Zawgyi
ဖခင်က ရည်းစားထားသည့် သမီးကို အနေထိုင်အသွားလာဆင်ခြင်ရန် ပြောဆိုရာမှ စကားများကြပြီး ဒေါသထွက်ကာ…see more
ပုသိမ်မြို့တွင် ဖခင်ဖြစ်သူက ရည်းစားထားသည့်သမီးကိုပြောဆိုဆုံးမရာမှ ဒေါသထွက်ကာ
သမီးဖြစ်သူအားဓားဖြင့်ထိုးခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့မှသိရသည်။ဖြစ်စဉ်မှာ ပုသိမ်မြို့ ဆေးရုံကြီးတွင် အမျိုးသမီးတစ်ဦး ဝမ်းဗိုက်တွင်
ထိုးသွင်းဒဏ်ရာ ဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ရဲအုပ်ထွန်းထွန်းဝင်းနှင့်အဖွဲ့က သွားရောက်ကြည့်ရှုခဲ့သည်။ဒဏ်ရာရရှိသူမှာ ဥမ္မာဒန္တီ (၇)လမ်းနေ မမိုးသန္တာအေး(၂၃)နှစ် ဖြစ်ပြီး
ဖခင်ဖြစ်သူနှင့် စကားများကြရာမှ ဖခင်က ဓါးဖြင့်ထိုးကြောင်းသိရ၍ အရေးယူပေးရန် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မင်းမင်းထွန်း ကတိုင်ကြားခဲ့သည်။ပုသိမ်နယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ကာ ဦးတင်မြင့်(၅၁) နှစ်ကိုစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၎င်း၏သမီးဖြစ်သူသည် ကောင်လေးတစ်ယောက်နှင့်အတူတွဲသွားလာနေခြင်းအပေါ်မကြိုက်ကြောင်း၊ အနေထိုင်အသွားလာဆင်ခြင်ရန် ပြောဆိုဆုံးမရာက
အပြန်အလှန်ပြောဆိုစကားများခဲ့ပြီး ဒေါသထွက်ကာ အနီးရှိ ဓါးနှင့်ခြောက်လှန့်ရင်း သမီးဖြစ်သူ၏ဝမ်းဗိုက်ကို မတော်တဆထိုးမိကြောင်းဝန်ခံထွက်ဆိုခဲ့သည်။
Unicode
ဖခင်က ရည်းစားထားသည့် သမီးကို အနေထိုင်အသွားလာဆင်ခြင်ရန် ပြောဆိုရာမှ စကားများကြပြီး ဒေါသထွက်ကာ…see more