ေဆာင္းေဘာက္အသံက်ယ္သည့္ကိစၥမေက်နပ္၍ တူျဖစ္သူက ဦးေလးလင္မယားကို… See more

ေဆာင္းေဘာက္အသံက်ယ္သည့္ကိစၥမေက်နပ္၍ တူျဖစ္သူက ဦးေလးလင္မယားကို… See more

Zawgyi

ေဆာင္းေဘာက္အသံက်ယ္သည့္ကိစၥမေက်နပ္၍ တူျဖစ္သူက ဦးေလးလင္မယားကို… See more

သန္လ်င္ၿမိဳ႕နယ္တြင္ ေဆာင္းေဘာက္အသံက်ယ္က်ယ္ဖြင့္သည့္ကိစၥမေက်နပ္သျဖင့္ တူေတာ္စပ္သူက ဦးေလးလင္မယားကိုဓားႏွင့္ထိုးရာက တစ္ဦးေသ တစ္ဦးဒဏ္ရာရရွိမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။ယမန္ေန့ ည ၁၁ နာရီခြဲအခ်ိန္ခန႔္တြင္

သန္လ်င္ၿမိဳ႕နယ္ ဘုရားကုန္းေက်း႐ြာအုပ္စုေန ေဒၚစန္းဝင္း ေနအိမ္တြင္ခင္ပြန္းျဖစ္သူ႔ ဦးေအာင္ေက်ာ္စိုး(၃၉)ႏွစ္ႏွင့္ အတူေဆာင္းေဘာတ္အေသးျဖင့္သီးခ်င္းဖြင့္ေနစဥ္ ေနအိမ္ေခါင္းရင္းဘက္ခန္းတြင္ေနသည့္ ခင္ပြန္းျဖစ္သူဦးေအာင္ေက်ာ္စိုး၏တူျဖစ္သူေအးမင္းႏိုင္(၃၆)ႏွစ္မွ

အရက္ေသစာေသာက္စားမူးယစ္၍ေနအိမ္ေရွ႕လမ္းမေပၚသို႔ေရာက္ရွိလာၿပီးေနာက္ ေအးမင္းႏိုင္က “က်ဳပ္သမီးေနမေကာင္းျဖစ္ေနတယ္ေဆာင္းေဘာက္တိုးတိုးဖြင့္”ဟုေအာ္ဟစ္ေျပာဆိုခဲ့သည္။၎တို႔ လင္မယား ၂ ဦးက ေအးမင္းႏိုင္ထံသြားေရာက္ၿပီး “ငါမသိလို႔”ဟု ျပန္လည္ေျပာဆိုစဥ္

ေအးမင္းႏိုင္က အ႐ိုးအသြား( ၆)လက္မခန႔္ရွိႏွစ္ဖက္သြားပါဓားဦးခြၽန္ျဖင့္ခင္ပြန္းျဖစ္သူ၏ရင္ဘက္အားလွမ္းထိုးလိုက္စဥ္ခင္ပြန္းျဖစ္သူမွာ လဲက်သြားခဲ့သည္။ေဒၚစန္းဝင္းက ေအးမင္းႏိုင္၏ ယာဘက္လက္ေမာင္းကို ဆြဲကိုင္ၿပီး

” နင္ဘာလုပ္လိုက္တာလဲ ”ဟု ေျပာဆိုစဥ္ ၎က “ခင္ဗ်ား အသာေနစမ္းပါ”ဟုေျပာဆိုကာ ဓါးဦးခြၽန္ျဖင့္ေဝွ႔ရမ္းထိုး၍ထြက္ေျပးသြားခဲ့သည္။ဓါးျဖင့္ထိုးမႈေၾကာင့္ ေဒၚစန္းဝင္း၏ဝဲဘက္လက္ခြၾကားတြင္ျပတ္ရွဒဏ္ရာရရွိခဲ့သည္။ခင္ပြန္းဦးေအာင္ေက်ာ္စိုးတြင္ ရင္ၫႊန႔္တည့္တည့္ထိုးသြင္းဒဏ္ရာရရွိကာ

သန္လ်င္ျပည္သူ႔ေဆး႐ုံႀကီးတြင္အတြင္းလူနာ(စိုးရိမ္ရ)အျဖစ္ကုသမႈခဲ့ရသေသာေၾကာင့္ ေအးမင္းႏိုင္ကို အေရးယူေပးရန္ တိုင္ၾကားခဲ့သည္။သန္လ်င္ၿမိဳ႕မရဲစခန္းက ပုဒ္မ-၃၂၄/၃၂၆အရအမႈေရးဖြင့္ အေရးယူခဲ့သည္။

 

Unicode

ဆောင်းဘောက်အသံကျယ်သည့်ကိစ္စမကျေနပ်၍ တူဖြစ်သူက ဦးလေးလင်မယားကို… See more

သန်လျင်မြို့နယ်တွင် ဆောင်းဘောက်အသံကျယ်ကျယ်ဖွင့်သည့်ကိစ္စမကျေနပ်သဖြင့် တူတော်စပ်သူက ဦးလေးလင်မယားကိုဓားနှင့်ထိုးရာက တစ်ဦးသေ တစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။ယမန်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်

သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုနေ ဒေါ်စန်းဝင်း နေအိမ်တွင်ခင်ပွန်းဖြစ်သူ့ ဦးအောင်ကျော်စိုး(၃၉)နှစ်နှင့် အတူဆောင်းဘောတ်အသေးဖြင့်သီးချင်းဖွင့်နေစဉ် နေအိမ်ခေါင်းရင်းဘက်ခန်းတွင်နေသည့် ခင်ပွန်းဖြစ်သူဦးအောင်ကျော်စိုး၏တူဖြစ်သူအေးမင်းနိုင်(၃၆)နှစ်မှ

အရက်သေစာသောက်စားမူးယစ်၍နေအိမ်ရှေ့လမ်းမပေါ်သို့ရောက်ရှိလာပြီးနောက် အေးမင်းနိုင်က “ကျုပ်သမီးနေမကောင်းဖြစ်နေတယ်ဆောင်းဘောက်တိုးတိုးဖွင့်”ဟုအော်ဟစ်ပြောဆိုခဲ့သည်။၎င်းတို့ လင်မယား ၂ ဦးက အေးမင်းနိုင်ထံသွားရောက်ပြီး “ငါမသိလို့”ဟု ပြန်လည်ပြောဆိုစဉ်

အေးမင်းနိုင်က အရိုးအသွား( ၆)လက်မခန့်ရှိနှစ်ဖက်သွားပါဓားဦးချွန်ဖြင့်ခင်ပွန်းဖြစ်သူ၏ရင်ဘက်အားလှမ်းထိုးလိုက်စဉ်ခင်ပွန်းဖြစ်သူမှာ လဲကျသွားခဲ့သည်။ဒေါ်စန်းဝင်းက အေးမင်းနိုင်၏ ယာဘက်လက်မောင်းကို ဆွဲကိုင်ပြီး

” နင်ဘာလုပ်လိုက်တာလဲ ”ဟု ပြောဆိုစဉ် ၎င်းက “ခင်ဗျား အသာနေစမ်းပါ”ဟုပြောဆိုကာ ဓါးဦးချွန်ဖြင့်ဝှေ့ရမ်းထိုး၍ထွက်ပြေးသွားခဲ့သည်။ဓါးဖြင့်ထိုးမှုကြောင့် ဒေါ်စန်းဝင်း၏ဝဲဘက်လက်ခွကြားတွင်ပြတ်ရှဒဏ်ရာရရှိခဲ့သည်။ခင်ပွန်းဦးအောင်ကျော်စိုးတွင် ရင်ညွှန့်တည့်တည့်ထိုးသွင်းဒဏ်ရာရရှိကာ

သန်လျင်ပြည်သူ့ဆေးရုံကြီးတွင်အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်ကုသမှုခဲ့ရသသောကြောင့် အေးမင်းနိုင်ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။သန်လျင်မြို့မရဲစခန်းက ပုဒ်မ-၃၂၄/၃၂၆အရအမှုရေးဖွင့် အရေးယူခဲ့သည်။


Leave a Reply

Your email address will not be published.