Zawgyi
အိပ်နေသည့် မိန်းကလေးကို အိမ်နီးချင်း ဖြစ်သူက မိဘများမှခေါ်ခိုင်း၍ဟုဆိုကာ ခေါ်သွားပြီးနောက်တွင်… See more
ဒဂုံဆိပ်ကမ်းမြို့နယ်၌ နေအိမ်တွင် အိပ်နေသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို မိဘများခေါ်ခိုင်းသည်ဟု ပြောဆိုကာ အိမ်နီးချင်းက လိမ်လည်ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့ သည်ဆိုမှုကို အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
ယမန်နေ့ည ၇ နာရီခွဲအချိန်ခန့်တွင် ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ၆၀ ရပ်ကွက်နေ အသက် ၄၇ နှစ်အရွယ် တိုင်တန်းသူအမျိုးသမီးသည် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို နေအိမ်တွင် ထားခဲ့ပြီး အလုပ်သို့ ထွက်လာခဲ့သည်။
ထို့နောက် ၎င်းနေအိမ်သို့ အိမ်နီးချင်းဖြစ်သူ မူသီး(ခ)မောင်သန်း(၂၄ နှစ်) ရောက်လာပြီး အိပ်ပျော်နေသည့် သမီးဖြစ်သူအား မိဘများက ခေါ်ခိုင်းသည်ဟုဆိုကာ လှုပ်နှိုး ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ထို့နောက် ဆိပ်ကမ်းမြို့နယ်(၆၀)ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေးရှိ ချုံပုတ်အနီးသို့ အရောက်
မူးသီး(ခ)မောင်သန်းက သမီးဖြစ်သူကို သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ၆၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ရွှေလီလမ်းဘေး၌ ထားကာ ထွက်သွားခဲ့သည်။တိုင်ကြားသူက အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် သမီးဖြစ်သူက အကျိုးအကြောင်း ပြောပြသိရသည်ဆိုကာ
ညနေ ၄ နာရီ ၁၅ တွင် သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက် အမှုဖွင့်တိုင်ကြားခဲ့သည်။ဒဂုံ(ဆိပ်ကမ်း)ရဲစခန်းက ဥပဒေပုဒ်မ ၃၇၆/ ၃၆၃ အရ မူးသီး (ခ) မောင်သန်းအား ဖမ်းဆီး၍ ဆက်လက်စစ်ဆေးလျက်ရှိသည်။
Unicode
အိပ်နေသည့် မိန်းကလေးကို အိမ်နီးချင်း ဖြစ်သူက မိဘများမှခေါ်ခိုင်း၍ဟုဆိုကာ ခေါ်သွားပြီးနောက်တွင်… See more