Zawgyi
ထမင်းချက်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများကြရာမှ ယာတဲပေါ်တွင် ယောင်္ကျားအချင်းချင်း… see more
မိတ္ထီလာမြို့နယ်တွင် ထမင်းချက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်စဉ် လည်ပင်းကို ဓားဖြင့် လှီးသတ်ခဲ့သူအား ယနေ့မှာ ဖမ်းဆီးအရေးယူထားသည်။ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်
မိတ္ထီလာမြို့နယ်၊မြောက်လည်အုပ်စု၊ ကြိုးစုကျေးရွာ ယာစောင့်တဲ၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။အဆိုပါယာစောင့်တဲတွင် တောင်ယာလုပ်ကိုင်သူ ကိုမာခင်(၅၅)နှစ်၌
လည်ပင်းဓားလှီးဒဏ်ရာရရှိကာ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ယာစောင့်တဲရှိတန်းလျားကိုမှီလျက်အနေအထားဖြင့်ထိုင်လျက် သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
ယာနီးချင်းနေထိုင်သူ ခင်မောင်တင့်နှင့်မာခင်တို့သည် ထမင်းချက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ခဲ့စဉ် ခင်မောင်တင့်က
မာခင်၏လည်ပင်းအား ဓားဖြင့်လှီးဖြတ်ခဲ့ကြောင်း သေဆုံးသူမာခင်၏ဇနီး ဒေါ်ဝင်းက သက်ဆိုင်ရာထံ ပြောပြကာတိုင်ကြားခဲ့သည်။
မိတ္ထီလာမြို့မရဲစခန်းကပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ အလည်ရွာရဲကင်းစခန်းမှူး ရဲအုပ်စောရွှေမောင်က ပြစ်မှုကျူးလွန်သူ ခင်မောင်တင့်(၃၅)နှစ်ကို နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးခဲ့သည်။အခင်းဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် အရိုးအသွား ၁၂ လက်မခန့် ဓားဦးချွန်တစ်ချောင်းကို သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။
Credit Original writer
Unicode
ထမင်းချက်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများကြရာမှ ယာတဲပေါ်တွင် ယောင်္ကျားအချင်းချင်း… see more
မိတ္ထီလာမြို့နယ်တွင် ထမင်းချက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်စဉ် လည်ပင်းကို ဓားဖြင့် လှီးသတ်ခဲ့သူအား ယနေ့မှာ ဖမ်းဆီးအရေးယူထားသည်။ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်
မိတ္ထီလာမြို့နယ်၊မြောက်လည်အုပ်စု၊ ကြိုးစုကျေးရွာ ယာစောင့်တဲ၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။အဆိုပါယာစောင့်တဲတွင် တောင်ယာလုပ်ကိုင်သူ ကိုမာခင်(၅၅)နှစ်၌
လည်ပင်းဓားလှီးဒဏ်ရာရရှိကာ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ယာစောင့်တဲရှိတန်းလျားကိုမှီလျက်အနေအထားဖြင့်ထိုင်လျက် သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
ယာနီးချင်းနေထိုင်သူ ခင်မောင်တင့်နှင့်မာခင်တို့သည် ထမင်းချက်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ခဲ့စဉ် ခင်မောင်တင့်က
မာခင်၏လည်ပင်းအား ဓားဖြင့်လှီးဖြတ်ခဲ့ကြောင်း သေဆုံးသူမာခင်၏ဇနီး ဒေါ်ဝင်းက သက်ဆိုင်ရာထံ ပြောပြကာတိုင်ကြားခဲ့သည်။
မိတ္ထီလာမြို့မရဲစခန်းကပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ အလည်ရွာရဲကင်းစခန်းမှူး ရဲအုပ်စောရွှေမောင်က ပြစ်မှုကျူးလွန်သူ ခင်မောင်တင့်(၃၅)နှစ်ကို နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးခဲ့သည်။
အခင်းဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် အရိုးအသွား ၁၂ လက်မခန့် ဓားဦးချွန်တစ်ချောင်းကို သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။
Credit Original writer