

Zawgyi





 

 




 

Unicode

ဘေးအိမ်မှ (၇၀)အရွယ်ဦးလေးကြီးမှ တူမတော်စပ်သူအား ငါးရှာသွားရအောင်ဟုပြောလာ၍ မိဘများမှစေလွတ်ရာ… see more

မင်းလှမြို့နယ်တွင် (၇) နှစ်အရွယ်မိန်းကလေးကို (၇၀) နှစ်အရွယ်ဆွေမျိုးမကင်းသူအမျိုးသားက သားမယားပြုကျင့်ရန် အကြိမ်ကြိမ် ကြံစည်ခဲ့သည်ဆိုမှုကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

နံနက် ၉ နာရီအချိန်တွင် မင်းလှမြို့နယ်နေ အသက် (၄၂)နှစ်အရွယ်အမျိုးသားက၎င်း ၏ အသက် (၇)နှစ်အရွယ် သမီးဖြစ်သူကို တစ်ရွာတည်းနေ ဦးညိုမြ(၇၀)နှစ်က သားမယားအဖြစ်ပြုကျင့်ရန်အကြိမ်ကြိမ်ကြံစည်ခဲ့ကြောင်း သတင်းပေးတိုင်ကြားချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

တရားလိုမိသားစုနေအိမ်သို့ တရားလိုမိသားစုနှင့်ဆွေမျိုးအရင်းအခြာတော်စပ်သူဦးညိုမြသည် အလည်ရောက်ရှိခဲ့သည်။နောက်တစ်နေ့ နေ့လည်ပိုင်းတွင်ငါးရှာသွားမည်ဟု ဆိုကာ တရားလို၏ (၇)နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ဆောင်သွားခဲ့သည်ဟုဆိုသည်။ ကလေးမိဘများကလည်း ဆွေမျိုးတော်စပ်သူဖြစ်၍ ယုံကြည်ကာ

ထို့သို့ခေါ်ဆောင်သွားခြင်းကို မတားဆီးခဲ့ဟုဆိုသည်။ ထို့နောက် နေအိမ်ဝန်း၏တောင်ဘက်အနီးရှိပဲစိမ်းငုံခင်းထဲတွင် သမီးငယ်အား သားမယားပြုကျင့်ရန် (၁)ကြိမ်ကြိုးစားခဲ့ကြောင်းသိရသည်။ အလားတူ အရင်လအတွင်းကလည်း ကလေးမိဘများနေအိမ်မရှိခိုက် ဆူးပုတ်ခူးပေးမည်ဟုပြောဆိုပြီး ကလေးငယ်ကို၎င်း၏နေအိမ်သို့ ခေါ်ဆောင်ပြီး အိပ်ယာပေါ်တွင်အိပ်ခိုင်း၍ သားမယားပြုကျင့်ရန်ကြိုးစားခဲ့ကြောင်းလည်းသိရသည်။

အဆိုပါကိစ္စများကို မိဘများထံတိုင်တန်းပြောဆိုပါကရိုက်မည်ဟု ဦးညိုမြက ကလေးငယ်ကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။ဦးညိုမြက ငါးရှာသွားမည်ဟုဆိုကာ သမီးငယ်ကိုထပ်မံခေါ်ဆောင်ရာ သမီးဖြစ်သူမှမလိုက်လိုကြောင်းခါးခါးသီးသီးငြင်းရာမှ မိဘများကမသင်္ကာ၍

သမီးငယ်အားချော့မော့မေးမြန်းရာမှ ဦးညိုမြက သမီးငယ်အားသားမယားပြုကျင့်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်းပြောပြသိခဲ့ရသည်။ထို့နောက်လူမှုရေးအရ ဦးညိုမြ၏သားသမီးနှင့်သက်သေအချို့က ယခုဖြစ်စဉ်အား မတိုင်တန်းရန် မြေကွက်ပေးမည်ဟု လာရောက် ပြောဆိုညှိနှိုင်းကြသော်လည်း ကလေးမိဘများကလက်မခံပဲ ရဲတပ်ဖွဲ့သို တိုင်ကြားခဲ့သည်။


Leave a Reply

Your email address will not be published.