ဘယ်လောက်ပဲ ခက်ခဲနေပါစေ တော်လှန်ရေးအတွက် ကြိုးစားနေတယ်ဆိုတဲ့ လူရွှင်တော် ပိုးလေး
ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။လူရွှင်တော် ပိုးလေး ကတော့ ဘယ်လောက်ပဲခက်ခဲနေပါစေ တကယ်လိုအပ်တဲ့နေရာတွေကို ရိက္ခာတွေရောက်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ” အမှန်က ကျွန်တော်ရေမကူးတက်ဘူး ဒါပေမယ့် တကယ်လိုအပ်တဲ့နေရာကို ရိက္ခာတွေ ရောက်ဖို့ ရေစီးသန်တဲ့ မြစ်ကိုလည်း ကျွန်တော် ဖြတ်သန်းခဲ့ရတယ်….” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ လူရွှင်တော် ပိုးလေး ကတော့ ရေမကူးတတ်ပေမယ့်လဲ ရေစီးသန်တဲ့မြစ်ကိုဖြတ်ပြီး ဘဝတူရဲဘော်တွေအတွက် ရိက္ခာတွေကို ရောက်အောင်ပို့ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။တော်လှန်ရေးစိတ်ဓာတ်ပြည့်ဝတဲ့ လူရွှင်တော် ပိုးလေး အတွက် ချီးကျူးစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။
Unicode

Credit – Original Writer