲမႈမ်ားကို ေလၽွာ့ခ်နိုင္မယ္ဆိုၿပီး ေျပာပါတယ္။ Crd- ျမန္မာ့ပလက္ေဖာင္း

စီးပွားရေးမောင်းနှင်အား ဖွံ့ဖြိုးအောင်လုပ်မယ် စက်သုံးဆီနဲ့ လျှပ်စစ်ကိုချွေတာသုံးပါလို့ စစ်ကောင်စီ ဥက္ကဌပြော

ဇွန်လ ၁၀

စီးပွားရေးမောင်းနှင်အားကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေ စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အားကို ခြိုးခြံချွေတာ သုံးကြပါလို့ စစ်ကောင်စီ ဥက္ကဌက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီးပွားရေးမောင်းနှင်အားသည် တိုင်းပြည်အတွက် အဓိကကျတာကြောင့်မြို့နယ်စီးပွားရေးမှ ခရိုင်စီးပွားရေး

၎င်းမှဒေသ အဆင့်၊၎င်းမှနိုင်ငံတော်အဆင့်အထိ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရမယ်လို့ ရန်ကုန်တိုင်းအစိုးရရုံးမှာ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံစဉ်မှာ ပြောခဲ့တာ ပါ။

လျှပ်စစ်ဓာတ်အားများကိုလည်း ချွေတာသုံးစွဲကြရန်လိုပြီး စက်သုံးဆီသုံးစွဲမှုများကိုလည်း ခြိုးခြံချွေတာကြရန်လိုတယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့နေပြည်သူများ စားရေးအဆင်ပြေမှုရှိစေရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်၍ ရောင်းချပေးလျက်ရှိတယ်လို့လည်းဆိုပါတယ်။

ဒေသတွင်းစားရေးဖူလုံအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းရောင်းဝယ်မှုများ ကောင်းမွန်လာပြီး စီးပွားရေးကောင်းမွန်လာမည်ဖြစ်သလို နိုင်ငံတစ်ခုအနေဖြင့်လည်း ပြင်မှဝယ်ယူသုံးစွဲခြင်းထက် နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုများဆောင်ရွက်၍ ဖြည့်ဆည်းဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မယ်ဆိုပြီး ပြောပါတယ်။ Crd- မြန်မာ့ပလက်ဖောင်း


Leave a Reply

Your email address will not be published.